ဩဂုတ်လ တရုတ်ပြည် ကားအသစ် ရောင်းအား ပြန်လည်မြင့်တက် 


ဩဂုတ်လ တရုတ်ပြည် ကားအသစ် ရောင်းအား ပြန်လည်မြင့်တက် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံတွင် အိမ်စီးကားအသစ် ရောင်းအားသည် သြဂုတ်လတွင် ပြန်လည် ကြီးထွားလာခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးသည် ကြီးထွားနှုန်း အားပျော့နေဆဲ ဖြစ်သော်လည်း အိမ်စီးကားမော်ဒယ်များကို ဈေးချ ရောင်းချကြခြင်း၊ စွမ်းအင်သစ်ကားများအတွက် အခွန်သက်သာခွင့် ပေးထားခြင်းတို့ကြောင့် ရောင်းအားမြင့်တက်သည်ဟု ယူဆရသည်။

တရုတ်နိုင်ငံမှာ ဩဂုတ်လတွင် အိမ်စီးကားအသစ်  အစီးရေ ၁.၀၄ သန်း ရောင်းချခဲ့သည်ဟု တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association (CPCA) က သောကြာနေ့(စက်တင်ဘာလ ၈) တွင် အချက်အလက်များ ထုတ်ပြန်သည်။ 
ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပထမ ၈ လတာအတွင်း အိမ်စီးကားအသစ် စီးရေ ၁၃.၃၈ သန်း ရောင်းချခဲ့သည်။ 

တရုတ်ပြည်တွင်း အီးဗီဈေးကွက်တွင် Tesla ၏ ဈေးကွက်ဝေစုသည် ဇူလိုင်လတွင် ၇.၅% ရရှိခဲ့ပြီး ဩဂုတ်လတွင် ၁၃.၂% ရရှိသဖြင့် နီးဆနီးပါး မြင့်တက်ခဲ့သည်။ 
Tesla သည် တရုတ်ပြည်တွင် ဩဂုတ်လမှာ ၆၄,၆၉၄ စီး ရောင်းချခဲ့သည်။ တရုတ်ပြည်ဖြစ်  Model Y  သည် အရောင်းရဆုံး မော်ဒယ်ဖြစ်သည်။ 

တရုတ်ပြည်တွင်း ဈေးကွက်တွင် အိမ်စီကား ဝယ်လိုအားထက် ထုတ်လုပ်သည့်ကားစီးရေ ပိုလျှံနေသဖြင့် ကားလုပ်ငန်းများသည် ပြည်ပဈေးကွက်များသို့ တိုးချဲ့နေကြသည်။ သို့ဖြစ်ရာ ပြည်ပတင်ပို့သည့် အိမ်စီးကားစီးရေ တစ်လလက် တစ်လ ပိုများလာနေသည်။ 

တရုတ်ပြည်တွင်း ရောင်းအားတွင် စွမ်းအင်သစ် မော်တော်ယာဉ်များ new energy vehicles (NEVs) ရောင်းအား မြင့်တက်နေသည်။ စုစုပေါင်း ရောင်းအား၏ ၃၆.၉% သည် NEV ရောင်းအား ဖြစ်သည်။ 

 

Source Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1213 times