BYD က လျှပ်စစ်စစ်စစ်နှင့် ပလပ်ထိုးနှစ်မျိုးစပ် ကားများကိုသာ ထုတ်လုပ်တော့မည်
တရုတ်နိုင်ငံညလျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းများထဲမှာ ရောင်းရစီးရေအရ အကြီးမားဆုံး လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) ထုတ်လုပ်ရေးလုပ်ငန်း BYD Co Ltd က အင်ဂျင် သုံးစွဲတဲ့ မော်တော်ယာဉ် ထုတ်လုပ်မှုများ ရပ်ဆိုင်းပြီး အပြည့်အဝလျှပ်စစ်ကားစစ်စစ်များနှင့် ပလပ်ထိုး ဘက်ထရီ အင်ဂျင် နှစ်မျိုးစပ် ဟိုင်းဘရစ်ကားများကိုသာ ထုတ်လုပ်တော့မယ်လို့ ကြေညာပါတယ်။
"အနာဂတ်မှာ BYD က လျှပ်စစ်ကားစစ်စစ်နှင့်ပလပ်ထိုးဟိုင်းဘရစ်များကိုသာ မော်တော်ယာဉ်ကဏ္ဍမှာ လုပ်ကိုင်ပါမယ်" လို့ ဟောင်ကောင် စတော့အိပ်ချိန်းသို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ အသိပေးထားပါတယ်။
အရွယ်အစား အငယ်စားဖြစ်ပြီး ဆီစားသက်သာတဲ့ ဓာတ်ဆီအင်ဂျင် ထုတ်လုပ်မှုများကိုတော့ နှစ်မျိုးစပ်ဟိုင်းဘရစ် ကားမော်ဒယ်များအတွက် ဆက်လက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အတွင်းမီးလောင် ပေါက်ကွဲအင်ဂျင် သုံးစွဲတဲ့ မော်တော်ယာဉ် ထုတ်လုပ်မှုများ ၂၀၄၀ ခုနှစ် နောက်ဆုံးထားပြီး ရပ်ဆိုင်းမယ့် ကမ္ဘာ့လှုပ်ရှားမှုအတွက် လက်မှတ်ရေးထိုးပြီး ကတိကဝတ်ပြုထားတဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း ၆ ခုမှာ BYD က Volvo, Ford, General Motors, Mercedes-Benz နှင့် Jaguar Land Rover တို့နှင့်အတူ ပါဝင်ပါတယ်။
စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicles (NEV) ၁၀၄,၈၇၈ စီးကို ၂၀၂၂ မတ်လမှာ ရောင်းချခဲ့ပါတယ်။ အီးဗီစစ်စစ် ၅၃,၆၄၄ စီး၊ ပလပ်ထိုး ဟိုင်းဘရစ် ၅၀,၆၇၄ စီး၊ လုပ်ငန်းသုံး NEV ၅၄၀ စီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။