တရုတ်ကားလုပ်ငန်းများက ရုရှားကားထုတ်လုပ်ရေး အသက်ပြန်သွင်းပေး


တရုတ်ကားလုပ်ငန်းများက ရုရှားကားထုတ်လုပ်ရေး အသက်ပြန်သွင်းပေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဆိုဗီယက် ပြည်ထောင်စုခေတ် ဂန္ထဝင်ကား Moskvich ကို နိုင်ငံပိုင်လုပ်ငန်းက အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူထားသည့်ကြားမှ ၂၀၂၂  နိုဝင်ဘာလတွင် ပြန်လည်ထုတ်လုပ်နိုင်ခဲ့သည်။
၎င်း Moskvich ထုတ်လုပ်သည့် စက်ရုံမှာ ပြင်သစ်နိုင်ငံမှ Renault က ရုရှားမှ ထွက်ခွာသည့်အခါ ၁ ရူဘယ်($0.01) ဖြင့် ရောင်းချခဲ့သည့် စက်ရုံဖြစ်သည်။ 


Renault  က ရုရှားမှ လုပ်ငန်းကဏ္ဍအကုန်လုံးကို ၂ ရူဘယ် ဖြင့် ရောင်းချ
https://www.automobiledirectory.com.mm/article/renault-sells-russia-business.html



အနောက်နိုင်ငံမှ အစဉ်အလာရှိသည့် ကားလုပ်ငန်းများ ရုရှားမှ ထွက်ခွာကုန်သဖြင့် ရုရှား မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍ နိဂုံးချုပ်ပြီဟု ထင်ကြေးပေးခဲ့ကြသည်။
လစ်ဟာသွားသောနေရာကို တရုတ်ကားလုပ်ငန်းများက နေရာဝင်ယူလိုက်သည်။ ရုရှား မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍ ဆက်လက် ရှင်သန်နေပြီး ဂန္ထဝင် Moskvich ကို ပြန်လည် ထုတ်လုပ်နိုင်စေခဲ့သည်။

ရုရှားမြို့တော် မော်စကို တောင်ပိုင်းရှိ ကြီးကြီးမားမား ကားစက်ရုံကြီး Moscow Automobile Factory Moskvich မှ ထုတ်လုပ်သည်။ ဆိုဗီယက်ပြည်ထောင်စုခေတ်ကာလက လေးထောင့်ပုံး ဘီးလေးဘီး တပ်ထားသည့် ဒီဇိုင်းမျိုး မဟုတ်တော့ချေ။


 

Moskvich 3 SUV

 


တသွေးတမွေး တင့်တယ်နေသော တံခါး ၄ ပေါက် Moskvich 3 SUV မော်ဒယ်တွင် အင်ဂျင်ပိုင်းနှင့် ကူရှင်များသည် တရုတ်နိုင်ငံမှ အရှေ့ပိုင်း Anhui ပြည်နယ်ရှိ ကားလုပ်ငန်း JAC Motors ထံမှ ဖြစ်သည်။ 
အကယ်စင်စစ် JAC Sehol X4 မော်ဒယ်ကို အစိတ်အပိုင်းများအနေဖြင့် ဝယ်ယူတင်သွင်းပြီး တပ်ဆင်ထုတ်လုပ်ကာ Moskvich 3 ဟု တံဆိပ် ကပ်ထားခြင်းဖြစ်သည်။

 

JAC Sehol X4

 

JAC က တပ်ဆင်ထုန်လုပါရန် အသင့်အနေအထား အဆင့်အထိ တရုတ်ပြည်တွင် ထုတ်လုပ်ပြီး ရုရှားသို့ ပေးပို့လိုက်သည် မော်စကို စက်ရုံကြီးတွင် Moskvich 3 နှင့် Moskvich 3e မော်ဒယ် ၂ မျိုးအဖြစ် တပ်ဆင်ထုတ်လုပ်ပေးလိုက်သည်။
၂၀၂၄ နှစ်ဆန်းပိုင်းကျမှ ဂဟေဆော်ခြင်းနှင့် ကိုယ်ထည် ဆေးစိမ်ဆေးမှုတ် စတင်လုပ်ဆောင်မည်။ ထို့ပြင် ရုရှားပြည်တွင်းမှ ရနိုင်မည့် အစိတ်အပိုင်းများကို ထည့်သုံးပေးမည်။

ရုရှားကားဈေးကွက်တွင် ယခင်က အနောက်တိုင်း ကားကုမ္ပဏီများ ကြီးစိုးခဲ့သည်။ ယခုအခါ တင်သွင်းသည့် ကားများတွင် ၄၉% သည် တရုတ်ကားများ ဖြစ်သည်။ ဇွန်လတွင် အစီးရေ ၄ သောင်းကျော်ကို တရုတ်ပြည်မှ တင်ပို့ခဲ့သည်။ စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဘီလီယံကျော်သည်။
၂၀၂၃ ဇန်နဝါရီလမှ ဇွန်လအထိ ကန်ဒေါ်လာ ၄.၆ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

ထို့ပြင် ယခင်က Renault နှင့် Nissan ကားစက်ရုံများတွင် တရုတ်ကားလုပ်ငန်းများက ကားများတပ်ဆင်ထုတ်လုပ်ပြီး ရောင်းချကြသည်။

ရုရှားမှ ယခင်က ဂျပန်၊ ဥရောပနှင့် အမေရိကန်တို့မှ ကားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် စက်ရုံ ၈ ရုံကို ယခုအခါ တရုတ်ကားလုပ်ငန်းများက လုပ်ကိုင်လျက် ရှိသည်။ ၎င်းစက်ရုံ ၆ ရုံ စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းမှာ စီးရေ ၆ သိန်း ဝန်းကျင်ဖြစ်သည်။ လက်ရှိတွင် အင်ပြည့်အားပြည့် လည်ပတ်နိုင်ခြင်း မရှိသေးချေ။

၂၀၂၁ တွင် ရုရှားပြည်တွင်းမှာ အစီးရေ ၁.၄ သန်း ထုတ်လုပ်ခဲ့သည်။ ကားဈေးကွက်တွင် ပြည်တွင်းထုတ်လုပ်သည့်ကားများက ဈေးကွက်ဝေစု ၇၀-၇၅% ရရှိသည်။
၂၀၂၂ တွင် ရုရှားပြည်တွင်းမှာ အစီးရေ ၄ သိန်းခွဲသာ ထုတ်လုပ်ခဲ့သည်။ ဈေးကွက်ဝေစု ၄၀% မပြည့်ချေ။

ရုရှားပြည်တွင်း ကားထုတ်လုပ်မှု ပြန်လည်မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ 

Mercedes-Benz ၏ စက်ရုံကို ဝယ်ယူထားသည့် ပြည်တွင်းကားလုပ်ငန်း Avtodom သည် ပရီမီယံ အတန်းအစား ကားများ ထုတ်လုပ်ရန် တရုတ်ကားလုပ်ငန်း တစ်ခုနှင့် စီစဉ်နေသည်။

Great Wall Motor သည် Haval အမှတ်တံဆိပ် ကားများကို ရုရှားနိုင်ငံမှ ၎င်း၏ ကားစက်ရုံ Tula တွင် တပ်ဆင်ထုတ်လုပ်ပြီး ရောင်းချလျက်ရှိရာ ဈေးကွက်ဝေစု ၁၀% နီးပါး ရရှိထားသည်။


ရုရှားကားထုတ်လုပ်သူ Sollers က ၎င်းသည် ယခင်က Ford Transit ဗင်များကို ထုတ်လုပ်သည့်  Tatarstan စက်ရုံတွင် Atlant နှင့် Argo ဗင်ကားများ စတင်ထုတ်လုပ်ခဲ့ကြောင်း နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။
၎င်းဗင်မော်ဒယ်များသည် JAC ၏ Sunray N25 နှင့် N35 တို့ကို တံဆိပ်ပြောင်းတပ်ပေးထားခြင်း ဖြစ်သည်။ တံဆိပ်မှ လွှဲလျှင် ကျန်တာအားလုံး တထေရာတည်း အတူတူ ဖြစ်သည်။

ဖေဖော်ဝါရီတွင် Nissan ၏ St Petersburg စက်ရုံကို ဝယ်ယူခဲ့သည့် ရုရှားထိပ်တန်း ကားထုတ်လုပ်သူ Avtovaz သည် ၎င်း၏ Lada X-Cross 5 မော်ဒယ်ကို စတင်ထုတ်လုပ်ခဲ့သည်။ X-Cross 5 သည် တရုတ်နိုင်ငံမှ FAW Group ၏ Bestune T77 SUV အငယ်စားကို တံဆိပ်ပြောင်းတပ်ထားသည့် မော်ဒယ် ဖြစ်သည်။ 

ယမန်နှစ်က ရပ်ထားရသော ကားစက်ရုံများ ယခုအခါ ပြန်လည် လည်ပတ်နေကြပြီ ဖြစ်သည်။
တရုတ်ကားမော်ဒယ်များကို ရုရှားတံဆိပ်တပ်ပြီး ထုတ်လုပ်လျက်ရှိသည်။ 

Source finance yahoo 
 

Read 454 times