တရုတ်အီးဗီ အလှုပ်အရွေ့များ


တရုတ်အီးဗီ အလှုပ်အရွေ့များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

•BYD  Fang Cheng Bao က ပထမဆုံးမော်ဒယ် ပွဲထုတ်
•CATL အီးဗီဘက်ထရီအသစ် ShenXing မိတ်ဆက်
•Tesla  Model 3 Highland အမှာစာ စတင်လက်ခံ
• Geely Auto Geometry E Firefly စတင်ရောင်းချ
•  Changan Automobile ထိုင်းမှာ စက်ရုံဆောက်မည်


 

Fang Cheng Bao Leopard 5

BYD ရဲ့ အမှတ်တံဆိပ်အသစ် Fang Cheng Bao က ပထမဆုံး မော်ဒယ် Fang Cheng Bao Leopard 5 ကို စတင်ရောင်းချပါတယ်။
အလတ်အလယ် အရွယ်အစား အကြမ်းခံ SUV ဖြစ်ပြီး BYD ရဲ့ ဟိုက်ဘရစ် စနစ်အသစ် DM-O ဟိုက်ဘရစ်စနစ် သုံးထားပါတယ်။
ပါဝါ 500kW ကျော်အထိ ထုတ်ပေးနိုင်ပြီး ခရီးတာ 1,200km အထိ သွားနိုင်ပါတယ်။
ဈေးနှုန်းက ယွမ် ၄ သိန်းမှ ၆ သိန်းအထိ (54,850 USD – 82,250 USD) ဖြစ်ပါတယ်။
ကြိုတင်မှာကြားထားသူများထံ ယခုနှစ်အတွင်း  ကားပို့ပေးမယ်လို့ ဆိုပါတယ်။
 Source NetEase Auto

 


Contemporary Amperex Technology Co., Limited (CATL) က ဘက်ထရီ အမျိုးအစားအသစ်  ShenXing Super Charging Battery ကို တရားဝင် ထုတ်ဖော်ပြသခဲ့ပါတယ်။
ကမ္ဘာ့ပထမဆုံး လစ်သီယမ် သံ ဖော့စဖိတ် 4C supercharging ဘက်ထရီ ဖြစ်ပါတယ်။ 
ShenXing Super Charging Battery ကို ခရီးတာ ၄၀၀ ကီလိုမီတာအတွက်  ၁၀ မိနစ်ဖြင့် အားသွင်းပေးနိုင်တယ်လို့ CATL က ဆိုပါတယ်။ အားအပြည့်ဆိုရင် ကီလိုမီတာ ၇၀၀ ကျော်အထိ ရမယ်လို့ ဆိုပါတယ်။
Source Beijing News

 

Geometry E Firefly


Geely Auto ရဲ့  Geometry E Firefly စတင် ရောင်းချပါတယ်။ မော်ဒယ် ၃ မျိုး ထုတ်လုပ်ပါတယ်။ ဈေးနှုန်းများမှာ ယွမ် ၆၉,၈၀၀ မှ ၈၉,၈၀၀ အထိ (9,550 – 12,300 USD) ဖြစ်ပါတယ်။ 
 Source  Smart Electric Travel

 

ထိုင်းနိုင်ငံ ရင်းနှီးမြုပ်နှံမှုဘုတ်အဖွဲ့ (BOI) မှ ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ Changan Automobile က ထိုင်းနိုင်ငံမှာ လျှပ်စစ်နှင့် ဟိုက်ဘရစ် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံ တည်ထောင်ရန် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လျှောက်လွှာကို တင်သွင်းခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုမှာ ထိုင်းဘတ်ငွေ ၈ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၂၅၀ ခန့်) ဖြစ်ပါတယ်။ 
ကနဦးမှာ တစ်နှစ်လျှင် အစီးရေ ၁ သိန်းအထိ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီးဗီ ၊ ဟိုက်ဘရစ် ကားစက်ရုံ ဖြစ်ပါတယ်။
Source  CNC

 

Tesla Model 3 Highland


 Tesla က တရုတ်ပြည်မှာ အတိအလင်း ကြေညာခြင်း မပြုသေးဘဲ Model 3 Highland အတွက် အမှာစာများ စတင်လက်ခံပါတယ်။ အမှာစာအတွက် ကားတစ်စီးလျှင် စရံ ယွမ် ၁,၀၀၀ (140 USD) ပေးသွင်းရပါတယ်။ 
 Source IT Home


 

Read 659 times