Compass Auto မှ နှစ်ခုမြောက် Isuzu Showroom ကို အလုံမြို့နယ်ရှိ Sakura Business Tower တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
Compass Auto မှ ပထမဆုံး Isuzu Car Showroom ကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန် တိုးချဲ့(၁)တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဒုတိယမြောက် အရောင်းပြခန်းအဖြစ် ထပ်မံဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။
Compass Auto မှ နှစ်ခုမြောက် ဖွင့်လှစ်ခဲ့သည့် Isuzu Showroom တွင် Brand New ကားသစ်များဖြစ်သည့် Isuzu Dmax Single Cab ကို အမေရိကန်ဒေါ်လာ ၂၀,၂၆၅၊ Isuzu Dmax Extra Cab ကို အမေရိကန်ဒေါ်လာ ၂၆,၇၇၅၊ Isuzu Dmax Double Cab ကို အမေရိကန်ဒေါ်လာ ၃၉,၃၇၅ နှင့် Truck အမျိုးအစားဖြစ်သည့် QKR(10FT) ကို အမေရိကန်ဒေါ်လာ ၁၉,၈၀၀၊ QKR(10FT) ကို အမေရိကန်ဒေါ်လာ ၂၀,၄၀၀ တို့ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
Isuzu Compass Auto မှ ရောင်းချသည့်ကားများကို လက်ငင်းစနစ်အပြင် အရစ်ကျစနစ်ဖြင့် ကနဦး ၃၀ ရာခိုင်နှုန်း ပေးသွင်း၍ ငါးနှစ်အထိ အရစ်ကျဝယ်ယူနိုင်ပြီး အာမခံအဖြစ် Pick-up ကားများကို သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း၊ Truck ကားများကို ၂ နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရပါတယ်။