Cybertruck ၏ တမူထူးခြားသည့် စတီးကိုယ်ထည် သတ္တုသားကို သတ္တုအသစ် ဟုအမည်ပေး


Cybertruck ၏ တမူထူးခြားသည့် စတီးကိုယ်ထည် သတ္တုသားကို သတ္တုအသစ် ဟုအမည်ပေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tesla ၏ Cybertruck သည် တစ်ဖက်အစွန်းအထိ ရောက်ရှိသည့် ကားမော်ဒယ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်မှုကို စတင်တော့မည်ဖြစ်သည်။
Cybertruck တွင် သုံးစွဲသည့် ပြင်ပသံမဏိကိုယ်ထည်ကို Tesla မှ မူပိုင်ခွင့်တင်ထားပြီး Tesla ၏တည်ထောင်သူနှင့် စီအီးအို ဖြစ်သူ Elon Musk က ၎င်းသံမဏိသားအား "သတ္တုအသစ်"  “New Mrtal” ဟု ခေါ်ဝေါ်သည်။


 

 

ယနေ့ထုတ်လုပ်သော ကားအများစုသည် အလူမီနီယမ်၊ ပလတ်စတစ်နှင့် အခြားလူသုံးများသော ပစ္စည်းများကို ပြင်ပကိုယ်ထည်အတွက် အသုံးပြုကြသည်။ Cybertruck က တစ်မူထူးခြားသည်။ Cybertruck ကိုယ်ထည်ကို  stainless steel သတ္တုစပ်ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။
အလွန်မာကြောသော သတ္တုစပ်ဖြစ်သည်။
ပုံမှန်အားဖြင့် သတ္တုပြားကို အပူပေးထားစဉ်မှာ ဖိပုံသွန်းကြသည်။
'သတ္တုအသစ်'ကို အပူမပေးဘဲ ဖိပုံသွန်းထားသည်။ ထိုသို့ ပုံသွန်းသဖြင့် အချိန်ကုန် သက်သာစေသည်။ ပွန်းစားခြင်းကို ခံနိုင်ရည် ရှိသည်။ တောင့်တင်းသည်။ ဈေးသက်သာသည်။
 SpaceX ၏ Starship အာကာသယာဉ်အခွံတွင် သုံးစွဲသည့် သတ္တုသားမျိုးကို Cybertruck တွင် သုံးစွဲထားခြင်းဖြစ်သည်ဟု အီလွန်မတ်စ်က ပြောကြားသည်။
 ၎င်းစတီးသား ကိုယ်ထည်ကို အပြင်ဘက် အခွံမာအဖြစ် အသုံးပြုထားသည်။ ကားအတွင်းမှာ ရှိနေသူကို အခွံမာဖြင့် ကာကွယ်ပေးထားမည်ဟု သူက ဆိုသည်။

ယခုအခါ Cybertruck  ကို လမ်းများပေါ်တွင် လက်တွေ့ စမ်းသပ်မောင်းနှင်မှုများ ဆောင်ရွက်လျက် ရှိပါသည်။ 

 

Source thedriven
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 220 times