Cybertruck ကို ၂၀၂၃ ကျမှ စရောင်းမည်ဟု Elon Musk  ပြောကြား


Cybertruck ကို ၂၀၂၃ ကျမှ စရောင်းမည်ဟု Elon Musk  ပြောကြား


Cybertruck ကို ၂၀၁၉ မှာ ကြေညာခဲ့ပြီး ၂၀၂၁ မှာ စတင်ထုတ်လုပ်ဖို့ လျာထားကြောင်း ပြောကြားခဲ့ပါတယ်။ နှောင့်နှေးကြန့်ကြာနေခဲ့ပြီး ၂၀၂၂ နှစ်ဆန်းအထိ ထုတ်လုပ်မယ့် အစီအစဉ်ကို ကြေညာခြင်းမပြုခဲ့ပါဘူး။ Cybertruck ထုတ်လုပ်မှု ဖျက်သိမ်းလိုက်ပြီး ကြိုတင်အမှာစာ ငွေပြန်အမ်းမယ့်အကြောင်း သတင်း ထွက်ပေါ်ခဲ့ပါတယ်။ 
ယခု Tesla ရဲ့ Giga Texas စက်ရုံဖွင့်ပွဲမှာ Elon Musk က Cybertruck ကို လာမယ့်နှစ် ၂၀၂၃ မှာ ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။
Cybertruck ရဲ့ နောက်ဆုံးဒီဇိုင်းပုံစံကိုလည်း ပြသခဲ့ပါတယ်။ ယခင်ပြသခဲ့တဲ့ ဒီဇိုင်းအဟောင်းနှင့် ဆင်တင်တူပါတယ်။ ကွဲလွဲချက်က တံခါးတွေမှာ တံခါးကို ဆွဲဖွင့်ဖို့ လက်ကိုင် မပါတော့တာ ဖြစ်ပါတယ်။ ကားက တံခါးဖွင့်ပေးရမှာကို တစ်နည်းနည်းဖြင့်သိပြီး တံခါးကို ဖွင့်ပေးလိမ့်မယ်လို့ ယူဆရပါတယ်။
Elon Musk က နှောင့်နှေးကြန့်ကြာနေတာအတွက် တောင်းပန်စကား ဆိုပါတယ်။ 

 

 

Tesla က ၂၀၂၃ မှာ Cybertruck အပြင် လုပ်ငန်းသုံး ထရပ်ကား Tesla Semi EV ကိုလည်း စတင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
Tesla Semi EV ကိုလည်း ၂၀၁၉ မှာ ထုတ်လုပ်မယ်လို့ ပြောခဲ့ပြီး ယခု ၂၀၂၂ အထိ မထုတ်လုပ်ဖြစ်သေးဘဲ ၂၀၂၃ ခုနှစ်သို့ ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။
 Tesla ရဲ့  Optimus humanoid robot ကိုလည်း ၂၀၂၃ မှာ စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။
 
 ၂၀၂၃ မှာ Tesla က ထုတ်ကုန်အသစ် တပြုံတမ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
 

Read 703 times