ဘီး ၁၀ ဘီးပါ ကမ္ဘာ့အကြီးဆုံး SUV ကား Dhabiyan ကိုဒူဘိုင်းစော်ဘွား Sheikh AI Nahyan ဖန်တီးတည်ဆောက်


ငွေကြေးချမ်းသာသော ဒူဘိုင်းစော်ဘွား Sheikh AI Nahyan သည် အမျိုးအစားမတူသည့် ကားအစိတ်အပိုင်းများ ပေါင်းစပ်ကာ ဘီး ၁၀ ဘီး ပါသည့် ကမ္ဘာ့အကြီးဆုံး SUV ကား Dhabiyan ကို ဖန်တီးတည်ဆောက်ခဲ့ကြောင်း The Sun သတင်းဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့ပါတယ်။

Dhabiyan အတွက် အောက်ခံဖရိန်ကို Oshkosh M1075 စစ်သုံးထရပ်ကားမှ အသုံးပြုထားပြီး ကားခေါင်းခန်းအဖြစ် Jeep Wrangler ၊ နောက်ဘမ်ပါအဖြစ် Dodge Dart နှင့် Ford ရှေ့မီးကြီးတို့ကို ပေါင်းစပ်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

Dhabiyan မှာ အရှည် ၁၀ ဒသမ ၈ မီတာ ၊ ဗြက် ၂ ဒသမ ၅ မီတာ ၊ အမြင့် ၃ ဒသမ ၂ မီတာရှိပြီး စုစုပေါင်းအလေးချိန် ၁၄ တန်ခန့်ရှိကာ မြင်းကောင်ရေ ခြောက်ရာအား ဆလင်ဒါခြောက်လုံးထိုး 15.2 L ဒီဇယ်အင်ဂျင်တပ်ထားကြောင်းသိရပါတယ်။ Sheikh AI Nahyan သည် လက်ရှိအချိန်တွင် Dhabiyan အပြင် သူစုဆောင်းထားသည့် Supercar ၊ Offroader နှင့် Classic ကားမိုဒယ်များကို ယူအေအီးနိုင်ငံ ၊ Sharijah ရှိ သမိုင်းပြတိုက်၌ ခင်းကျင်းပြသထားပါတယ်။

Source;Automobile Journal

Read 567 times