ထက်ဝက်ဈေးသက်သာမည့် မျိုးဆက်သစ် အီးဗီပလက်ဖောင်းလာမည်ဟု အီလွန်မတ်စ် ပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla အင်ဂျင်နီယာအဖွဲ့က Model 3/ModelY ပလက်ဖောင်းရဲ့ ထက်ဝက်စျေးသက်သာသော မျိုးဆက်သစ် လျှပ်စစ်ကားပလက်ဖောင်းကို အာရုံစိုက်လုပ်ေဆာင်ေနကြောင်း Elon Musk က ကြေညာခဲ့ပါတယ်။
Tesla က စျေးသက်သာတဲ့ လျှပ်စစ်ကားများကို ထုတ်လုပ်ရန် ပြောဆိုနေခဲ့တာ နှစ်အတော်ကြာပါပြီ။ လက်တေွ့မှာတော့ ငွေဖောင်းပွမှု၊ လျှပ်စစ်ကား ဝယ်လိုအား မြင့်မားနေခြင်းတို့ကြောင့် ဈေးနှုန်းတွေ မြင့်တက်ပါတယ်။
Tesla က ယခင်က ကန်ဒေါ်လာ ၂၅,၀၀၀ တန် လျှပ်စစ်ကားကို ထုတ်လုပ်ပေးနိုင်မယ့် မျိုးဆက်သစ် ပလက်ဖောင်းအကြောင်း ပြောဆိုခဲ့ပါတယ်။
စီအီးအို Elon Musk က စျေးသက်သာသော ကားမော်ဒယ်ကို ၂၀၂၃ တွင် Tesla ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့ Optimus လူတူရိုဘော့နှင့် Model Y ထုတ်လုပ်မှု မြှင့်တင်ရေးတို့ကို စူးစိုက်လုပ်ကိုင်နေခဲ့လို့ ဈေးသက်သာတဲ့ လျှပ်စစ်ကားကို အကောင်အထည် မဖော်ဖြစ်ပါဘူး။ ပင်ကိုမောင်းနှင်နိုင်စွမ်းရည် မြှင့်တင်ရေးကိုလည်း အာရုံစိုက်ခဲ့ပါတယ်။
.
၂၀၂၂ တတိယ၃လပတ်အတွက် ဘဏ္ဍားရေးရလဒ်များ တင်ပြတဲ့ ညီလာခံမှာ Musk က စျေးသက်သာသော ကားမော်ဒယ် ထုတ်လုပ်ရန် အစီအစဉ် ထားရှိဆဲ ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။
စျေးသက်သာသော လျှပ်စစ်ကားများကို ထုတ်လုပ်ပေးနိုင်မယ့် မျိုးဆက်သစ် အီးဗီ ပလက်ဖောင်းကို တီထွင်ရန် အင်ဂျင်နီယာများက လုပ်ဆောင်နေကြောင်း သူက ပြောကြားပါတယ်။
"မော်တော်ယာဉ် အသစ် ဖွံ့ဖြိုးရေးအဖွဲ့က Cybertrucks နှင့် Semi ထရပ်တို့ကို လုပ်ကိုင်ပြီးသွားပါပြီ။ ဒီတော့ မျိုးဆက်သစ် မော်တော်ယာဉ်ကို လုပ်ကိုင်နေပါတယ်။ အဲဒီအတွက် ပလက်ဖောင်းက Model 3 နှင့် Y ပလက်ဖောင်းကုန်ကျစရိတ်တစ်ဝက်ခန့်ဖြစ်နိုင်ပါတယ်" လို့ Musk က ပြောကြားပါတယ်။
Model 3 က လက်ရှိမှာ $47,000 ဖြစ်ပါတယ်။ ဒီတော့ ခန့်မှန်းခြေအားဖြင့် $25,000 ~ $35,000 ရောင်းဈေးဖြစ်မယ့် လျှပ်စစ်ကားမော်ဒယ်အတွက် ပလက်ဖောင်းကို ဖန်တီးနေကြတာ ဖြစ်ပါတယ်။
ပလပ်ဖောင်းအသစ်ဖြင့် ထုတ်လုပ်မယ့် မော်ဒယ်စီးရေက Tesla အခြားကားမော်ဒယ်များ ထုတ်လုပ်တဲ့ စုစုပေါင်း စီးရေထက် ပိုများပါလိမ့်မယ်လို့ Musk က ပြောကြားပါတယ်။
"ကျွန်တော်တို့ မော်ဒယ် S, X, 3, Y, Cybertruck နှင့် Semi တို့မှ သင်ယူခဲ့သမျှကို အဲဒီပလက်ဖောင်းမှာ သုံးစွဲပါမယ်။ ကုန်ကျစရိတ်ကိုတော့ ထက်ဝက်လျှော့ချနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ Musk က ပြောကြားပါတယ်။
Source electrek
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U