Elon Musk ရဲ့ Tesla မှ တန်ဖိုးနည်းကား Model Y ကိုထုတ်မည်မဟုတ်
Elon Musk အနေနဲ့ သူ့ရဲ့ တွစ်တာ စာမျက်နှာ ပေါ်မှာ ပြောကြားချက် အရ Tesla အနေနဲ့ တန်ဖိုးနည်း ထသွားထလာ ကားဖြစ်တဲ့ Standard Range Model Y ကို ရောင်းချ နိုင်တော့မည်မဟုတ်ပါဘူးတဲ့ ပထမ စစခြင်းမှာ Tesla မှပြောကြားခဲ့တာကတော့ တန်ဖိုးနည်း ထသွားထလာကား ကားဖြစ်တဲ့ Standard Range Model Y ဟာ တာဝေးသွားကားတွေပုံစံမျိုးကို ပိုပိုသာသာ ချုံ့ထားတာမျိုးဖြစ်ပြီး ဈေးနည်းနည်းနဲ့ ရနိုင်မယ်လို့ပြောကြားခဲ့တာပါ။
အခုဆိုရင်တော့ အဆိုပါကားကို စီးနိုင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး။၎င်းတို့ Tesla မှ CEO ဖြစ်သူပြောကြားချက်အရ အခု ၎င်းတို့ထပ်မံ့ထုတ်မယ့် Standard Range ကားအရည်အသွေးဟာ ၎င်းတို့လိုချင်တဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမနေပါဘူး ဒါ့ကြောင့် Tesla အနေနဲ့ အဆိုပါ အကြောင်းအရာကို ပယ်ချခဲ့တာပဲဖြစ်ပါတယ် ဘာကြောင့်ဆို သူတို့ရဲ့ ကားတွေရဲ့ မောင်းနှင်နိုင်မည့် အမြန်နှုန်းကို ၃၇၀ ကီလိုမီတာ သတ်မှတ်ထားတာမို့ပါ။
Tesla က တာဝေးသွားတဲ့ Long Range Model Y ကားကိုတော့ ထုတ်လုပ်မယ်သိရပြီး ဈေးကွက် ထဲက အသံကို နားစွင့်ကာ ထုတ်လုပ်မယ်သိရပါတယ်။ထို့အပြင် အဆိုပါကားကို လျော့ဈေးဖြင့်ရောင်းချမှတေ့ာ မဟုတ်တာမို့ ကနေဒါရဲ့ Tesla ဝက်ဆိုက်မှာ ရှာနေလဲ အပိုပါပဲ။Telsa အနေနဲ့ မော်တာတစ်ခုတည်းနှင့် Long Range ကို ဈေးသင့်တင့်စွာနဲ့ရောင်းချနိုင်ရန် စီစဉ်နေပြီပဲသိရပါတယ်။
အဆိုပါ ကားဟာ ၄၈၃ ကီလိုမီတာ နှုန်းရှိကာ ၎င်းတို့ Telsa မှ Standard Range ကားက ဒေါ်လာ ၅ သောင်းကျော်ရှိကာ Long Range က ၆၄၀၀၀ ကျော်ရှိပါတယ်။ဒါ့ကြောင့်အဆိုပါကားဟာ အမျိုးအစား နှစ်ခုပေါင်းထုတ်လုပ်မှာ ဖြစ်တာမို့ ၅ သောင်းနဲ့ ၆ သောင်းကျော်ဈေးနှုန်းကြားထဲမှာ ရှိနေမှာပါ။
<<< Zawgyi >>>
---------------------------------------------------------------------------------------
Source: Elon Musk
Read 1103 times