Elon Musk က အကဖြင့် စက်ရုံသစ် ဖွင့်လှစ်
Tesla ဂျာမနီမှာ ထုတ်လုပ်တဲ့ ပထမဆုံးအသုတ်ကို မှာကြားထားသူများထံပေူအပ်ရာမှာ Musk က ပျော်လို့ ကတာကို တွေ့ရပါတယ်။ ကရင်းမှ အနားရောက်လာတဲ့ ဒရုံးကို လိုက်ဖမ်းဟန် လုပ်လိုက်ပါသေးတယ်။
ဥရောပဈေးကွက်အတွက် Tesla ရဲ့ ပထမဆုံးစက်ရုံကို Elon Musk က မတ်လ ၂၂ ရက် အင်္ဂါနေ့က တရားဝင်ဖွင့်လှစ်ပေးလိုက်ပါတယ်။
အမှာစာတွေ အလျဉ်မီအောင် ထုတ်လုပ်ဖို့ ဝန်ပိနေတာ အသက်ရှူချောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်နှင့် တရုတ် နိုင်ငံများရှိ စက်ရုံများမှာ ကျရောက်နေတဲ့ ဖိအား လျော့သွားမှာ ဖြစ်ပါတယ်။
ပထမအသုတ်မှာ ဝယ်ယူသူ ၃၀ ဦးနှင့်အတူ မိငားစုတို့ အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံတန် စက်ရုံသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။
စက်ရုံသစ်အမည်က Gigafactory Berlin-Brandenburg ဖြစ်ပြီး အတိုကောက်အမည်က Giga Berlin ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ ကျောက်မီးသွေး လုပ်ကိုင်တဲ့ Brandenburg မြို့မှာ တည်ရှိပါတယ်။
စက်ရုံထဲမှာ ဖွင့်ပွဲ ကျင်းပနေစဉ် စက်ရုံအပြင်ဘက်မှာ စက်ရုံက ရေအများအပြား သုံးစွဲမှာကို စုိးရိမ်မကင်း ဖြစ်တဲ့အပြင် စက်ရုံမြေနေရာရှိ တောအုပ်မှ အပင်များ ရှင်းလင်းပစ်တာကို မကျေနပ်ကြသူများက ဆန္ဒပြခဲ့ကြပါတယ်။
Giga Berlin စက်ရုံမှာ တစ်နှစ်လျှင် ကားစီးရေ ၅ သိန်း ထုတ်လုပ်ဖို့ လျာထားပါတယ်။
အစပိုင်းမှာ တစ်ပတ်လျှင် စီးရေ ၁,၀၀၀ ထုတ်လုပ်ပြီး အသားကျသွားတဲ့အခါ စီးရေ ၅,၀၀၀ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Giga Berlin က Tesla ရဲ့ Gigafactory စက်ရုံများမှာ တတိယမြောက် တရားဝင် ဖွင့်လှစ်တဲ့ စက်ရုံ ဖြစ်ပါတယ်။