Elon Musk ၂၀၂၂ တွင် Tesla ရှယ်ယာများ ဒေါ်လာ ၂.၆ ဘီလီယံဖိုး လှူဒါန်းခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကုဋေကြွယ်သူဌေး Elon Musk သည် ၎င်း၏ တစ်သက်တာတွင် ပရဟိတလုပ်ငန်းများအတွက် အနည်းဆုံး ၎င်း၏ ကြွယ်ဝမှုတစ်ဝက်ကို ပေးဆောင်ရန် လွန်ခံ့သော ၁၀ နှစ်ကျော် ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ကတိကဝတ်ပြုခဲ့ပါသည်။
ကားထုတ်လုပ်သည့် ကုမ္ပဏီများတွင် ဈေးကွက်တန်ဖိုး ကမ္ဘာ့အကြီးဆုံး ဖြစ်သည့် Tesla Inc. ၏ အမှုဆောင်အရာရှိချုပ် Elon Musk သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉၅ ဘီလီယံတန်ဖိုးရှိ ရှယ်ယာများကို လှူဒါန်းခဲ့ကြောင်း US Securities and Exchange Commission ထံ အစီရင်ခံ တင်ပြခဲ့သည်။
Click Here > Central Ko Soe Myint
Mr Musk သည် ၂၀၂၂ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း ရှယ်ယာ ၁၁.၆ သန်းခန့်ကို လှူဒါန်းခဲ့ကြောင်း အစီရင်ခံခဲ့ပြီး မည်သည့်အဖွဲ့အစည်းများကို လှူဒါန်းခဲ့ကြောင်း မဖော်ပြထားပါ။
ယခုအခါ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ Mr Musk သည် Tesla တွင် ရှယ်ယာ ၁၃% ဝန်းကျင် ပိုင်ဆိုင်ထားပါသည်။
၂၀၂၁ ခုနှစ်တုန်းကလည်း Mr Musk သည် ကန်ဒေါ်လာ ၅.၇၄ ဘီလီယံခန့် လှူဒါန်းခဲ့ပါသည်။
Mr Musk သည် ၂၀၁၂ ခုနှစ်တွင် Giving Pledge ကို လက်မှတ်ရေးထိုးခဲ့ပြီး ကြွယ်ဝမှုတစ်ဝက်ကို ဘဝတစ်သက်တာတွင် သို့မဟုတ် သေဆုံးချိန်တွင် ပရဟိတလုပ်ငန်းများအတွက် ပေးအပ်ရန် ကတိကဝတ်ပြုခဲ့သည်။
Source REUTERS
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U