ကားတစ်စီးမောင်းနှင်ရာတွင် အင်ဂျင်လည်ပတ်နိုင်ရန်အတွက်လောင်စာဆီ အပြင် နောက်ထပ် အရေးကြီးဆုံး လိုအပ်ချက်သည် စက်ဆီ၊ချောဆီ(အင်ဂျင်ဝိုင်) ပင်ဖြစ်သည်။
အင်ဂျင်ဝိုင်သည်ကားတစ်စီး၏ အင်ဂျင်အတွက်အလွန်အရေးပါသော အရာဖြစ်သည်။အင်ဂျင် ၀ိုင်မကောင်းလျှင် မီးခိုးအထွက်များခြင်း၊ အင်ဂျင်တုန်ခါခြင်း၊ အင်ဂျင်ရုန်းကန်အားကျဆင်းခြင်း၊ အင်ဂျင်သံဆူညံခြင်း စသော အင်ဂျင်ပိုင်းပြဿနာတွေကို ကြုံတွေ့ရမည်ဖြစ်သည်။
အခုနောက်ပိုင်းနည်းပညာမြင့် အဆင့်မြင့်ကားတွေမှာဆိုလျှင် အင်ဂျင်ဝိုင်မကောင်းသည်နှင့် အချက်ပေးစနစ်က စတင်အချက်ပေးပြီးကြာလာသည့်အခါ အင်ဂျင်ကစက်လုံးဝမနှိုးသည့် အထိကြုံတွေ ့လာရပါသည်။
စက်ဆီချောဆီ၏ အဓိကလုပ်ဆောင်ချက်တွေများသည် အင်ဂျင်အတွင်းက လှုပ်ရှားပွတ်တိုက်နေသည့် အစိတ်အပိုင်းတွေတစ်ခုနဲ့ ့တစ်ခုပွတ်တိုက်ရာက ပွန်းပဲ့မှုမဖြစ်စေရန်၊ သံထည် အစိတ်အပိုင်းတွေ သံချေးတက် တာကနေကာကွယ်ရန်၊ အင်ဂျင်အစိတ်အပိုင်းတွေ လည်ပတ်ပွတ်တိုက်မှုက ချောမွတ်နေပြီး အပူချိန် မြင့်မလာစေရန်၊ အင်ဂျင်လည်ပတ်မှုကို ထောက်ပံ့ကူညီပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ကားတစ်စီးသည် ချောဆီမပါပဲမောင်းနှင်မည်ဆိုလျှင် ကားတစ်စီး၏ အင်ဂျင် တစ်ခုဖြစ်မလာနိုင်ကြောင်း၊ အကြောင်းရင်းမှာ အင်ဂျင်များကို စတင်ထုတ်လုပ်ချိန်၊ ကားများမှာ အင်ဂျင်တပ်ဆင်အသုံးပြုခဲ့ချိန်မှ စ၍ ချောဆီအား မဖြစ်မနေထည့်သွင်းအသုံးပြုခဲ့ကြသည်။
အင်ဂျင်မပေါ်ခင်အချိန်က ဂီယာဘီးများ ဘီးခွေများ တလိမ့်လုံးများ စတင် အသုံးပြုကြသည့်အချိန်တွင် ချောဆီကိုလည်း စတင်အသုံးပြုခဲ့ကြသည်။ ထိုအချိန်မှ စပြီး ချောဆီသည်စက်ပစ္စည်းကိရိယာများနှင့် အင်ဂျင်များအတွက် မရှိမဖြစ် အရေးပါသောပစ္စည်းဖြစ်ခဲ့သည်။
ချောဆီစက်ဆီကအင်ဂျင်တစ်လုံးအတွက် အရေးပါသောအကြောင်းများထဲမှ ပထမဆုံးအချက်သည် အင်ဂျင်အစိတ်အပိုင်းတွေ အအေးခံခြင်းဖြစ်သည်။
လှည့်ပတ်လှုပ်ရှားနေတဲ့ အင်ဂျင်အစိတ်အပိုင်းများသည်တစ်ခုနှင့်တစ်ခု ပွတ်တိုက်ရာမှ အပူဖြစ်လာသည်ကို စေးပစ်အေးခဲနေသောအင်ဂျင်ဝိုင်ထဲရောက်သည့်အခါအင်ဂျင်အစိတ်အပိုင်းများကို အပူလျော့သွားစေသည်။ ပွတ်တ်ိုက်သောနေရာမှာလည်း စက်ဆီချောဆီကြောင့်ချောမွေ့တဲ့ပွတ်တိုက်မှု ဖြစ်တာကြောင့် အပူကလည်း အများကြီးထွက်မလာနိုင်တော့ပေ။
နောက်ထပ်ချောဆီ၏အင်ဂျင်အပေါ်ထောက်ပံံ့လုပ်ဆောင်ပေးနိုင်ခြင်းသည် စက်ပစ္စည်းအ စိတ်အပိုင်းတွေ ပွတ်တိုက်ရာမှာပွန်းပဲ့မှုမဖြစ်အောင် ကာကွယ်ပေးခြင်းဖြစ်သည်။ အင်ဂျင်တစ်လုံးစတင် လည်ပတ်ချိန်ကစပြီး အတွင်းက အင်ဂျင်အစိတ်အပိုင်းအားလုံးက လှုပ်ရှားလာပြီး အင်ဂျင်အတွင်းက အခန်းကျဉ်းလေးထဲမှာ တစ်ခုနဲ ့တစ်ခုစတင်ပွတ်တိုက်နေပြီဖြစ်သည်။
ယင်းပွတ်တိုက်မှှုများတွင်ချောဆီသာမရှိဘူးဆိုလျှင်အင်ဂျင်အစိတ်အပိုင်းပစ္စည်းတွေကပွန်းပဲ့ပျက်ဆီးသွားပါ လိမ့်မည်။အင်ဂျင်အစိတ်အပိုင်းတွေရဲ့ပွတ်တိုက်မှုဝန်အား၊ထုထည်ပမာဏနဲ့အစိတ်အပိုင်း အရွယ် အစားတွေ ပေါ်မူတည်ပြီး ချောဆီရဲ ့စေးပစ်မှုပမာဏကိုရွေးချယ်အသုံးများခြင်းဖြစ်သည်။
ဥပမာအားဖြင့်ဂီယာ ဘောက်စ်အတွင်းထည့်တဲ့ချောဆီက ဂီယာဘောက်စ် အစိတ်အပိုင်းတွေရဲ. ့ ပွတ်တိုက်မှုဝန်အားနဲ ့ထုထည်ပမာဏကြောင့် ဂီယာဝိုင်(GearOil)ရဲ့စေးပစ်မှုက အင်ဂျင်ထဲကို ထည့်တဲ့ချောဆီ(EngineOil)ထက်ပိုတာတွေ ့ရသည်။ထို့ကြောင့်အင်ဂျင်ထဲကိုထည့်သွင်းအသုံးပြုတဲ့အင်ဂျင်ဝိုင်ကိုလည်းအင်ဂျင်အရွယ်အစားပမာဏ အင်ဂျင်ရုန်းကန်အားပမာဏတွေပေါ်မူတည်ပြီး အင်ဂျင်ဝိုင်ရဲ့စေးပျစ်မှုပမာဏကို လည်းရွေချယ်သုံးစွဲဖို့ လိုအပ်သည်ဖြစ်သည်။
တတိယမြောက်အချက်ချောဆီရဲ ့လုပ်ဆောင်ချက်မှာအင်ဂျင်အစိတ်အပိုင်းတွေသံချေး ပျက်စီးခြင်းနဲ ့ အခြားအကြောင်းကြောင့် ပျက်ဆီးမှုတွေကနေ ကာကွယ်ပေးခြင်းဖြစ်သည်။ သံထည်ပစ္စည်းအစိတ်အပိုင်းတွေကို ဒီဇယ်ဆီ သို ့မဟုတ်ဆီတစ်မျိုးမျိုးကိုသုတ်လိမ်းထားပါကသံချေးတက်မှုကိုကာကွယ်နိုင်ပါ သည်။
ယင်းကဲ့သို ့ကာကွယ်ပေးနိုင်တာကတော့ဆီတွေက သံသတ္ထုနဲ ့ရေငွေ ့ပါတဲ့သဘာဝလေထုတို့ တိုက်ရိုက်ထိတွေ ့မှုကို ကာကွယ်ပေးထားနိုင်ခြင်းကြောင့်သံချေးတက်မှုကိုကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။
သံသတ္ထု(Iron)နဲ့ ပြင်ပလေထု(အောက်ဆီဂျင်ပါ၀င်)ထိတွေ ့ရာကနေအိုင်းယွန်းနစ်အောက်ဆိုဒ်ဖြစ်လာပြီး သံချေး တွေဖြစ်ပေါ်လာခြင်းကိုသံချေးတက်တယ်လို့ခေါ်ပါတယ်။
ယင်းကဲ့သို ့သံချေးတက်ခြင်းကိုချောဆီထဲမှာပါ၀င်တဲ့ ဓာတုပါ၀င်ပစ္စည်းတွေက ကာကွယ်ပေးနိုင်ပြီး သံချေးတက်ခြင်းကို ကာကွယ်နိုင်ခြင်းဖြစ်သည်။
အင်ဂျင်ထဲမှ ချောဆီ၏နောက်ထပ်လုပ်ဆောင်ချက်မှာအင်ဂျင်အစိတ်အပိုင်းများ၏လည် ပတ်မှုကိုထောက်ပံ့ပေးခြင်းဖြစ်သည်။
ကားတစ်စီး၏အစိတ်အပိုင်းတိုင်းတွင်ချောဆီနှင့်ကင်းလွတ်သောနေရာ ဆို တာရှားပါးသည်။
မှန်အတင်အချ၊ဘီးခွေ၊ကားအောက်ပိုင်းဘောဂျွိုင့်၊ဝန်ရိုး၊ အင်ဂျင်၊ ဂီယာဘောက်စ်စတဲ့နေရာတိုင်းမှာ ချောဆီကအမျိုးအစားအလိုက်မဖြစ်မနေပါဝင်လာသည်။
ထို့ကြောင့်ကားတစ်စီးလုံး၏လည်ပတ် လုပ်ဆောင်ချက်တိုင်းတွင် ချောဆီများသည် အမျိုးအစားအလိုက် ကွဲပြားစွာအသုံးဝင်နေကြောင်း တွေ့ရသည်။
ချောဆီ၏အသုံးဝင်မှုတွေက ကားတစ်စီးလုံးမှာအသုံးဝင်ရုံတင်မဟုတ်ဘဲအင်ဂျင်နဲ ့အခြားအစိတ်အပိုင်းတွေက စွန့်ထုတ်လိုက်သောချောဆီများကိုလည်းစွန့်ပစ်ခြင်းမရှိပဲစက်ပစ္စည်းများမှာသုတ်လိမ်းသိမ်းဆည်းခြင်း၊ စက်ပစ္စည်းဖြုတ်တပ်ရာမှာသုံးစွဲခြင်းနဲ့ အခြားလုပ်ဆောင်ချက်တွေမှာ အသုံးဝင်စွာအသုံးပြုနေသည်ကို သိရသည်။
ထိုကြောင့်ချောဆီ၏အသုံးဝင်မှုနဲ ့လုပ်ဆောင်ချက်ကောင်းတွေကိုသိရှိပြီဆိုလျှင်ကားသစ်ပဲဖြစ်စေကားဟောင်းပဲဖြစ်စေဝယ်ယူစီးနင်းမည်ဆိုလျှင်ချောဆီကလည်းမဖြစ်မနေဂရုစိုက်လုပ်ဆောင် ပေးသင့်တဲ့အချက်ဖြစ်ကြောင်း သိရသည်။