အမေရိကန် တပတ်ရစ်ကားဟောင်းများ အီးဗီဈေးကျ ဆီစားသန်သည့် ဓာတ်ဆီကားများ ဈေးတက်


အမေရိကန် တပတ်ရစ်ကားဟောင်းများ အီးဗီဈေးကျ ဆီစားသန်သည့် ဓာတ်ဆီကားများ ဈေးတက် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Tesla ကားအသစ်များ ဈေးချပြီး ရောင်းချသဖြင့် အမေရိကန် တပတ်ရစ်ကားဟောင်း ဈေးကွက်တွင် တပတ်ရစ်  Tesla ကားများ ဈေးကျဆင်းနေသည်။ 
Tesla အီးဗီများ ဈေးကျဆင်းခြင်းက အခြားတစ်ပတ်ရစ်အီးဗီများ၏ ဈေးနှုန်းများကို ဆွဲချသဖြင့် တပတ်ရစ်အီးဗီ ဈေးကွက်တခုလုံး ဈေးကျဆင်းနေသည်။


တပတ်ရစ် လျှပ်စစ်ကားများ၏ တန်ဖိုးသည် တပတ်ရစ် အင်ဂျင်ကားများထက် ၁၀ ဆနီးပါး ကျဆင်းသွားပါသည်။

ယခုနှစ် ဇွန်လတွင် တပတ်ရစ် အီးဗီတစ်စီး၏ ပျမ်းမျှစျေးနှုန်းသည် ယမန်နှစ် ဇွန်လကထက် ၂၉.၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
တစ်ပတ်ရစ်ကားဈေးကွက် တစ်ခုလုံးအနေဖြင့် ပျမ်းမျှဈေးနှုန်း ၃.၆% ကျဆင်းသည်။

 

တပတ်ရစ်ကားများ၏ စျေးနှုန်းများ ကျဆင်းနေသော်လည်း ကိုဗစ်ကူးစက်ရောဂါမတိုင်မီကာလ ဈေးနှုန်းအဆင့်ထက် ကျော်လွန်နေသေးသည်ဟု iSeeCars မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။


၂၀၂၃ ခုနှစ် ဇွန်လတွင် ဈေးအကျဆုံး တပတ်ရစ်အီးဗီမော်ဒယ်များ

 

 

Tesla သည် ယခုအချိန်အထိ အမေရိကတွင် အကြီးမားဆုံး လျှပ်စစ်ကားများကို ထုတ်လုပ်သူဖြစ်သည့် အားလျော်စွာ အသစ်နှင့် အသုံးပြုပြီးသား တပတ်ရစ်အီးဗီ စျေးကွက်နှစ်ခုစလုံးအပေါ်  ကြီးမားသော ဩဇာသက်ရောက်မှု ရှိနေသည်။
Teslas အီးဗီအသစ်များ ဈေးလျှော့ချသဖြင့် တပတ်ရစ် Teslas အီးဗီများ ဈေးကျဆင်းကုန်သည်။

Tesla Model 3၊ Model X နှင့် Model S တို့သည် ဇွန်လအတွင်း အမေရိကတွင် တန်ဖိုးအကျဆုံး ဖြစ်ခဲ့သည့် တစ်ပတ်ရစ်ကားမော်ဒယ် ၄ ခုတွင် ပါဝင်နေသည်။
SUV က ပျမ်းမျှ ၂၁% တန်ဖိုးကျသည်။ Model S က ပျမ်းမျှ ၁၉% တန်ဖိုးကျသည်။
SUV က $18,980 နှင့်  Model S က $15,212 ပျမ်းမျှအားဖြင့် တန်ဖိုးကျသည်။ 

Model 3  က ပျမ်းမျှ ၃၀% ($16,258) တန်ဖိုးကျသည်။ 
၂၀၂၃  ခုနှစ် ဇွန်လတွင် တစ်နှစ်မှ ငါးနှစ် သက်တမ်းရှိ တပတ်ရစ် အီးဗီများတွင် တတိယ တန်ဖိုးအများဆုံး ဆုံးရှုံးခဲ့သည့်  ကားမော်ဒယ်မှာ  Nissan Leaf ဖြစ်ပါသည်။
 ခြုံငုံသုံးသပ်ပြည့်လျှင် ၂၀၂၃ ဇွန်လတွင် တန်ဖိုးတက်သည့် တပတ်ရစ် အီးဗီမော်ဒယ် မရှိပါ။ 

၂၀၂၃ ဇွန်လတွင် တန်ဖိုးတက်သည့် တပတ်ရစ်ကားမော်ဒယ်များတွင် ဆီစားကြမ်းသည့် ဓာတ်ဆီကားမော်ဒယ်များ ဖြစ်သည့်  Mercedes SL,  Chevy Suburban, Porsche 911, 718 Cayman တို့ ပါဝင်သည်။ 


 ၂၀၂၃ ခုနှစ် ဇွန်လတွင် ဈေးအတက်ဆုံး တပတ်ရစ်မော်ဒယ်များ
 

Source iSeeCars

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 601 times