Ferrari Modulo ရဲ့ ထူးခြားတဲ့ စွမ်းရည်များ


နာမည်ကျော် အီတလီပြိုင်ကားကုမ္ပဏီ Ferrari သည် ဒီဇိုင်နာ Paulo Martin တီထွင်ဖန်တီးထားသော Ferrari Modulo ရှေ့ပြေးနမူနာကားကို ၁၉၇ဝ ပြည့်နှစ်မှာ

ကျင်းပသော ဂျီနီဗာကားပြပွဲတုန်းက စတင်မိတ်ဆက် ပြသခဲ့ခြင်းဖြစ်ပါသည်။

Ferrari Modulo သည် လမ်းပေါ်မှာ ပန်းကန်ပြားပျံ (UFO) တစ်စင်း လွင့်မျောနေသည်နှင့်ဆင်တူအောင် အလွန်နိမ့်ပြီး သပ်ပုံ (Wed-ge-shaped) ကိုယ်ထည်နှင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

Ferrari Modulo ပုံစံက ခါးလယ်မှ ကားကိုယ်ထည်အခွံနှစ်ခုကို ထပ်ထားခြင်းမျိုးဖြစ်ပြီး ကားတံခါးပေါက်များ မပါဝင်ပေ။

မောင်းသူနှင့် စီးနင်းလိုက်ပါသူများ ဝင်ထွက်ရန်အတွက် ဖန်ပေါင်းချောင် စတိုင်လ်(Canopy-style) အမိုးကို ရှေ့ဘက်လျှောတိုက်ဖွင့်၍ရအောင် စီစဉ်ပေးထားပါသည်။ ကားဘီးလေးဘီးစလုံးကို Fairing များနှင့်

တစ်စိတ်တစ်ပိုင်းကာထားပြီး မြင်းကောင်ရေ ၅၅ဝ အားထွက်သော 5.0 L Ferrari V12 အင်ဂျင်ကို ကားအလယ်မှာ တပ်ထားပါသည်။

ကားအတွင်းထိုင်ခုံများက ရှည်လျားပြီး အလိုအလျောက်ချိန်ညှိပေးသောကြောင့် စီးသူများအနေဖြင့် အကောင်းဆုံးအနေအထားနှင့် စီးနင်းနိုင်မည် ဖြစ်ပါသည်။

ကား၏ အဓိကထိန်းချုပ်ရေးခလုတ်များကို အထောက်အကူဖြစ်စေသော စက်လုံးပုံ Turning Element နှစ်ခု ကိုလည်း ဘေးတစ်ဖက်တစ်ချက်စီတွင် တပ်ထားပါသည်။

အပေါက် ၂၄ ပေါက်ပါသော အင်ဂျင်ကာဗာကို အမိုးနောက်ပိုင်းမှာ မြင်တွေ့ရမည်ဖြစ်ပါသည်။ သုညမိုင်မှ တစ်နာရီ မိုင် ခြောက်ဆယ် နှုန်းရောက်ရန် အချိန် ၃ ဒသမ ၁ စက္ကန့်သာကြာပြီး အမြင့်ဆုံးအမြန်နှုန်း

အနေဖြင့် တစ်နာရီကို မိုင် ၂၂ဝ နှုန်း မောင်းနိုင်ပါသည်။

တစ်စီးတည်းသာရှိသော Ferrari Modulo ကို စတင်တည်ဆောက်ချိန်က Ferrari 512S အောက်ခံပလက်ဖောင်းကို သုံးခဲ့သော်လည်း နောက်ပိုင်း အဆင့်ပိုမြင့်အောင် 612 Can Am အောက်ခံပလက်ဖောင်း

ပြောင်းလဲသုံးစွဲခဲ့ပါသည်။

Ferrari Modulo သည် နိုင်ငံတကာဒီဇိုင်းဆု ၂၂ ဆု အထိရခဲ့သော်လည်း Show Car အဖြစ်သာ ကျင်လည်နေခဲ့ရပါသည်။ သို့သော် ၂ဝ၁၄ ခုနှစ်တွင် အမေရိကန်သူကြွယ် James Glickenhaus က

Ferrari Modulo ကို မဖော်ပြသော ကြေးနှင့်ဝယ်ပြီး အီတလီနိုင်ငံတွင်သာ အပြည့်အဝ မောင်းနှင်နိုင်မည့်ကားအဖြစ် ပြုပြင်မွမ်းမံခဲ့ပါသည်။

Ferrari Modulo ကို အသစ်ပြန်မွမ်းမံသည့်အခါ သတ်မှတ်ထားချိန်ထက် ပိုကြာခဲ့ပြီး ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းမှ အပြီးသတ်နိုင်၍ လမ်းပေါ် စတင်မောင်းနှင်နိုင်ခဲ့ပါသည်။ နောက်ဆုံးတည်ဆောက်ခဲ့သော

Ferrari Modulo မှာ မူလပုံစံကဲ့သို့ Sliding Cockpit အမိုး၊ အင်ဂျင်ကာဗာနှင့် ဘီးများကို ဖုံးပေးသော Fenders များ မပါဝင်တော့ပေ။

Automobile

Read 789 times