Ford F-150 Lightning အတွက် အိမ်မီးထွန်းစနစ်   ရောင်းချ


Ford F-150 Lightning အတွက် အိမ်မီးထွန်းစနစ်   ရောင်းချ


Ford F-150 Lightning မှာ ပါတဲ့  Intelligent Backup Power အင်္ဂါရပ်ကို အိမ်မီးထွန်းဖို့ သုံးချင်ရင် F-150 Lightning ကားနှင့် တွဲဖက်ပေါင်းစပ်ဖို့ Ford Charge Station Pro ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Ford ကား။အရောင်းပြခန်းတွေမှာ အမေရိကန်ဒေါ်လာ ၁,၃၁၀ ဖြင့် ရောင်းချပေးပါတယ်။ 80-amp အားသွင်းစက် ဖြစ်ပြီး အပိုဆောင်း Extended Range ဘက်ထရီထုပ် ပါဝင်ပါတယ်။ 
နောက်ထပ်တစ်ခု ဝယ်ရမှာက Home Integration System ဖြစ်ပါတယ်။
အင်ဗာတာ၊ ထရန်စဖာ ခလုတ်၊ အရေးပေါ်လိုအပ်ရင် ပါဝါပေးဖို့ ဘက်ထရီးအသေးစားတို့ ပါဝင်ပါတယ်။ 
 Home Integration System ကို Ford နှင့် စီးပွားဖက်ပြုထားတဲ့ Sunrun က အမေရိကန်ဒေါ်လာ ၃,၈၉၅ ဖြင့် ရောင်းချပါတယ်။ 
 အားလုံးတပ်ဆင်ပြီးသွားရင် ဝပ်အား ၉,၆၀၀ အထိ ပါဝါ ရရှိပါတယ်။  မီးမရတဲ့ အိမ်ကို ရက်အတန်ကြာ မီးအား ဆက်တိုက်ပေးထားနိုင်ပါတယ်။

Read 690 times