Foxconn က အီးဗီ သုံးမျိုး မိတ်ဆက်ပြသ


အီလက်ထရွန်နစ်ပစ္စည်းများကို ကန်ထရိုက်ယူပြီး တပ်ဆင်ထုတ်လုပ်သော Foxconn Technology Group ပထမအသုတ် ထုတ်လုပ်မည့် လျှပ်စစ်ကား သုံးမျိုးကို မိတ်ဆက်ပြသခဲ့သည်။
 ထိုကားများကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခြင်းမပြုဘဲ အီးဗီ ထုတ်လုပ်လိုသူတို့အတွက် Foxconn က ထုတ်လုပ်ပေးမည် ဖြစ်သည်။ ကားသုံးမျိုးမှာ 

Foxtron Model C ဆီဒင်

Foxtron Model E SUV 

Foxtron  Model T ဘတ်စ်တို့ ဖြစ်ပြီး
အောက်တိုဘာလ  ၁၈ ရက်မှာ တိုင်ဝမ်တွင် ကုမ္ပဏီမှ ကျင်းပသော နည်းပညာနေ့ ပွဲတော်တွင် ပြသခဲ့ခြင်း ဖြစ်သည်။

Foxconn သည် အမေရိကန်ရှိ ကားထုတ်လုပ်သည့် စက်ရုံ၏ တစ်စိတ်တစ်ပိုင်းကို အမေရိကန်ဒေါ်လာ သန်း  ၂၈၀ (ငွေသား သန်း ၂၃၀+ ရှယ်ယာဝယ်ခြင်း သန်း ၅၀) ဖြင့်  ဝယ်ယူထားပြီးပြီ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
Foxconn က အမေရိကန်မှာ ကားစက်ရုံတစ်ခု ဒေါ်လာ သန်း ၂၈၀ ဖြင့် ဝယ်ယူရန် ဈေးတည့်

အမေရိကန်မှ စက်ရုံကို ဝယ်ယူခြင်းဖြင့် အီးဗီ ထုတ်လုပ်ရန် ရေကန်အသင့်ကြာအသင့် ဖြစ်သွားစေသည်။ စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော တတ်ကျွမ်းသူများကို ရရှိသည်။ တပ်ဆင်ထုတ်လုပ်မှုအတွက် လိုအပ်သော စက်ကိရိယာများ၊ တပ်ဆင်သည့် လိုင်း အစရှိသည်တို့ အသင့်ရှိပြီးသား ဖြစ်သွားစေသည်။
ဝယ်ယူလိုက်သည့် စက်ရုံပိုင်ရှင် Lordstown မှ ထုတ်လုပ်မည့် Endurance ဟု အမည်ပေးထားသော လျှပ်စစ်ပစ်ကပ်ကားများကို Foxconn မှ ကန်ထရိုက်ယူ၍ တပ်ဆက်ထုတ်လုပ်ပေးရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်။ လာမည့်နှစ် ဧပြီလတွင် စီးရေအမြောက်အမြား ထုတ်လုပ်မှု စတင်ရန် လျာထားသည်။
 
အီးဗီ ထုတ်လုပ်ပေးနိုင်ရန်အတွက် ပစ္စည်းပေးသွင်းသည့် ကွင်းဆက်ကိုလည်း တည်ဆောက်နေသည်။ 
Foxconn ကို ဈေးဦးပေါက် အလုပ်အပ်နှံမည့် လုပ်ငန်းမှာ တိုင်ဝမ်မှ Yulon Motor ဖြစ်သည်။
လျှပ်စစ်ဘတ်စ်ကားများကို တိုင်ဝမ်မှ ပို့ဆောင်ရေးအတွက် ဘတ်စ်ကား စီစဉ်ပေးသည့် လုပ်ငန်းတစ်ခုထံသို့ နောက်နှစ်တွင် ပေးသွင်းမည့် အစီအစဉ် ရှိသည်။
 

 

 

 

 

Read 1084 times