မီးလောင်ခဲ့သော ကားတင်သင်္ဘောပေါ်ရှိ အီးဗီများ မထိခိုက်ခဲ့ဟု ပြောကြား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အီဂျစ်သို့ သွားမည့် ကားတင်သင်္ဘော Fremantle Highway သည် ဇူလိုင်လ ၂၅ ရက်တွင် ခရီးအစ နယ်သာလန် ကမ်းခြေတွင် မီးကြီးလောင်ခဲ့သည်။
မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကနဦး တွေ့ရှိချက်များအရ သင်္ဘော၏ အောက်ပိုင်း အထပ်များတွင် တင်ဆောင်လာသည့် ကားများ ထိခိုက်ပျက်စီးခြင်း မရှိပေ။
ကားသင်္ဘောပေါ်မှ လျှပ်စစ်ကား အစီးရေ ၅၀၀ ခန့်မှာ အခြေအနေ ကောင်းမွန်ကြောင်း Automotive Logistics က သတင်းဖော်ပြသည်။
သင်္ဘောကို မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် Boskalis Salvage Company ၏ စီအီးအို Peter Berdowski က သတင်းစာ ရှင်းလင်းပွဲတွင် မပျက်မစီး အကောင်းပကတိအတိုင်း ရှိနေဆဲ ဖြစ်သည့် ကား အစီးရေ ၁,၀၀၀ ဝန်းကျင် ရှိပြီး ယင်းတို့အထဲတွင် အီးဗီ အစီး ၅၀၀ ခန့် ပါဝင်ကြောင်း ပြောကြားသည်။
ကားတင်သင်္ဘောတွင် အထပ် ၁၂ ထပ် ရှိသည့်အနက် အောက်ဘက်မှ ၄ ထပ်သည် မီးဘေးသင့်ခြင်း မရှိကြောင်း၊ ၎င်းအထပ်များတွင် ဘက်ထရီပါဝါသုံး လျှပ်စစ်ကားများ တင်ဆောင်ထားကြောင်း ၎င်းက ပြောကြားသည်။
အပေါ်ဘက် ၄ ထပ်မှာ မီးလောင်ကျွမ်းခဲ့ရာ အပူချိန် အလွန်မြင့်မားသဖြင့် ကားများနှင့် သင်္ဘောတို့ ဂဟေဆက်ထားသည့်နှယ် ဖြစ်နေကြောင်း Berdowski က ပြောကြားသည်။
သင်္ဘောပေါ်တွင် ယာဉ်စီးရေ ၃,၇၀၀ ကျော် တငါဆောင်ထားသည်။ Volkswagen, BMW, Mercedes-Benz ကားမော်ဒယ်များ ပါဝင်သည်။ ဂျာမနီမှ အီဂျစ်သို့ ပေးပို့သည့် ကားများ ဖြစ်သည်။
Source: Automotive Logistics
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL