တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး လျှပ်စစ်ကားလုပ်ငန်း ဘတ် ၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သူ GAC AION New Energy Automobile သည် ထိုင်းနိုင်ငံတွင် အီးဗီထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန်အတွက် ဘတ်ငွေ ၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ပြောကြားသည်။
GAC AION သည် ယမန်နှစ်က ကားအစီးရေ ၂၇၀,၀၀၀ ကျော် ရောင်းချခဲ့သည်။
ယခုနှစ်တွင် အနည်းဆုံး အစီးရေ ၆ သိန်း ရောင်းချရန် မျှော်မှန်းထားသည်။
ထိုင်းဈေးကွက်မှာ စီးပွားရေး တိုးချဲ့မည်။ ပထမအဆင့်တွင် ထိုင်းနိုင်ငံတွင် ဘတ် ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။
GAC AION သည် ခရီးတာ ကီလိုမီတာ ၁,၀၀၀ ကျော် သွားနိုင်အောင် စွမ်းအင်ပေးနိုင်သော ဘက်ထရီများဖြင့် ဉာဏ်ရည်ချိတ်ဆက် အီးဗီများ ထုတ်လုပ်သည်။
ကုမ္ပဏီသည် အရှိန်တင်ရန် အမြန်ဆုံးဟု ဆိုထားသော စည်းစိမ်စူပါကားမော်ဒယ် GAC Aion Hyper SSR ကိုလည်း ထုတ်လုပ်သည်။ ရပ်ထားရာမှ တနာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်းသို့ ၁.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။ တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်စူပါကားဖြစ်ပါသည်။
GAC AION သည် GAC Group ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သည်။
GAC Group သည် GAC Motor and GAC Aion, GAC Honda, GAC Toyota, GAC Mitsubishi, GAC Hino, GAC BYD အစရှိသည့် ဖက်စပ်လုပ်ငန်းများ ထူထောင်ထားသည်။
မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် Wuyang-Honda Motorcycle Co လည်း ထူထောင်ထားသည်။
Source nationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL