GAC Luxury SUV GS8


GAC ဆိုသည်မှာ Guangzhou Automotive Corporation ၏အတိုကောက်ဖြစ်ပြီး တရုတ်အစိုးရပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး Guangzhou မြို့တွင် အခြေစိုက်တည်ထောင်ထားပါသည်။

GAC ကထုတ်လုပ်ထားသည့် New Flagship SUV ကားအမျိုးအစား Luxury SUV GS8 သာဖြစ်ပါသည်။

GS8 သည်အသုံးပြုသူတိုင်း နှစ်သက်သဘောကျစေမည့် စွမ်းရည်များနှင့် ပြည့်စုံသည့် SUV ကားတစ်စီး ဖြစ်ပါသည်။

ထိုကားကို Clean Design နှင့် တည်ဆောက်ထားပြီး အသေးစိတ်အနုပညာဒီဇိုင်းများများစွာ အသုံးပြုထားပါသည်။

ယာဉ်၏အရှေ့ဘက်တွင် တပ်ဆင်ထားသည့် Full Array LED Lamp ဒီဇိုင်းဖြစ်ပြီး Daytime Running Lamp များနှင့်ခံ့ညားမှုများ ပေါင်းစပ်ထားပါသည်။

ယာဉ်အနောက်ဘက်ကမီးများကို ဂျာမနီနိုင်ငံ၏ OSRAM ကုမ္ပဏီက ထုတ်လုပ်ထားပြီး Display ရှစ်ခုပါ၀င်ကာ လှပမှုနှင့် Luxury ဆန်မှုများကို ပေါင်းစပ်ထားပါသည်။

GS8 ၏အတွင်းခန်းသည် လှပသည့်လက်မှုပညာနှင့် Classic ဆန်ဆန်ဖွဲ့စည်းထားပါသည်။

အတွင်းခန်းတွင် သြစတြေးလျ နွားသားရေနှင့် ထိတွေ့မှု နူးညံ့သည့်ပစ္စည်းများ အသုံးပြုထားပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကလည်း မြင်ကွင်းကျယ်သည့် Ergonomically ဒီဇိုင်းနှင့် တည်ဆောက်ထားပါသည်။

ဒရိုင်ဘာဘက်မှတံခါးကို ဖွင့်လိုက်သည်နှင့်မြေပြင်တွင် GAC လိုဂိုအလင်းတန်းလေး ပေါ်ထွက်လာမည်ဖြစ်ပြီး အတွင်းခန်းကို ၀င်သည့် တံခါးပေါက်များကို ကျယ်ကျယ်ဝန်းဝန်းပြုလုပ်ထားပါသည်။

ထိုင်ခုံသုံးတန်းပါ၀င်သောကြောင့်လူခုနှစ်ဦးအထိ လိုက်ပါ စီးနင်းနိုင်ပါသည်။

ဖျော်ဖြေရေးအတွက် Harman Top-level Entertainment System, Bluetooth Connective နှင့် ခုနှစ်လက်မ Touch Screen တို့ကိုတပ်ဆင်ပေးထားပါသည်။

ဘောနတ်၏အောက်တွင် 2.0L Turbocharged ဓာတ်ဆီအင်ဂျင်တပ်ဆင်အသုံးပြုထားပြီး ယင်းအင်ဂျင်မှ မြင်းကောင်ရေ ၂၀၂ ကောင်အားနှင့်လိမ်ကျစ်အား 320Nm ကိုထုတ်လုပ်ပေးနိုင်ပါသည်။

ပျမ်းမျှဆီစားနှုနး်က ကီလိုမီတာတစ်ရာကို ၆ ဒသမ ၄ လီတာခန့် ကုန်ကျမည်ဖြစ်ပါသည်။

ဂီယာမှာ 6-speed Auto Transmission ကိုအသုံးပြုထားပါသည်။

2WD နှင့် 4WD ကိုလိုအပ်သလို ချိန်ညှိပြောင်းလဲနိုင်ပြီး Sundy, Muddy, Snowy, Intelligent Auto, Sports နှင့် Eco Mode စသည့်မောင်းနှင်မှုပုံစံခြောက်မျိုး ပြောင်းလဲမောင်းနှင်ပါသည်။

GS8 သည်လုံခြုံမှုအပိုင်းတွင် C-NCAP ကြယ်ငါးပွင့်ရရှိထားသည့် ကားတစ်စီးဖြစ်ပါသည်။

ယင်းကားတွင် Electronic Stability Program, Hill Hold Control, Hill Decent Control, Electronic Parking Brake, Lane Change Assit System, ၃၆၀ ဒီဂရီ ကင်မရာနှင့် အသက်ကယ်လေအိတ် ၁၀ လုံးတပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် GS8 ၏စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၂၈၈၈ ၀န်းကျင်ဖြစ်ပြီး ၀န်ဆောင်မှုများအနေဖြင့် ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံ သုံးနှစ် သို့မဟုတ် ကီလိုခြောက်သောင်း Free Maintenance Service များနှင့်ရောင်းချပေးလျက်ရှိပါသည်။

 

Read 2287 times