Grab စင်ကာပူ၏ တတိယအကြီးဆုံး တက္ကစီကုမ္ပဏီ Trans-Cab ကို ဝယ်ယူ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တက္ကဆီအငှား ဝန်ဆောင်မှု ကုမ္ပဏီကြီး Grab သည် စင်ကာပူ၏ တတိယအကြီးဆုံး တက္ကစီအော်ပရေတာဖြစ်သည့် Trans-Cab ကို ဝယ်ယူလိုက်သည်။
မည်ရွေ့မည်မျှဖြင့် ဝယ်ယူကြောင်း ထုတ်ဖော်ပြောကြားခြင်း မပြုချေ။
တက္ကဆီ အစီးရေ ၂,၂၀၀ နှင့် ကိုယ်ပိုင်အငှားယာဉ် ၃၀၀ ကို ပိုင်ဆိုင်ထားသည့် Trans-Cab ကို စင်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်ဖြင့် ဝယ်ယူသည်ဟု ခန့်မှန်းသည်။
စေ့စပ်ညှိနှိုင်းမှုများကို လွန်ခဲ့သည့် နှစ်လကသာ စတင်ခဲ့ပြီး ယခုသီတင်းပတ်အတွင်း အရောင်းအဝယ်ကိစ္စအဝဝ အပြီးသတ်ရန် စီစဉ်ထားသည်။
သက်ဆိုင်ရာ အာဏာပိုင်များ၏ အတည်ပြုရယူရမည်ဖြစ်သည်။
Grab သည် အမေရိကန် စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်သည်။
တက္ကဆီလုပ်ငန်းကို ဝယ်ယူရန် ယခင်က ကြိုးပမ်းခဲ့ဖူးသည်။
၂၀၁၇ ခုနှစ်တွင် Grab သည် SMRT အငှားယာဉ်လုပ်ငန်းကို ဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အရောင်းအဝယ် မဖြစ်ဘဲ ပွဲပျက်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် Prime Taxi လုပ်ငန်းကို ဝယ်ယူဖို့ ကြိုးပမ်းခဲ့သည်။ Prime Taxi သည် စင်ကာပူတွင် အသေးဆုံး တက္ကဆီလုပ်ငန်း ဖြစ်သည်။ ဈေးမတည့်ခဲ့ချေ။
Grab က ပေးသည့်ဈေးသည် နည်းလွန်းနေသဖြင့် ၎င်းလုပ်ငန်း နှစ်ခုတို့နှင့် အရောင်းအဝယ် မဖြစ်ခဲ့ချေ။
Trans-Cab သည် လွန်ခဲ့သည့် အနှစ် ၂၀ က စင်ကာပူ အစိုးရမှ ပြိုင်ဆိုင်မှု တိုးမြင့်လာစေရန် လုပ်ငန်းကို ဖြေလျှော့ပေးလိုက်ချိန်တွင် တက္ကစီဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။
၁၀ နှစ်အတွင်းမှာ MRT ရထားလုပ်ငန်းက ပိုင်ဆိုင်သည့် SMRT Taxis ကို ကျော်တက်ခဲ့ပြီး စင်ကာပူတွင် ဒုတိယအကြီးဆုံး တက္ကစီကုမ္ပဏီဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ်အစောပိုင်းတွင် SMRT Taxis သည် Strides အဖြစ် brand ပြောင်းလဲလိုက်သည်။ Premier Taxis ကို ဝယ်ယူလိုက်ရာ ကားစီးရေ ပိုများသွားပြီး စီးရေ ၂,၅၀၀ ခန့် ဖြစ်လာသည်။ Trans-Cab ထက် အစီးရေ ပိုများသွားပြီး စင်ကာပူတွင် ဒုတိယအကြီးဆုံး တက္ကစီကုမ္ပဏီ ပြန်ဖြစ်လာခဲ့သည်။ Trans-Cab က စင်ကာပူတွင် တတိယအကြီးဆုံး တက္ကစီကုမ္ပဏီ ပြန်ဖြစ်သွားခဲ့သည်
ComfortDelGro သည် စင်ကာပူတွင် အကြီးမားဆုံး တက္ကစီကုမ္ပဏီအဖြစ် ရပ်တည်နေသည်။ တက္ကဆီ အစီးရေ ၈,၈၀၀ ဝန်းကျင် ရှိပြီး ဈေးကွက်ဝေစု ၆၀% ကျော် ရရှိထားသည်။
Grab တက္ကဆီ ခေါ်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်းအပြင် စားစရာ အိမ်တိုင်ရာရောက် ပေးပို့ခြင်း၊ ငွေရေးကြေးရေး ဝန်ဆောင်မှု၊ အာမခံ၊ ငွေပေးချေခြင်း ဝန်ဆောင်မှု တို့ကိုလည်း လုပ်ကိုင်သည်။
၂၀၁၂ ခုနှစ် စတင်ကတည်းက အရှုံးပြနေခဲ့သည်။
၂၀၂၃ ဇွန်လတွင် Grab သည် ဝန်ထမ်း ၁,၀၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့သည်။ လုပ်သားအင်အားစု၏ ၁၁% ကို အလုပ်ဖြုတ်ခဲ့ခြင်း ဖြစ်သည်။ ယခင် ၂၀၂၀ ပြည့်နှစ်တုန်းကလည်း လုပ်သားအင်အားစု၏ ၅% ကို အလုပ်ဖြုတ်ခဲ့သည်။
Grab ပူးတွဲတည်ထောင်သူ Ms Tan Hooi Ling
Grab ပူးတွဲတည်ထောင်သူ Ms Tan Hooi Ling သည် ယခုနှစ်ကုန်တွင် ရာထူးမှနုတ်ထွက်မည်ဖြစ်သည်။ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်သည်။ နောက်မျိုးဆက်သစ် ခေါင်းဆောင်တို့ကို နေရာဖယ်ပေးသည်ဟု ဆိုသည်။
Source straitstimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL