Toyota Alphard ၏ Grade များအကြောင်း


Toyota Alphard ကတော့ MPV ကား အမျိုးအစား တွေထဲက တစ်ခုပါ။ ဒီ Toyota Alphard ကို 2002 ခုနှစ်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပြီး Model ဆိုရင်တော့ 2002 Model က စထွက်တာပါ။

လက်ရှိ အစီးများတာကလဲ 2002 Model တွေပါပဲ။ သူနဲ့ အပြိုင် Nissan Elgrand ဆိုတဲ့ ကားတစ်စီးရှိပါသေးတယ်။

သူ့ကို တော့ 1999 ထဲကထုတ်လုပ်ခဲ့ပေမဲ့ Alphard ထွက်လာပြီးနောက်ပိုင်းမှာ Elgrand ကတော တော်တော်လေး ငုတ်သွားခဲ့ပါတယ်။

ဒီလိုပဲ Toyota Alphard ပုံစံ လေးနဲ့ ပုံစံတူလေးတစ်စီးကို Toyota ကနေပဲ ထပ်မံထုတ်လုပ်ထားပါတယ်။ အဲ့ဒီ့ကားကတော့ အပြင်ပိုင်းကြည့်ရင် Alphard ကို Modify လုပ်ထားသရောင်ပါပဲ။

ဒါပေမဲ့ မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကို ကိုက Modify ပုံစံမျိုးဖြစ်နေတာပါ။ သူကတော့ Toyota Vellfire ပဲဖြစ်ပါတယ်။

ပထမမျိုးဆက်ကို 2002 Model က နေ 2008 Model ထိ၊ ဒုတိယမျိုးဆက်ကို 2008(Late) Model က နေ 2015 Model ထိ၊ တတိယမျိုးဆက်ကတော့ 2015(Late) Model ၊ ယခုကနေ စပြီးမျိုးဆက်သစ်စတင်ထွက်ပေါ်လာပါပြီ။

ဒီမှာတော့ ပထမျိုးဆက်ကို သာ လူစီးများ အသွင်းများတဲ့ အတွက် ပထမ မျိုးဆက် အကြောင်းပဲ ဖော်ပြပေးလိုက်ပါတယ်။

Alphard ပထမမျိုးဆက်မှာ Alphard V နဲ့ Alphard G ဆိုပြီးတော့ရှိပါတယ်။ အဲ့ဒီ့ Alphard V နဲ့ Alphard G ဆိုတာ ပထမမျိုးဆက်မှာသာရှိပါတယ်။

2008 နောက်ပိုင်းမှာ Alphard ဆိုပြီး သီးသန့်ထွက်သွားတာပါ။ တစ်ချို့တော်တော်များများ က Alphard G ကို Grade ပိုမြင့်တယ်လို့ ပြောကြပါတယ်။

အဲ့ဒီ့အယူအဆ က မှားယွင်းနေပါတယ်။ အားလုံးက အတူတူပါပဲ။ ကွဲလွဲသွားတာ ဆိုလို့ အပြင်ပန်း ရှဲလ်(Grill) အတန်းလေးတွေလောက်ပဲ ကွဲ သွားတာပါ။

အတွင်းခန်းနဲ့ ကျန်တဲ့ အပြင်ပိုင်း က အားလုံး အတူတူ ချည်းပါပဲ။ ဘာလို့ အခေါ်အဝေါ် ကွဲသွားလဲ ဆိုရင် Japan Netz နဲ့ Toyopet ဆိုပြီး အရောင်းကိုယ် စလှယ်ခွဲထားတဲ့ အတွက် ယခုလို့ အခေါ်အဝေါ် တွေကွဲသွားခြင်းပဲ ဖြစ်ပါတယ်။

Kluger L နဲ့ V လိုပေါ့။ Alphard V ကို ရှဲလ်(Grill) အတန်း များတာနဲ့ တွေ့ရပြီး Alphard G ကတော့ ရှဲလ်(Grill) အတန်းနည်းတာနဲ့ ခွဲခြားတာပါ။

ဒီ ပထမမျိုးဆက်မှာ ရုပ်ဟောင်း / ရုပ်ပြောင်း အနေနဲ့ 2003 Late မှာ အနည်းငယ်၊ 2005 Late မှာ အနည်းငယ် ပြောင်းလဲမှုလေးတွေ ရှိခဲ့ပါတယ်။

ဘာတွေပြောင်းလဲ သွားလဲ ဆိုရင်တော့ ရှေ့မီး၊ နောက်မီး၊ ရှဲလ်(Grill) ၊ ဘက်မှန်မီးတန်း လေးတွေ ပြောင်းလဲသွားမှာပါ။

နောက်ပြီး ရုပ်ပြောင်းသွားပြီဆိုရင် ရှေ့ဘက် Camera က 3D Camera ဖြစ်သွားမှာပါ။ 3D ဆိုတာက ရုပ်ကြွကို ပြောတာမဟုတ်ဘူးနော်။ Left/ Right and Ground အဲ့ သုံးမျိုးကို မြင်းကွင်း သုံးခု ပြပေးတာ ကိုပြောတာပါ။ နောက်ပြီး ဘယ်ဘက်မှာ ကြွက်နားရွက်လေးပါဝင်လာပါလိမ့်မယ်။

Toyota Alphard ကို အင်ဂျင်ပါဝါ နှစ်မျိုး နဲ့ တွေ့မြင်နိုင်ပါတယ်။ 2400 CC နဲ့ 3000 CC ဆိုပြီးတော့ပါ။ အင်ဂျင်ပါဝါ တိုင်းမှာ 2WD နဲ့ 4WD ဆိုပြီးရှိပါတယ်။

ပထမမျိုးဆက် အတွက်ကတော့ Chassis ပြောင်းလဲ မှု မရှိခဲ့ပါဘူး။ ဒီ ပထမ မျိုးဆက်မှာတော့ Model တွေ အလိုက် အနည်းငယ် ပြောင်းလဲ မှုသာရှိပြီး မျိုးဆက်ပြောင်းလဲမှု ဖြစ်သွားတော့မှသာ Chassis ကော Body အချိုးအစား က အစ အားလုံး ပြောင်းလဲသွားမှာဖြစ်ပါတယ်။

2400 CC ဖြစ်ပြီး 2WD နဲ့ လာတယ် ဆိုရင်တော့ Chassis အနေနဲ့ ANH10 နဲ့လာမှာဖြစ်ပြီး 4WD ဆိုရင်တော့ ANH 15 နဲ့ လာမှာဖြစ်ပါတယ်။

3000 CC မှာတော့ 2WD ဖြစ်တယ်ဆိုရင် Chassis အနေနဲ့ MNH10 နဲ့ လာပြီး 4WD ဆိုရင် MNH15 နဲ့လာမှာ ဖြစ်ပါတယ်။

Toyota Alphard မှာ Grade ခွဲပေါင်းများစွာရှိပါတယ်။

2400 CC မှာဆိုရင် Grade ခွဲတွေ အနေနဲ့ AS, AX, AX L Edition ဆိုပြီး Grade ခွဲ သုံးခုရှိပါတယ်။

3000 CC မှာဆိုရင် MS, MX, MX L Edition, MZ, MZG ဆိုပြီး Grade ခွဲ ငါး ခုရှိပါတယ်။

အဲ့ဒီ့ Grade ခွဲတွေရဲ့ အရှေ့က A နဲ့ M က ဘာကို ရည်ညွှန်းလဲ ဆိုရင် Chassis ကို ရည်ညွှန်းခြင်းပဲဖြစ်ပါတယ်။ A ဆိုတာကတော့ ANH ပေါ့။ 2400 CC ကို တန်းသိနိုင်ပါတယ်။ M ကတော့ MNH ပေါ့။ 3000 CC ကို တန်းသိနိုင်စေတဲ့ အချက်တွေပါ။

အောက်မှာ ဆက်လက်ပြီး Grade ခွဲတွေရဲ့ ကွာခြားမှုတွေကို ဆက်လက်ရှင်းပြပေးပါမယ်။


AS <> MS
========

AS Grade နဲ့ MS Grade က တူတူပါပဲ။ အင်ဂျင်ပါဝါ အလိုက် ရှေ့ဆုံး စာ လေးပဲ ပြောင်းသွားတာပါ။ AS နဲ့ MS Grade မှာ အတွင်းခဲ အမဲ နဲ့ပါ။

အတွင်းခန်း မဲတဲ့ အတွက် ကျွန်း အမဲဖြစ်ပါမယ်။ လိုက်ကာတွေကတော့ မပါတာ များပါတယ်။ ပါခဲ့ရင်လဲ Manual ပဲဖြစ်ပါတယ်။

A/C ကတော့ Round ဖြစ်ပါမယ်။ ဒီ AS နဲ့ MS Grade ကတော့ အတွင်းခန်း အမဲ ထိုင်ခုံ အမဲ နဲ့ လာတာလဲ ဖြစ်သလို Sport Type ဆန်ပါတယ်။

Sport Type ကား အမျိုးအစားဖြစ်လို့ အတွင်းဘက်မှာ ရှော့ဘား ကို SPORT နဲ့ COMFORT ဆိုပြီး ခလုတ်လေးနဲ့ ကိုယ်ကြိုက်နှစ်သက် ရာရွေးချယ် အသုံးပြုနိုင်ပါတယ်။

အပြင်ပိုင်း အနေနဲ့ Fog Light အဝိုင်းနဲ့ပါ။ ဘေးဘက် အကုန် Skirt ပတ်လည်ပါရှိပါတယ်။ ရှေ့ဘက်ကကြည့်ရင်တော့ အနည်းငယ် နိမ့်နေပါတယ်။

အလွိုင်းအနေနဲ့ ၁၇ လက်မဖြစ်ပြီး Slie Door ၁ဖက် Auto ပါတာ မပါတာ ရှိတဲ့ အတွက် ပုံသေတော့ မှတ်လို့မရပါဘူး။ MS Grade မှာတော့ Slide Door ကတော့ ပုံသေ Manual ပါပဲ။


AX<> MX
=======

AX နဲ့ MX Grade မှာတော့ အတွင်းခန်း အဝါနဲ့ လာပါပြီ။ Steering နဲ့ ဂီယာဘုသီးကတော့ ရိုးရိုးပဲ ရှိဦးမှာပါ။ ဘေးဘက်လိုက်ကာတွေကတော့ ပါဝင်လာပြီး Manual နဲ့သာ လာပါတယ်။

A/C Round ဖြစ်ပါတယ်။ Fog Light ကလဲ လေးထောင့်ဒီဇိုင်းပြောင်းသွားပါပြီ။ Power Slide Door အနေနဲ့ ၁ချပ် ဖြစ်လာပါတယ်။ ဒါကလဲ ပုံသေမှတ်မရပါဘူး။

တစ်ခါတစ်လေလဲ မဖြစ်တတ်ပါဘူး။ ရှေ့ဘက် Camera နဲ့ Original TV ကလဲ ပါတာ ရှိသလို မပါတာ ရှိတဲ့ အတွက် ပုံသေမှတ်သားလို့မရနိုင်ပါဘူး။


AX L <> MX L
============

AX L နဲ့ MX L မှာလဲ အတွင်းခန်း အဝါ ဖြစ်ပါတယ်။ Steering နဲ့ ဂီယာဘုသီးတွေ ကလဲ ကျွန်း တစ်ဝက် Leather တစ်ဝက် ဖြစ်လာပါပြီ။

A/C Round ဖြစ်ပါမယ်။ ဘေးဘက် လိုက်ကာတွေကတော့ AX နဲ့ MX အတိုင်း ပါဝင်လာပြီး Manual ပဲဖြစ်ဦးမှာပါ။

မှန်တွေအကုန်လုံး All Auto ဖြစ်ပါတယ်။ သူ့ကတော့ ၈ ယောက်စီးသာလာပါတယ်။ ၈ ယောက်စီး ဆိုတော့ အလည် လျှောက်လမ်း မပါဝင်ပါဘူး။

Power Slide Door ၁ချပ်ပါဝင်လာပြီဖြစ်ပါတယ်။ MX L မှာတော့ တခါတလေ Power Slid Door ၂ချပ်လည်းတွေ့ရတတ်ပါတယ်။ အပြင်ပိုင်း Fog Light လေးထောင့်ပါ။ ရှေ့နောက် Camera တွေပါဝင်လာပါပြီ။

 

MZ
==

MZ Grade မှာတော့ MX L လိုပဲ Steering နဲ့ ဂီယာဘုသီးတွေက ကျွန်းတစ်ဝက် Leather တစ်ဝက်ပါပဲ။ A/C Round ဖြစ်ပါတယ်။ ဘေးဘက် လိုက်ကာတွေက Auto ဖြစ်သွားပါပြီ။

မှန်အားလုံးလဲ All Auto ပါပဲ။ Power Slide Door ၁ချပ် ဖြစ်ပါမယ်။ သူ့မှာတော့ ၇ ယောက်စီးလဲ လာသလို ၈ ယောက်စီးလဲလာပါတယ်။ ၇ယောက်စီး ကတော့ လာတယ်ဆိုပေမဲ့ ရှားပါတယ်။

သူ့မှာ ထူးခြားချက်တစ်ခုကတော့ Sound System 5.1 Channel ပါဝင်တဲ့ အတွက် အုံးအုံး ဒိုင်းဒိုင်းဖြစ်နေမှာပါ။ TV 2 လုံး ဖြစ်တာရှိသလို၊ မဖြစ်ဘဲ ရှေ့ ၁လုံးထဲလဲဖြစ်တတ်ပါတယ်။

Sunroof/ Moonroof ကတော့ ပါတာလဲ ရှိသလို မပါတာလဲ ရှိတဲ့ အတွက်ကြောင့် ပုံသေမှတ်လို့မရနိုင်ပါဘူး။ Driver ထိုင်ခုံမှာတော့ မော်တာ ပါဝင်လာပါပြီ။ နောက်ဖုံးကတော့ Auto ဖြစ်တာလဲ ရှိသလို မဖြစ်တာလဲ ရှိပါတယ်။


MZG
===

MZG Grade ကတော့ Alphard Series မှာ အမြင့်ဆုံး Grade ပါပဲ။ သူ့မှာတော့ ၇ယောက် စီး သီးသန့်သာလာပြီး အလည် လျှောက်လမ်းပါဝင်လာပါတယ်။

Sunroof/ Moonroof တွေပါဝင်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ခုံသားတွေ အကုန်လုံးက Leather Seats တွေဖြစ်သွားမှာပါ။

ရှေ့ဘက် Driver ဘက်နဲ့ Passenger ဘက်မှာ Motor တွေပါဝင်လာသလို Steering မှာလဲ မော်တာနဲ့ အချိန် အညှိ ပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် ရှေ့နောက် Camera တွေလဲ ပါဝင်လာပါတယ်။ Power Slide Door ၂ချပ် ဖြစ်လာပါပြီ။ ဒါပေမဲ့ ပုံသေမှတ်လို့မရပါ။ တစ်ချပ်ကတော့ ကျိန်းသေ Power Slide Door ဖြစ်ပါတယ်။

နောက်တစ်ချပ်ကတော့ ရံဖန် ရံခါ Manual ဖြစ်နေတတ်လို့ပါ။ ကျန်တာတွေ အားလုံးကတော့ MZ Grade နဲ့ အားလုံး အတူတူ ပဲဖြစ်ပါတယ်။ နောက်ဖုံးကတော့ Auto ဖြစ်လာပါပြီ။

Read 8735 times