Toyota Crown ၏ Grade များအကြောင်း


 Toyota Crown ကို 1955 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ မျိုးဆက်စုစုပေါင်း ၁၄ ဆက်တောင်ရှိခဲ့ပါတယ်။

1st Generation 1955 Model ကနေစတင်ခဲ့ပြီး 14th Generation အထိ နှစ်ပေါင်း ငါးဆယ်ကျော် ရှိပြီဖြစ်ပါတယ်။

Crown ထဲမှာမှ Crown, Crown Confort, Crown Estrate, Crown Majesta, Crown Van နဲ့ Wagon တွေဆိုပြီး ရှိပါတယ်။

အဲ့ထဲကမှ ရှင်းပြပေးမဲ့ မျိုးဆက်ကတော့ 12nd Generation Crown ပဲဖြစ်ပါတယ်။ အခုဒီ Crown ထဲမှာ Royal Extra, Royal Saloon, Athlete ဆိုပြီး ထပ်ရှိသေးပါတယ်။

ဦးစားပေးရှင်းပြပေးမဲ့ အပိုင်းကတော့ ဒီမှာ အတွေ့များနေပြီးတော့ Luxury ဆန်တဲ့ Toyota Crown Royal Saloon အကြောင်းပဲ ဖြစ်ပါတယ်။

အခုရှင်းပြပေးမဲ့ Crown မှာ Engine Power တွေ အနေနဲ့ 2500 CC, 3000 CC နဲ့ 3500 CC ဆိုပြီးတွေ့မြင်ရမှာဖြစ်ပါတယ်။

အခု ဒီ ၁၂ မျိုးဆက်မှာ ရုပ်ဟောင်း/ ရုပ်ပြောင်း ကွဲလွဲမှုလေးတွေလဲ ရှိပါတယ်။

အစပိုင်း 2003 (Late), 2004 ကစပြီးတော့ 2005 ထိကတော့ တစ်ပုံစံတည်း ဖြစ်ပါတယ်။

2005 (Late), 2006 ကစပြီးတော့ 2007 ထိက တစ်ရုပ်ပေါ့။ 2008 မှာတော့ တစ်ရုပ်ဆိုပြီး ရုပ် (၃) မျိုး ပြောင်းခဲ့ပါတယ်။

ရုပ်ပြောင်းဆိုပေမဲ့ မျိုးဆက် ပြောင်းသလို Body မပြောင်းပဲ ရုပ်ပြောင်းတစ်ခုချင်းစီမှာ ရှေ့မီးလုံး၊ နောက်မီးခွက်၊ (Grill) ရှဲလ် နဲ့ ဘန်ဘာ အစရှိတာတွေလောက်ပဲ ပြောင်းသွားတာ ဖြစ်တဲ့အတွက် ပုံစံကြည့်ရုံ နဲ့ သိသာနိုင်ပါတယ်။

အတွင်းခန်းတွေကတော့ 2004 နဲ့2007 ထိပြောင်းလဲမှုသိပ်မရှိပါဘူး။ 2008 Model ကစပြီးတော့ Body အချိုူးအစားပါပြောင်းသွားပြီး ရှေ့မီးမှာ ကြောင်မျက်လုံး ဖြစ်လာပါတယ်။

ဒါတင်မကပဲ Chassis ပါပြောင်းလဲသွားပါတယ်။ အတွင်းခန်းတွေကတော့ 2007 နဲ့ယှဉ်ရင် ကွဲလွဲမှုလေးတွေ တော်တော်များများ ရှိပါတယ်။

ကွဲလွဲ မှုတွေကိုတော့ အောက်မှာ အကျယ်တဝင့် ဆက်လက်ရှင်းပြပေးမှာ ဖြစ်ပါတယ်။

အခု ဒီ Crown Royal Saloon 3000CC မှာ Grade ခွဲ ဆိုလို့ မှတ်သားစရာ သိပ်မရှိပဲ G မဖြစ်တာ ရိုးရိုး ရယ်၊ G ဖြစ်တာရယ် နဲ့ G Multi ဆိုပြီး အဲ့ဒီ့လောက်ပဲ မှတ်သားစရာရှိပါတယ်။

2500 CC မှာတော့ Royal Saloon ရိုးရိုး ရယ်, 60th Special Edition, Premium ရယ်ဆိုပြီးရှိပါသေးတယ်။

G မဖြစ် ရိုးရိုး

G မဖြစ် ရိုးရိုးမှာ တော့ ရှေ့ထိုင်ခုံ နှစ်လုံး မော်တာ ဖြစ်ပါတယ်။ Original TV and Back Camera တွေ ပါလာတယ်။

နောက်ပြီး Cruise Control တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ Air Con က Swing ဖြစ်ပါတယ်။

ကားက အမဲရောင်ဖြစ်ရင် အတွင်ခန်း ကျွန်းမဲ တွေဖြစ်ပြီး အဖြူ ဆိုရင်တော့ အတွင်းခန်း ကျွန်းဝါတွေနဲ့ လာမှာပါ။

Leather ဖြစ်ရင်တော့ ကျွန်းဝါနဲ့ဘဲလာပါတယ်။ Steering မှာ မော်တာပါလာပါတယ်။ 2004 Model နဲ့ 2005 Model တွေမှာ Steering နဲ့ Gear ဘုသီးတွေက လဲကျွန်းဖောက်ဖြစ်ပါတယ်။

2006 Model မှာ Leather ကြိုးချုပ်နဲ့ Gear ဘုသီး တစ်ခုပဲ ကျွန်းဖောက်ဖြစ်မှာပါ။ ဒါ့အပြင် Auto Door Lock System တွေနဲ့ Push Start (Smart Key) စနစ် တွေပါ ပါဝင်ပါတယ်။

G Grade

G Grade မှာတော့ ထိုင်ခုံ လေးလုံး လုံး မော်တာဖြစ်သွားပါတယ်။ Original TV နဲ့ Back Camera တွေလည်းပါဝင်တယ်။

ထပ်တိုးတွေကတော့ Air Con Swing ဖြစ်တဲ့ အပြင် A/C Round ပါဖြစ်လာပါတယ်။ နောက်ဘက်မှာ ရေခဲသေတ္တာတွေပါပါလာပါတယ်။ နောက်လိုက်ကာ အပြင် နောက်ခရီးသည်ထိုင်ခုံ ဘေးဘက် တွေမှာပါ လိုက်ကာတွေ ပါဝင်လာပါတယ်။

နောက်ထိုင်ခုံတွေမှာလည်း မော်တာပါလာပါမယ်။ Driver ထိုင်ခုံPosition ကို ၃မျိုး မှတ်သားနိုင်ပါတယ်။

5.1 channel sound system ပါဝင်လာတဲ့ အတွက် သီချင်း အမိုက်စားလေး တွေနဲ့ ဒုံးဒုံး ဒိုင်းဒိုင်း လုပ်ရင်တောင် စပီကာ အက်ကွဲသံ လုံး၀ ရှိမှာမဟုတ်ပါဘူး။

2006 Model မှာတော့ တံခါးလက်ကိုင် Leather တွေဖြစ်လာပါပြီ။ Airbag က ၈ လုံးထိ ပါလာပါပြီ။ အပြင်ပိုင်း ဘေးဖောင်းလိုင်းမှာ နီကယ် တန်းတွေလဲပါဝင်လာပါမယ်။ ကျန်တာအကုန်တူတူပါပဲ။

2008 Model မှာတော့ အတွင်းခန်း ခေါင်မိုးသား အနည်းငယ်ချောမွေ့သွားပါမယ်။ Air Con ဒီဇိုင်းလေးတွေ အနည်းငယ်ပြောင်းလဲသွားပါတယ်။

ထိုင်ခုံသားတွေက ရွေရောင် ဖောက်ပုံစံတွေဖြစ်လာပါတယ်။ ရှေ့ခုံ ခြေကျော်တန်း တင်မက အနောက်မှာပါ Crown တံဆိပ် က ခြေကျော်တန်းမှာပါလာပါတယ်။

G Multi

G Multi ကတော့ အမြင့်ဆုံးပါ။ သူ့မှာ ဘာတွေပါလာလဲဆိုရင်တော့ Heater တွေပါဝင်လာပါပြီ။ နောက်ပြီးတော့ ကား တစ်စီးနဲ့ တစ်စီး အရမ်းနီးကပ်ရင် အချက်ပြစနစ်ဖြစ်တဲ့ Sonar ပတ်လည်ပါဝင်လာပါပြီ။

Parking Auto ထိုးပေးနိုင်တဲ့ စနစ်တွေလဲပါဝင်လာပါပြီ။ sound system တွေလဲပိုမိုကောင်မွန်လာပါတယ်၊ ခေါင်မိုးနဲ့ထိုင်ခုံတွေမှာပါ Speaker တွေပါဝင်လာပါတယ်။

ဒါ့အပြင် (Side Camera) ဘေးဘက် ဘက်မှန်အောက်မှာ Camera ပါဝင်လာမှာဖြစ်ပါတယ်။ Sunroof တွေကတော့ ပါတာလဲ ရှိသလို မပါတာလဲရှိပါတယ်။ G Multi ကတော့ ၂၀၀၈ မှာဘဲတွေ့ရပါတယ်။

2500 CC

2500CC ရိုးရိုးမှာတော့ ထူးထူးခြားခြားဘာမှပါ။ နောက် လိပ်ကာ၊ cruise control စတဲ့ function တွေမပါလာပါဘူး။

60th Special Edition မှာတော့ နောက် လိပ်ကာ တွေပါလာပြီး cruise control လဲပါဝင်လာပါတယ်၊ ထိုင်ခုံမော်တာတွေပါဝင်လာပါတယ်။

5.1 channel sound system ဖြစ်သွားပါပြီ။ ဒီ Grade မှာထူးခြားတာက ကျွန်းတွေက အမဲဖောက်သွားပါတယ်။

Chassis တွေအနေနဲ့ ကတော့ 2500 CC ဖြစ်ပြီး 2WD ဆိုရင် GRS180 ဖြစ်ပြီး 4WD ဆိုရင်တော့ GRS181 ဖြစ်ပါတယ်။

3000 CC ရဲ့ 2WD မှာတော့ GRS182 ဖြစ်ပြီး 4WD ဆိုရင်တော့ GRS183 ဖြစ်ပါတယ်။

3500 CC ရဲ့ မှာတော့ 2WD တစ်မျိုးသာလာပြီး Chassis ကတော့ GRS184 ဆိုပြီးဖြစ်သွားပါတယ်။

အခုပြောတာတွေကတော့ 2004 မှစပြီး 2007 ထိ Chassis တွေပါ။

2008 Model

2008 Model မှာတော့ မီးလုံးတွေ မီးခွက်တွေကအစ သိသိ သာသာ ပြောင်းလဲလာပါတယ်။ ဒါ့အပြင် Body အချိုးအစား ပြောင်းလဲသွားပါတယ်။

ဘယ်လိုပြောင်းလဲသွားလည်း ဆိုရင်တော့ ရှေ့ဘက်မီးခွက်က အရင်နဲ့ မတူတော့ ဘဲ ကြောင်မျက်လုံးပါသွားပါတယ်။ မီးခွက် ဒီဇိုင်းကလဲ တမူ ထူူးသွားပါတယ်။

ဒီတင်မက နောက်မီးခွက် က လဲ မီးတန်းလေးတွေ ပိုလှသွားပါတယ်။ ဘရိတ်မီးက အောက်ဘက်ရောက်သွားပြီး အချက်ပြမီးတန်း အဖြူလေးက ဘရိတ်မီးအပေါ်ကိုရောက်ရှိသွားပါတယ်။

ဘေးဘက် Body အချိုးအစားလေး တွေကတော်တော်လေး ဆန်းသစ်လာပါတယ်။ အတွင်းခန်း အနေနဲ့ကလဲ ထိုင်ခုံ Position နဲ့ Steering Position ကို လိုသလို မှတ်ထားပေးလို့ရပါတယ်။

ကိုယ် ထိုင်လိုက်တာနဲ့ အလို အလျှောက် ချိန်ညှိပေးတဲ့ စနစ်ပေါ့။ ကျွန်တော်တို့ 2004 to 2007 မှာလို ထိုင်ခုံပဲ မှတ်တာမဟုတ်တော့ပါဘူး။

Chassis တွေအနေနဲ့ကလဲ အရင်နဲ့ မတူတော့ပါဘူး။ 2500 CC ရဲ့ 2WD မှာ GRS200 နဲ့လာပြီး 4WD မှာတော့ GRS201 နဲ့လာပါတယ်။

3000 CC မှာတော့ 2WD ဆိုရင် GRS202 နဲ့လာပြီး 4WD ဆိုရင်တော့ GRS203 နဲ့လာပါတယ်။

3500 CC မှာတော့ အရင်အတိုင်းပဲ 4WD မလာပါဘူး။ 2WD တစ်ခုပဲလာပါတယ်။ Chassis ကတော့ GRS204 ဖြစ်ပါတယ်။

Read 12273 times