ဗီယက်နမ် ဘီလျံနာ လျှပ်စစ်ဆိုင်ကယ် တက္ကဆီ ဝန်ဆောင်မှု စတင်


ဗီယက်နမ် ဘီလျံနာ လျှပ်စစ်ဆိုင်ကယ် တက္ကဆီ ဝန်ဆောင်မှု စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ် ဘီလျံနာ Pham Nhat Vuong ထူထောင်သည့် GSM (Green and Smart Mobility Joint Stock Company) ၏ Facebook စာမျက်နှာတွင် Green SM Bike ဆိုင်ကယ်တက္ကဆီ ဝန်ဆောင်မှု ဩဂုတ်လ ၁၄ ရက်တွင် ဟနွိုင်မြို့မှာ တရားဝင် စတင်ကြောင်း ကြေညာခဲ့သည်။
Green SM သည် လျှပ်စစ်ဆိုင်ကယ်များဖြင့် တက္ကဆီဝန်ဆောင်မှုကို စမ်းသပ်ကာလ ပြေးဆွဲခဲ့သည်။ စက်သံ မဆူညံခြင်း၊ ခြေသလုံးကို အိပ်ဇောအပူ မထိခြင်း၊ ငြိမ့်ညောင်းခြင်း၊ ဓာတ်ဆီအခိုးနံ့ မရှိခြင်းတို့ကြောင့် လူကြိုက်များခဲ့သည်။

 

 

တက္ကဆီပြေးဆွဲသည့် လျှပ်စစ်ဆိုင်ကယ်များမှာ VinFast Feliz S မော်ဒယ် လျှပ်စစ်ဆိုင်ကယ်များဖြစ်ပြီး ဈေးနှုန်းမှာ ဒေါင် သန်း ၅၀ ($2100) ဖြစ်ပါသည်။ 

GSM သည် ဆိုင်ကယ်မောင်းသမားများ ခေါ်ယူခန့်ထားသည်။ ဆိုင်ကယ်မောင်းသမားသည် တစ်လလျှင် ဝင်ငွေ ဒေါင် ၁၈ သန်း($755)အထိ ရနိုင်သည်။ 
Green SM Bike အမည်ဖြင့် ဝန်ဆောင်မှု ပေးအပ်ရန် ဆိုင်ကယ်မောင်းသမား ၂ သောင်းကျော် ခေါ်ယူထားသည်။
ဗီယက်နမ်တွင် တက္ကဆီခေါ်ပေးသည့် အက်ပ်များသည် ကော်မရှင် ၂၀ မှ ၃၀% အထိ ယူကြသည်။ GSM က ၁၅.၅% မျှသာ ယူသည်။
လက်ရှိတွင် မြို့ကြီး ၉ မြို့တွင် ပြေးဆွဲနေပြီး ယခုနှစ်အတွင်း ၂၇ မြို့အထိ တိုးချဲ့မည်။

ဗီယက်နမ်တွင် ဆိုင်ကယ်ပိုင်ဆိုင်မှု အစီးရေ ၄၂ သန်း ဝန်းကျင်ရှိပြီး တစ်နှစ်လျှင် ဆိုင်ကယ်အသစ် ၃ သန်း ဝန်းကျင် ရောင်းအား ရှိသည်။
Source vietnaminsider 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 424 times