Tesla စီးရေ ၁ သိန်း Hertz အမှာစာ စီးရေ ၅ သောင်းအောက်သာ ရရှိ


Tesla စီးရေ ၁ သိန်း Hertz အမှာစာ စီးရေ ၅ သောင်းအောက်သာ ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla ထံ လျှပ်စစ်ကား အစီးရေ ၁ သိန်း မှာကြားခဲ့သည့်  ကြီးမားသော  အမှာစာ၏ ထက်ဝက်မျှသာ ရရှိခဲ့ကြောင်း Hertz က ထုတ်ဖော်ပြောကြားခဲ့သည်။


၂၀၂၁ ခုနှစ်တွင် Hertz သည် ၎င်း၏ အငှားကားများကို လျှပ်စစ်ကားများ အဖြစ်သို့ ပြောင်းလဲရန်ကြိုးပမ်းအားထုတ်သွားမည်ဟု ကြေညာခဲ့သည်။
ထို့နောက် Tesla Model 3 အီးဗီ စီးရေ ၁ သိန်း မှာကြားခဲ့သည်။မကြာသေးခင်က Model Y အီးဗီများကို အမှာစာတွင် ထပ်ထည့်ခဲ့သည်။

စင်းလုံးငှား အငှားကားကုမ္ပဏီ Hertz က ၂၀၂၂ နှစ်ကုန်တွင် Tesla ကားအစီးရေ ၁ သိန်းကို  အားလုံးရှိရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ သို့သော် Tesla က အချိန်မီ ထုတ်လုပ်ပေးပို့နိုင်ခြင်း မရှိခဲ့ချေ။

 Hertz ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် Tesla ထံမှ ၂၀၂၂ နှစ်ကုန်အထိ စီးရေ ၄၈,၃၄၄ လက်ခံရရှိခဲ့ကြောင်း ဖော်ပြထားသည်။
 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အမေရိကန်ဈေးကွက်အတွက် Hertz တွင် ကားစီးရေ ၄၂၈,၇၀၀ ရှိနေပြီး ၁၁% သည် Tesla ကားများ ဖြစ်သည်။ Hertz သည် နိုင်ငံတကာဈေးကွက်တွင် Tesla ကား ၁,၁၈၇ စီး အသုံးပြုထားသည်။


အမေရိကန်ဈေးကွက်တွင် နိုင်ငံတကာလေဆိပ်မှာ Hertz စင်းလုံးငှား နှုန်းထားမှာ Model Y တစ်စီး တစ်ရက် ငှားလျှင် ၆၉ ကန်‌ဒေါ်လာမှ စတင်သည်။ Model 3 မှာ ၅၁ ကန်ဒေါ်လာ ပေးရမည် ဖြစ်သည်။

Uber တွင် တက္ကဆီမောင်းသော ယာဉ်မောင်းများကိုလည်း Hertz က ကားအငှား ချသည်။ စမ်းသပ်အဆင့်အဖြစ် Tesla ကား ၅ သောင်း ငှားရမ်းပေးသည်။ အကယ်၍ အစီအစဉ် အောင်မြင်မှု ရရှိပါက စီးရေ ထပ်တိုးပေးမည်ဟု Hertz က ပြောကြားသည်။
ဥရောပဈေးကွက်တွင် Tesla နှင့်  Polestar အီးဗီ စီးရေ ၂၅,၀၀၀ အငှားချမည်ဟု Hertz နှင့် Uber တို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Source Electrek 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 293 times