Honda Fit Shuttle ကို ဝယ်မည့်သူများ အတွက်အထောက်အကူဖြစ်စေရန် Model Year ၊ Grade ခွဲနည်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ Honda Fit Shuttle မှာ 1.3 Hybrid(GP2) နဲ့ 1.5 Petrol Only(GG7) တို့ဖြင့်လာပြီး ဒီမှာအသုံးများတဲ့ Fit Shuttle Hybrid(GP2) အကြောင်းပဲပြောပြပါမယ်။
Fit Shuttle ကို 2011/6 လပိုင်းတွင်စတင်ထုတ်ပြီး 2013/8 လပိုင်းမှာ အတွင်းအပြင်ရုပ်အနည်းငယ်ပြောင်းလဲသွားပါတယ်။ Grade တွေကလဲ Model ပေါ်မှုတည်ပြီ ကွဲပြားသွားပါတယ်။2011/6 ကနေ 2012/6 လပိုင်းထိ C grade ၊ Hybrid grade ၊ Smart Selection grade ၊ Navi Premium Selection grade တွေလာပါတယ်။ ဒီမှာ မှတ်သားစရာတစ်ခုက 2012/6 လ နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာတွေကြိုက်ကြပြီး Premium ဂရိတ်မှာပါတဲ့ ပစောက်တီဗွီကိုမထုတ်တော့ပါဘူး။ နောက်ပိုင်းမော်ဒယ်မြင့်တွေမှာ Honda ရဲ့ genuine audio access ဖြစ်တဲ့ Gathers TV တွေနဲ့ပဲလာပါတော့တယ်။ ဒါကြောင့်မို့လို့ 2012/6 နောက်ပိုင်းမှာ ပစောက်တီဗွီပါတဲ့ Premium ဂရိတ်လဲမရှိတော့ပါဘူး။
2012/7 ကနေ 2013/7 လပိုင်းမှာ C grade ၊ Hybrid grade ၊ Smart Selection grade ၊ Hybrid Fine Line ၊ Hybrid Smart Selection Fine Line ဆိုတဲ့ Limited ဂရိတ်တွေထပ်ထွက်လာပါတယ်။ရုပ်ပြောင်းဖြစ်တဲ့ New Facelift တွင် 2013/8 ကနေ 2013/11 လပိုင်းမှာ C grade ၊ Hybrid grade ၊ Smart Selection grade ထုတ်ပြီး 2013/12 ကနေ 2014/4 လပိုင်းမှာ Hybrid Cool Edition ၊ Hybrid Smart Cool Edition ဆိုတဲ့ Limited ဂရိတ်တွေအဖြစ်ထုတ်ခဲ့ပါတယ်။
ဂရိတ်ခွဲတွေရဲ့အကြောင်းကို အကြမ်းဖျဉ်းပဲပြောပြပါ့မယ်။ ဘာလို့လဲဆိုရင် ဂျပန် first owner က သူ့စိတ်ကြိုက်ဆင်ပြီးစီးထားတဲ့ကားဆိုရင် မှန်းရခက်ပါတယ်။ ဒါပေမယ့် ဘယ်ဂရိတ်မှာ ဘယ်ဟာတော့ပါရမယ်ဆိုတာကိုပြောပါမယ်။C grade က အနိမ့်ဆုံးဂရိတ်ပါ။ ဘက်မှန်မီးချောက်မပါ ပါးခြမ်းမီးနဲ့၊ ရိုးရိုးထိုင်ခုံ ၊ Curise Control မပါ ၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ် မပါ ၊ Side Skirt မပါ ၊ လက်ကိုင်ကွင်းတစ်ခုသာ ပါပါတယ်။Hybrid grade တွင်အတော်စုံလင်လာပါတယ်။ ဘက်မှန်မီးချောက် ပါးခြမ်းမီးမပါဝင်တော့ပါ ၊ half leather seats ၊ curise control ၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ် ၊ Side Skirt ၊ လက်ကိုင်ကွင်းလေးကွင်းတွေပါသွားပြီဖြစ်ပါတယ်။
Smart Selection grade မှာ smart key system ၊ HID headlight ၊ စတီယာရင်ကြိုးချုပ် ၊ ရှေ့လေကာမှန် ဆန်းရှိတ်ဖြစ်ပြီး ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်။Navi Premium Selection grade ကအစုံဆုံးဂရိတ်ဖြစ်ပြီး ပစောက်တီဗွီ ၊ Cool Box ၊ စီယာရင်ကြိုးချုပ် ၊ ဘက်မှန်ရှေ့လေကာမှန် အပူပေးစနစ် ၊ foglight၊ နောက်ယင်းလိပ် ၊ alloy wheels တို့ပါဝင်ပြီး ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်။Hybrid Fine Line ကို 2012 နှစ်လယ်လောက်မှာစထုတ်တဲ့ limited ဂရိတ်ဖြစ်ပါတယ်။ ပါးခြမ်းနှစ်ဖက်တွင် hybrid တံဆိပ်၊ အအေးဗူးထည့်ခွက်အတွင် မီး၊ စတီယာရင်ကြိုးချုပ် တို့ဖြစ်သွားပါတယ်။ ကျန်တာ Hybrid ဂရိတ်အတိုင်းပဲဖြစ်ပါတယ်၊Hybrid Smart Fine Line က smart key system ၊ HID headlight၊ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်။
2013 Smart Selection grade ရုပ်ပြောင်းမှာတော့ paddle shift ၊ smart key system ၊ အဲကွန်း ion လေသန့်စနစ် ၊ ထိုင်ခုံအပူပေးစနစ် ၊ နောက်ထိုင်ခုံလက်တင် ၊ ကျန်တာ Navi Premium ဂရိတ်အတိုင်းဖြစ်ပါတယ်။Hybrid Cool Edition ကို 2013 late နဲ့ 2014 မှာသာတွေ့ရပါတယ်။ ထိုင်ခုံအသားနဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီး ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်။Hybrid Smart Cool Edition က smart key system ၊ ထိုင်ခုံအသားနဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီး ကျန်တာ 2013 Smart Selection grade အတိုင်းပဲဖြစ်ပါတယ်။
Credit;Car Thadin Sone