ကျပ်သိန်း ၂၅၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် MPV အမျိုးအစား Honda Freed


Honda က ထုတ်လုပ်တဲ့ Freed ဟာ အင်ဂျင်ပါဝါ ၁၅၀၀ စီစီသာ ရှိပေမဲ့ လူငါးဦးကနေ ရှစ်ဦးအထိ စီးနိုင်တဲ့အတွက် မိသားစုများတဲ့သူတွေ ရွေးချယ်သင့်တဲ့ကားအမျိုးအစား ဖြစ်ပါတယ်။

နောက်ပြီး ဒီကားက Alphard ၊ Wish ၊ Noah တို့လို အရွယ်အစားမကြီးတဲ့အတွက် ကားပါကင်အတွက်လည်း စိတ်ပူစရာမလိုပါဘူး။ အခုနောက်ပိုင်းမှာ Honda Freed ကို ရုံးဖယ်ရီ ၊ ကျောင်းဖယ်ရီအနေနဲ့ အသုံးပြုလာတာလည်း တွေ့ရပါတယ်။ Honda ကုမ္ပဏီကနေ Honda Freed ကို ၂၀၀၈ ခုနှစ်ကစလို့ ဘက်စုံသုံး Mini MPV အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကို Mobilio နေရာမှာ အစားထိုးဖို့အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး Honda ရဲ့ နာမည်ကြီး Fit နဲ့ Jazz တို့ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒီကားမှာ Version သုံးမျိုးရှိပြီး ငါးယောက်စီး ၊ ခုနှယောက်စီး ၊ ရှစ်ယောက်စီးအနေနဲ့ ခွဲခြားထားပါတယ်။ နောက်ပြီး သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေ စီးနင်းနိုင်ဖို့အတွက် Wheel Chair တပ်ဆင်ပြီးတော့လည်း ဝယ်ယူနိုင်ပါတယ်။

အင်ဂျင်အမျိုးအစား

Honda Freed ကို အင်ဂျင်ပါဝါ ၁၅၀၀ စီစီတစ်မျိုးတည်း ထုတ်လုပ်ထားပြီး 2WD ၊ 4WD နှစ်မျိုးခွဲခြားထားပါတယ်။ မြင်းကောင်ရေအားကတော့ ၁၁၈ ကောင်းဖြစ်ပြီး Auto ဂီယာ ငါးချက်ဖြစ်ပါတယ်။ အင်၈ျင်အမျိုးအစားက L15A ဖြစ်ပြီး 2WD ရဲ့ Chassis က GB3 ၊ 4WD ရဲ့ Chassis က GB4 ဖြစ်ပါတယ်။ Honda Freed ကို ၂၀၁၆ မိုဒယ်မှာ Hybrid Version အနေနဲ့လည်း တွေ့ရပါတယ်။

ဈေးနှုန်း

Honda Freed ၂၀၁၀ ၊ ၂၀၁၁ မိုဒယ်မှာ ထိုင်ခုံသုံးတန်းကားက ဈေးပိုများပြီး နံပါတ်အမြင့်နဲ့ဆိုရင် ကျပ်သိန်းသုံးရာအထက်မှာ ရှိပါတယ်။ ထိုင်ခုံနှစ်တန်း ရန်ကုန်လိုင်စင်ကားတွေကတော့ ကျပ်သိန်းနှစ်ရာနဲ့ ၂၅၀ ဝန်းကျင်မှာ ရှိပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Honda Freed ကို ငါးယောက်စီး ၊ ခုနှစ်ယောက်စီး ၊ ရှစ်ယောက်စီးအနေနဲ့ ထုတ်လုပ်ထားပြီး ဘေးတံခါးတွေက Sliding Door ဖြစ်ပါတယ်။ ၂၀၁၁ မိုဒယ်မှာဆိုရင် G ၊ G Just Selection ၊ G Aero စတဲ့ ဂရိတ်သုံးမျိုးရှိပြီး G Just Selection နဲ့ G Aero Grade တွေမှာ Aircon Auto ဖြစ်သွားပါတယ်။ G Aero က Grade အမြင့်ဆုံးဖြစ်လို့ သားရေစတီယာရင် ဖြစ်သွားသလို Original TV Back Camera လည်း ပါသွားပါတယ်။ နောက်ပြီး ဒီ Grade မှာ Original Alloy Size ၁၅ လက်မ ပါရှိပါတယ်။

Source;Automobile Journal

Read 3969 times