Honda Insight ကို ၁၉၉၉ခုနှစ်ကစတင်ထုတ်လုပ်ထားပြီး ဂရိတ်များနှင့်Chassis နံပါတ်များအများကြီးထုတ်လုပ်ထားခြင်းမျိုးမဟုတ်ဘဲမျိုးဆက်နှစ်ခုအတွက် Chassis သုံးမျိုးဖြင့်သာထုတ်လုပ်ပါသည်။
ပထမမျိုးဆက်ကို ၁၉၉၉ခုနှစ်မှ၂၀၀၆ခုနှစ်ထိ ထုတ်လုပ်ပြီး ဒုတိယမျိုးဆက် ၂၀၀၈ခုနှစ်မှ၂၀၁၄ခုနှစ်အထိ ထုတ်လုပ်ပါသည်။
Chassis များကိုပထမမျိုးဆက်အတွက် ZE1 ဖြစ်ပြီး ဒုတိယမျိုးဆက်အတွက် ZE2,ZE3 နှစ်မျိုးဖြင့် ထုတ်လုပ်ပါသည်။
ZE1 ကိုတော့အင်ဂျင်အရွယ်အစား ၉၉၅စီစီဖြင့်ထုတ်လုပ်ပြီး၊ ZE2 ကိုအင်ဂျင်အရွယ်အစား ၁၃၃၉စီစီ၊ ZE3 ကိုအင်ဂျင်အရွယ်အစား၁၅၀၀စီစီဖြင့်ထုတ်လုပ်ရောင်းချပါသည်။
ပထမမျိုးဆက် ZE1ကိုစတင်ထုတ်လုပ်ချိန်၁၉၉၉ခုနှစ်ကစပြီး ၂၀၀၆ခုနှစ်အထိတံခါးနှစ်ပေါက် နှစ်ယောက်စီးရှေ့ဆွဲအင်ဂျင်ရှေ့ထိုင်အင်ဂျင်နှင့်ထုတ်လုပ်ပါသည်။
အင်ဂျင်အရွယ်၉၉၅စီစီဟိုက်ဘရစ်ကားကို ၂၀၀၆အထိထုတ်လုပ်ပြီးနောက်ထုတ်လုပ်မှုကို သုံးနှစ်တာရပ်နားထားခဲ့ပါသည်။
၂၀၀၉ခုနှစ်ပြန်လည်ထုတ်လုပ်ချိန်တွင်ယခုမြင်တွေ့နေရသည့်Honda Insight များ၏ဒီဇိုင်းအတိုင်း တံခါးလေးပေါက်၊ ငါးယောက်စီး၊ ရှေ့ထိုင်၊ရှေ့ဆွဲအင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ထားပါသည်။
အင်ဂျင်အရွယ်အစားမှာ ၁၃၃၉စီစီ(၁၃၀၀စီစီ)ဖြစ်ပါသည်။
ပထမမျိုးဆက်မှာBase Gradeတစ်မျိုးတည်းကိုသာထုတ်လုပ်ပြီး အတွင်းခန်းသေးသေး ၊ ကားသေးသေးကိုသာထုတ်လုပ်ခဲ့ပါသည်။
၂၀၀၉ခုနှစ်ကစတင်ထုတ်လုပ်သည့်ဒုတိယမျိုးဆက်မှာတော့ LS,L,G ဆိုပြီး ဂရိတ်၃မျိုးကိုခွဲခြား ထုပ်လုပ်လာပါသည်။
L Grade သည် Honda Insight များထဲတွင်အမြင့်ဆုံးဂရိတ်တစ်ခုဖြစ်ပြီးဘေးက နောက်ကြည့်မှန်အချက်ပြမီး၊ တံခါးလက်တင်၊ နောက်ခန်း Cargo Box မီး၊ အလွိုင်းခွေ၊ အလွိုင်းဖုံးတွေ ပါဝင်တာတွေ့ရပါသည်။
ကားအဲကွန်းဒီဂျစ်တယ်ကွန်ထရိုးလ်၊ ပါဝါဝင်းဒိုး၊ ပါဝါစတီယာရင်၊ ရှေ့နောက်ပတ်လည်စကတ်အကြီး၊ ရှေ့စကတ်Fog Light တို့ပါဝင်သည်ကိုတွေ့ရပါသည်။
LS Gradeသည် Honda Insight ဂရိတ်တွေထဲတွင်အမြင့်ဆုံးဂရိတ်ဖြစ်ပြီးရှေ့နောက် ပတ်လည်စကတ်အကြီး၊ Fog Light ၊ အလွိုင်းခွေဆိုဒ်အကြီး၊ လေကာမှန် Sunshade ၊ ဘေးမှန်ပတ်လည်အရောင်ဝင်ပါသည်။
အတွင်းခန်းအဲကွန်းပတ်လည်၊ စပီကာလေးခု၊ လေအိပ်၆လုံး၊ ပါဝါစတီယာရင်၊ စတီယာရင်Paddle Shift , Volume Control ၊ Smart Key တို့ဖြစ်ပါသည်။
G Grade သည်ဒုတိယမျိုးဆက် Honda Insight တွေထဲမှာတော့ များထဲတွင်အနိမ့်ဆုံးဂရိတ်ဖြစ်ပြီး အတွင်းခန်းအဲကွန်းဒီဂျစ်တယ်ကွန်ထရိုး၊ ပါဝါစတီယာရင်၊ ပါဝါဝင်းဒိုး၊ Remote Key၊ လေအိပ်လေးလုံးနှင့် ရှေ့နောက်စကတ်အသေးဖြစ်ပြီး Fog Light မီးပေါက်သာပါဝင်ပါသည်။
LS Grade အမြင့်ဆုံးဖြစ်လို့ နောက်မှန်ဝိုက်ဘာ Fog Light အစုံအလင် ပါဝင်ပေမယ့် L ,G Grade တွေကိုလည်း ထပ်မံတပ်ဆင်ခြင်း၊ ပြင်ဆင်တပ်ဆင်ခြင်းတွေ ပြုလုပ်ခြင်းဖြင့် ဂရိတ်အမြင့်ဆုံး နီးပါးဖြစ်နိူင်ပါသည်။
ပြည်တွင်းဈေးကွက်ထဲမှာတော့ LS,L,G Grade တွေ အားလုံးကိုတွေ့နိူင်ပြီး ဈေးနှုန်းတွေကတော့ ဂျပန်အသုံးပြုပြီးကားတွေကို ကျပ်သိန်း၁၀၀၀န်းကျင်မှကျပ်သိန်း၁၄၀ လောက်အထိ ပေါက်ဈေးရှိပါသည်။
Source:7days car