အဆင့်မြင့်ဝပ်ရှော့များ ပေါ်ပေါက်လာသဖြင့် Honda Insight အသုံးပြုသူများ များပြားလာပါသည်။
ဘက်ထရီနှင့် အင်ဂျင်တွဲဖက်ပြီး မောင်းနှင်ခြင်းက ဆီစားအထူးသက်သာပြီး မီးခိုးထွက်နည်းသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်သော အကျိုးကျေးဇူးများကိုလည်း သိရှိလာကြပါသည်။ Honda Insight Hybrid ကားကိုအသုံးပြုသူများ သိထားသင့်သည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။
၁။ IMA Battery
IMA အင်တီဂရိတ်တက်မော်တာကို အထောက်အပံ့ပေးနေခြင်းက IMA Battery ဖြစ်ပါသည်။ ဘက်ထရီနှင့် ပတ်သတ်ပြီး စိုးရိမ်လွန်ကဲသည်များ ရှိခဲ့သော်လည်း လီသီယမ်အိုင်းယွမ်း ဟိုက်ဘရစ်ဘက်ထရီများသည် အာမခံသက်တမ်းအတွင်း ပျက်ဆီးရန် ခဲယဉ်းပါသည်။
သို့သော်သာမန်ကားများထက် အားနည်းချက်က ဟိုက်ဘရစ်ဘက်ထရီချို့ယွင်းလျှင် လဲလှယ်ရခြင်းဖြစ်ပါသည်။ ဟိုက်ဘရစ်ဘက်ထရီတွင် ပြဿနာရှိနေလျှင် အချက်ပြမီးလင်းပြီး သတိပေးနိုင်ပါသည်။
IMA မီးလင်းခြင်းသည် ယခုလိုမိုးရာသီတွင် အဖြစ်များပါသည်။ ဖလိုင်းဝှီး (fly wheel) နေရာက IMA motor သည် အောက်တွင် ဒရိန်းပေါက်ပါသည်။ အင်ဂျင်ဝိုင်၊ စီဗီတီဝိုင်များ Shaft seal ပေါက်သွား၍ ရောက်လာခြင်းများကို drain လုပ်ရန်ဖြစ်ပါသည်။ ကားရေထဲမြှုပ်သွားလျှင် မော်တာထဲအထိ အနည်းအများဝင်ရောက်လာသည့်အခါ IMA မီးလင်းပါသည်။ ထိုကဲ့သို့ အခြားအစိတ်အပိုင်းများ၏ အားနည်းချက်များကိုလည်း အင်ဂျင်ချက်မီးလင်းပြီး သတိပေးနိုင်သော ကွန်ပျူတာစနစ်ပါရှိပါသည်။
၂။ အော်တိုစတော့ပ်စနစ်
Honda Insight မှ အင်ဂျင်ကို အလိုအလျောက်ရပ်တန့်စေသော Auto Stop စနစ်ပါရှိပါသည်။ ကား၏ ကွန်ပျူတာက မည်သည့်အချိန်တွင် ကားရပ်တန့်ရန် လိုအပ်သည်ကို အမြဲထောက်လှမ်းနေပြီး ရန်တန့်ရန်လိုအပ်သည့်အခါအင်ဂျင်၏ ဆီပေးစနစ်များကို ထိန်းချုပ်ပြီး ရပ်တန့်စေခြင်းဖြစ်ပါသည်။ မလိုအပ်ဘဲ ဆီကုန်ခြင်းမျိုးမဖြစ်စေရန် ထိန်းချုပ်ရင်း လျှပ်စစ်မော်တာကို လည်ပတ်သော ဟိုက်ဘရစ်စွမ်းအင်ကို ရှောင်တခင် လည်ပတ်စေခြင်းဖြစ်ပါသည်။
Auto Stop စနစ်အရ အင်ဂျင်ရပ်တန့်သွားခြင်းသည် ပြဿနာတစ်ခုမဟုတ်ဘဲ နည်းအမျိုးမျိုးဖြင့် စက်နှိုးရန် ကြိုးစားရန်မလိုအပ်ကြောင်းကို Honda Insight Hybrid နှင့် အတွေ့အကြုံရှိသူတိုင်း သိပါသည်။
အင်ဂျင်ရပ်သွာသည်နှင့် လျှပ်စစ်နှင့် အလုပ်လုပ်သည့်ဘက်ကို လှည့်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အင်ဂျင်ရပ်တန့်ပြီး ၁၂ စက္ကန့်အကြာတွင် အလိုအလျောက် စက်ပြန်နိုးမည်ဖြစ်သည်။ ထိုအရာမှာ ယာဉ်ကြောကျပ်တည်းပြီးယာဉ်လမ်းကြောင်းပိတ်ဆို့သည့်အချိန်နှင့် မီးပွိုင့်တွင် ရပ်တန့်ရသော အချိန်များတွင် Auto Stop စနစ်က ဆီစားသက်သာစေခြင်းဖြစ်ပါသည်။ သို့သော် စိုထိုင်းဆများသော အချိန်နှင့် ဘက်ထရီပါဝါလျော့နည်းသော အချိန်များတွင်ပြဿနာရှိတက်သည်ကို သတိထားရပါမည်။
၃။ လောင်ကျွမ်းမှုနည်းသော နည်းလမ်း
ယာဉ်မောင်းသူသည် ယာဉ်၏ အမြန်နှုန်းပြုပြင်သော နေရာတွင် လောင်ကျွမ်းမှုနည်းသော Lean Burn Mode ကိုနည်းလည်ထားရန် လိုအပ်ပါသည်။ ထိုအရာသည် လီဗာကို မရွေ့လျားဘဲ ပါဝါလျော့ကျသွားခြင်းမျိုးဖြစ်ပြီးမီးခိုးထုတ်လွှတ်ခြင်း မများစေရန် ထိန်းကျောင်းပေးခြင်းဖြစ်ပါသည်။ အမြန်နှုန်း ၁၀ စက္ကန့်မှ ၂၀ စက္ကန့်အထိ ဖြတ်တောက်ထားနိုင်ပါသည်။ ထိုအတွက် လီဗာကို အချိန်ကြာကြာ ပြန်နင်းထားသည်နှင့် ပုံမှန်အမြန်နှုန်းကိုအမြန်ပြန်ရောက်လာပါမည်။
၄။ အသံမြည်ခြင်း
Honda Insight ကို ထုတ်လုပ်သောသူများသည် လောင်စာစွမ်းဆောင်ရည်အမြင့်ဆုံး အသုံးပြုနိုင်ရန် အဆင့်မြင့်ကြိုးပမ်းအားထုတ်ထားသည်။ ထို့အတွက် Honda Insight ၏ ကိုယ်ထည်ကို အပေါ့ပါးဆုံးဖြစ်ရန် အလေးချိန်ကိုလျှော့ချထားသည်။ ထိုအထဲတွင် ပြင်ပက အသံများ ဝင်ရောက်မလာစေရန် ကာကွယ်သော sound insulation ပစ္စည်းများကိုပါလျှော့ချပါသည်။ ထို့ကြောင့် မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ ရွှီခနဲမြည်သောအသံ၊ သိသာထင်ရှားသောအသံများ ကြားနေရသည်ဟု ယာဉ်မောင်းသူများမှ ဆိုကြပါသည်။
အမြန်မောင်းနှင်သည့်အခါ ကားဘီးများ၏ ပွတ်တိုက်သံများပါ ကြားရသည်ဟု ထုတ်လုပ်သူများက ဝန်ခံထားပါသည်။ ယာဉ်မောင်းသူများအတွက် အဖြေမှာ အရှိန်လျှော့ပြီး အရှိန်လျှော့ပြီး မောင်းနှင်ရန်ဖြစ်ပါသည်။
၅။ တွန့်လိမ်ခါယမ်းတက်ခြင်း
Honda Insight ၏ ဒီဇိုင်းသည် နောက်ပိုင်းကို ရှူးထားသည်။ လေထု၏ ခုခံအားကို အတက်နိုင်ဆုံး လျှော့ချခြင်းက ဆီချွေတာရေးတိုးမြှင့်ပေးပြီး စွမ်းဆောင်ရည်မြင့်မားရန်ဖြစ်သည်။ နောက်တာယာနှစ်ခုစလုံးက ရှေ့တာယာတစ်စုံထက်ပါးပါးလျလျတပ်ဆင်ထားသည်။
အဝေးပြေးလမ်းတွင် မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ တာယာ၏ ခပ်ပါးပါးတုန်ခါခြင်းက Honda Insight ကို တွန့်လိမ်ခါယမ်းစေပါသည်။ လုံခြုံစိတ်ချစေမှုကို နှောင့်ယှက်သည်အထိ မဟုတ်သော်လည်း ထိုသဘာဝကို ယာဉ်မောင်းသူများ သိရှိထားရန်လိုပါသည်။