Honda Odyssey ထုတ်လုပ်သည့်ဂရိတ်များွထဲတွင် Touring Elite ဂရိတ်မှာအမြင့်ဆုံးဂရိတ်ဖြစ်ပြီး LX က အနိမ့်ဆုံးဂရိတ်ဖြစ်ပါသည်။
ဟွန်ဒါ Odyssey ရဲ့ အပြင်ကိုယ်ထည်ပိုင်းတည်ဆောက်ပုံမှာ တခြား Mini Van-1Box ကိုယ် ထည်အမျိုးအစား ကားတွေနဲ့မတူဘဲကွဲလွဲနေပါသည်။
ရှေ့တံခါးလက်ကိုင်နဲ့ နောက်တံခါးလက်ကိုင်တွေကကပ်လျက် တပ်ဆင်ထားပြီး နောက်တံခါးက ထိုးတံခါးဖြစ်ပါတယ်။
၂၀၁၆ မော်ဒယ်မှာ ထူးထူး ခြားခြားပါဝင်လာတာက နောက်ကြည့်မှန်အချက်ပြမီးများ ွအပြင်နောက်ကြည့်မှန်အောက်တွင်ကင်မရာပါဝင်လာပါသည်။
EX-L မော်ဒယ်အထက် ဂရိတ်တွေဖြစ်တဲ့ EX-L, Touring,Touring Elite ဆိုတဲ့ ဂရိတ်သုံးမျိုး အတွက် နောက်မီးတန်းအပြည့် ပုံစံနဲ့ထုတ်လုပ်ပြီး တခြားဂရိတ် တွေကိုတော့ အလယ်မှာရောင် ပြန်မီးတန်းအရောင်ကွဲလောက် သာ တပ်ဆင်ထုတ်လုပ်တာ တွေ့ ရပါတယ်။
ဒါ့အပြင် EX-L, Touring, Touring Elite ဂရိတ်တွေကို Smart Entry စနစ်ဖြင့် SmartKey စနစ်ကို အသက်သွင်းထုတ်လုပ်ထားပါသည်။
ရှေ့ရှဲလ်မှာ ပါကင်ဆင်ဆာစနစ်နဲ့ ကင်မရာတစ်လုံး၊ Fog light မီးတို့ကိုလည်း တပ်ဆင်ထုတ်လုပ်လာ တာ တွေ့ရပါတယ်။
ကိုယ်ထည်ပိုင်း တည် ဆောက်မှုရဲ့ နောက်ဆုံးဆွဲဆောင်နိုင်တဲ့အချက်ကတော့ အလွိုင်းခွေ၁၈ လက်မကို တပ်ဆင်ထုတ်လုပ် ထားခြင်းတို့ဖြစ်ပါတယ်။
Odyssey ရဲ့ အတွင်းခန်းမှာထိုင်ခုံ သုံးတန်းဖြစ်ပြီးနောက်ထိုင်ခုံများခေါက်သိမ်းထားသည်နှင့် ဂီယာလက်ကိုင်က Dashboard အထိုင်ဖြစ်ပါသွားပါသည်။
၂၀၁၆ Odyssey အတွင်းခန်းတည်ဆောက်မှုမှာထူးခြားသောအချက်များထပ်မံဖြည့်စွက် ထုတ်လုပ်ထားပါသည်။
နောက်ခန်းထိုင်ခုံများကိုခေါက်သိမ်းလိုက်ပါကနောက်ခန်းတစ်ခန်းလုံးကမျက်နှာပြင်အညီဖြစ်သွားပြီး ကုန်ပစ္စည်းနဲ့အထုပ်အပိုးအများအပြားဝင်ဆံ့မည်ဖြစ်ပါသည်။
ဟွန်ဒါ Odyssey လို့ပြောရင်အင်ဂျင်အရွယ်အစား၂၂၀၀စီစီ၊၂၃၀၀စီစီနဲ့ ၃၀၀၀စီစီလောက် အထိသာ လူသိများပြီး ထုတ်လုပ်မှုသက်တမ်းတစ်လျှောက်လုံးမှာလည်း ၂၀၁၅ အထိ ယင်းအရွယ် အစားအင်ဂျင်တွေနဲ့သာ ထုတ်လုပ်လာခဲ့သည်ကိုတွေ့ရပါသည်။
သို့သော် ၂၀၁၆ ဟွန်ဒါ Odyssey တွင် ၃၅၀၀စီစီ i-VTEC အင်ဂျင်ကိုပါ တပ်ဆင် ထုတ်လုပ်လာထားပါသည်။
အင်ဂျင်အရွယ်က ၃၅၀၀စီစီဖြစ်လို့ ဆီစားနှုန်းမြင့်မည်ဟုထင်ရသော်လည်း i-VTEC ရဲ့ VCM နည်းပညာပေါင်းစပ်ထုတ်လုပ်မှုကြောင့် အင်ဂျင်အရွယ်နဲ့ မလိုက်အောင်ဆီစားနှုန်းသက်သာနေသ်ညကိုတွေ့ရပါသည်။
Honda Odyssey 2016 ရဲ့ ဂရိတ်အလိုက်ဈေးနှုန်းများမှာ
Touring Elite ---------USD44875
Touring ----- USD42305
EX-L -------- USD36050
SE --------- USD33500
EX --------- USD32550
LX -------- USD29400 ကျသင့်မည်ဖြစ်ပါသည်။
ပြည်တွင်းဈေးကွက်ထဲတွင် Honda Odyssey ကို ၂၀၀၉/၂၀၁၀ မော်ဒယ်တွေအထိသာ အတွေ့များပြီး မော်ဒယ်အမြင့်ပိုင်းကိုတင်သွင်းနှုန်းနည်းပါးနေသည်ကိုတွေ့ရပါသည်။
ယင်းဈေးနှုန်းမှာ စက်ရုံထုတ်တိုက်ရိုက်ရောင်းဈေးဖြစ်ပြီးဝယ်ယူတင်သွင်းတဲ့နိုင်ငံပေါ်မူတည်ပြီး သဘောၤတင်ခ၊ ပင်လယ်ရေကြောင်းအာမခံနဲ့ ပြည်တွင်းကသတ်မှတ်တဲ့အခွန်းနှုန်းထားများွကို ထပ်မံဖြည့်စွက်တွက်ချက်နိုင်မည်ဖြစ်သည်။
Honda Ody-ssey 2016 ကို ရွေးချယ်ဝယ်ယူနိုင်မည့်အရောင်များမှာအပြာ၊ အနီ၊ ခဲရောင်၊ မီးခိုးရောင်၊အနက်ရောင်နဲ့ ပုလဲဖြူရောင်များဖြစ်ပါသည်။
Source:7 day car