Honda Vazel ကို Subcompact Crossover SUV တစ်စီးအဖြစ် Honda ကုမ္ပဏီမှ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။
Honda Vazel ကို ၁၅၀၀ စီစီအင်ဂျင်တစ်မျိုးတည်းနှင့်ထုတ်လုပ်ထားပြီး 2WD,4WD အင်ဂျင်နှင့်သာမက Hybrid အင်ဂျင်နှင့်လည်းထုတ်လုပ်ထားပါသည်။
ချက်စီအနေဖြင့်ခွဲမည်ဆိုပါကရိုးရိုးအင်ဂျင် 2WD က RU1,4WD က RU2 ဖြစ်ပါသည်။
Hybrid အင်ဂျင်မှာ 2WDက RU3 ဖြစ်ပြီး 4WD က RU4 ဖြစ်ပါသည်။
ရိုးရိုးအင်ဂျင်မှာ G,X,S ဂရိတ်များရှိပြီး G ဂရိတ်မှာ 2WD, 4WD နှစ်မျိုးရှိသော်လည်း X,S ဂရိတ်များမှာ 2WD တစ်မျိုးတည်းကိုထုတ်လုပ်ထားပါသည်။
Honda Vezel က SUV အမျိုးအစားဖြစ်သည့်အတွက်ငါးယောက်စီးတံခါးငါးချပ်ဖြစ်ပါသည်။
ရှေ့တံခါးနှစ်ချပ်မှာ Nissan Juke ကဲ့သို့အဖွင့်၊ အပိတ်လက်ကိုင်ကတံခါးထောင့်တွင်ရှိသည့်အတွက် ရုတ်တရက်ကြည့်မည်ဆိုပါက တံခါးနှစ်ချပ်ကားဟုထင်စေပါသည်။
G ဂရိတ်က Base Grade ဖြစ်သည့်အတွက် Cruise Control မပါသကဲ့သို့ Leather Seat နှင့်လည်းရရှိမည်ဖြစ်ပါသည်။
X မှာ Side Airbag,LED Headlight နှင့် Cruise Control ပါသွားပါသည်။
G နှင့် X ဂရိတ်မှာ အလွိုင်းဆိုက် ၁၆ လက်မဖြစ်ပြီး S ဂရိတ်ဖြစ်သွားပါကအလွိုင်းဆိုက် ၁၇ လက်မဖြစ်ပါသည်။
S ဂရိတ်မှာ Paddle Shift နှင့် Roof Rail ပါသွားပါသည်။
Hybrid ဖြစ်ပါက နောက်မီးမှာ LED မီးခွက်ဖြစ်သွားပါသည်။
ဂရိတ်အားလုံးမှာ Push-start, Steering Volume Control, Digital Aircon(Touch Botton) ဖြစ်သွားပါသည်။
Honda Vezel ကို Hybrid အင်ဂျင်နှင့်တင်သွင်းမှုများပြီး ၂၀၁၄ မိုဒယ်ကိုရန်ကုန်လိုင်စင်နှင့်စလစ်ကပ်ပြီးတင်သွင်းမည်ဆိုပါက ရိုးရိုးအင်ဂျင်ကိုကျပ်သိန်း ၅၅၀ ဝန်းကျင်ကျသင့်မည်ဖြစ်ပါသည်။
Hybrid ဆိုပါကကျပ်သိန်းခြောက်ရာဝန်းကျင်ကျသင့်မည်ဖြစ်ပါသည်။