ကျပ်သိန်း ၆ဝဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Compact SUV ကား ( Honda Vezel )


Honda က ထုတ်လုပ်တဲ့ Subcompact Crossover SUV ကားအမျိုးအစားဖြစ်ပြီး Honda HR-V ၊ Honda Crossroad, Honda CR-V တို့ရဲ့ မျိုးဆက်တစ်ခုလည်း ဖြစ်ပါတယ်။

Honda Vezel ကို ၂၀၁၃ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အင်ဂျင်ပါဝါ ၁၅၀၀ စီစီပဲရှိတဲ့အတွက် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရလို့ Nissan Juke လိုပဲ တင်သွင်းမှုများခဲ့တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ စတင်ထုတ်လုပ်ခဲ့တဲ့ Compact SUV အမျိုးအစား Honda Vezel ကို ဂျပန်ပြည်တွင်းမှာ Vezel လို့ ခေါ်ဝေါ်ကြပေမယ့် တခြားနိင်ငံတွေမှာတော့ HR-V မျိုးဆက်ဖြစ်လို့ Honda HR-V လို့လည်း ခေါ်ကြပါတယ်။ Honda Vezel ဟာ Honda ‘Urban SUV Concept’ ကားဒီဇိုင်းကို အခြေခံထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ မြောက်အမေရိကန် အင်တာနေရှင်နယ်မိုတာရှိုးမှာ Honda HR-V အနေနဲ့လည်း မိတ်ဆက်ပြသခဲ့ပါတယ်။

အပြင်ခန်းနှင့် အတွင်းခန်းအပြင်အဆင်

Honda Vezel ကို နောက်မီးခွက်ကြည့်ရုံနဲ့ ရိုးရိုးအင်ဂျင်လား၊ hybrid လားဆိုတာ ခွဲခြားနိင်ပါတယ်။ Hybrid ရဲ့ နောက်မီးက LED မီးခွက်ဖြစ်သွားပြီး ပါးခြမ်းမှာလည်း Hybrid ဆိုတဲ့ စာတန်းလေး ပါပါတယ်။ ဂရိတ်အနေနဲ့ G, X, S, Hybrid X, Hybrid Z, Hybrid XL, Hybrid XL Package စတဲ့ ဂရိတ်တွေရှိပြီး  G ဂရိတ်က Base Grade ဖြစ်လို့ Crusie Control မပါသလို Leather Seat လည်း မဖြစ်ပါဘူး။

Image result for honda vezel 2018 inside

X Grade မှာ Cruise Control ပါဝင်လာပြီး LED HeadLight ဖြစ်သွားပါတယ်။S ဂရိတ်ဖြစ်ရင် Alloy Size က ၁၇ လက်မဖြစ်သွားပြီး Shift Paddle နဲ့ ခေါင်မိုးမှာ Roof Rail ပါသွားပါတယ်။ Hybrid ဂရိတ်တွေထဲမှာ XL Package နဲ့ Hybrid XL က ဂရိတ်အမြင်ဖြစ်ပြီး Alloy Size ၁၇ လက်မဖြစ်သွားသလို Roof Rail လည်း ပါဝင်လာပါတယ်။ နောက်ပြီး Hybrid တွေမှာ Hybrid Only Design ဒိုင်ခွက်နဲ့ Multi Information Display တွေ ပါဝင်လာပါတယ်။

အင်ဂျင်အမျိုးအစား

Related image

Honda Vezel ကို ၁၅၀၀ စီစီ ဓာတ်ဆီအင်ဂျင်နဲ့ ထုတ်လုပ်ထားသလို Hybrid အနေနဲ့လည်း ထုတ်လုပ်ပေးထားပါတယ်။ အင်ဂျင်နှစ်မျိုးစလုံးကို 2WD. 4WD ထုတ်လုပ်ထားပြီး Chassia နံ့ပါတ်နဲ့ ခွဲမယ်ဆိုရင် Hybrid 2WD က RU3, Hybrid 4WD က RU4, ရိုးရိုးအင်ဂျင် 2WD က RU1 နဲ့ 4WD က RU2 ဖြစ်ပါတယ်။

ဈေးနှုန်း

Honda Vezel ၂၀၁၃၊ ၂၀၁၄ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် ကျပ်သိန်းခြောက်ရာနဲ့ ၆၅၀ ကြားရှိပြီး Hybrid ပါတဲ့ကားတွေကလည်း ဒီဈေးတန်းနဲ့ အနည်းငယ်ပဲ ကွာခြားမှုရှိပါတယ်။

Source:Automobile 

Read 819 times