မိုဒယ်မြင့် SUV တစ်စီးဖြစ်တဲ့ Honda Vezel ကို Subcompact Crossover SUV တစ်စီးအဖြစ် Honda ကုမ္ပဏီကနေ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Vezel ကို New York Auto Show မှာ မိတ်ဆက်ပြသခဲ့ပြီး ဥရောပနဲ့ အမေရိကန်မှာ Honda HR-V အနေနဲ့ ရောင်းချခဲ့ပါတယ်။
ဒီကားက HR-V ရဲ့ ဒုတိယမျိုးဆက်လို့ ပြောမယ်ဆိုရင် မမှားပါဘူး။ Honda ကနေ Vezel ကို Ubran SUV အနေနဲ့ ထုတ်လုပ်ခဲ့ပြီး Vezel ဆိုတဲ့ စကားလုံးကို 'Bezel သွေးထားတဲ့ ကျောက်မျက်ရတနာ မျက်နှာပြင်' ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ရှေ့စာလုံး B နေရာ Vehicle နဲ့ အစားထိုးပြီး Vezel လို့ အမည်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အင်ဂျင်အမျိုးအစား
Honda Vezel ကို ၁၅၀၀ စီစီ အင်ဂျင်တစ်မျိုးတည်းနဲ့ ထုတ်လုပ်ထားပြီး 2WD ၊ 4WD အင်ဂျင်နဲ့တင်မက Hybrid အင်ဂျင်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ ချက်စီအနေနဲ့ခွဲမယ်ဆိုရင် ရိုးရိုးအင်ဂျင် 2WD က RU1 ၊ 4WD က RU4 ဖြစ်ပါတယ်။ Hybrid အင်ဂျင်မှာ 2WD က RU3 ဖြစ်ပြီး 4WD က RU4 ဖြစ်ပါတယ်။ ရိုးရိုးအင်ဂျင်မှာ G ၊ X ၊ S ဂရိတ်တွေရှိပြီး G ဂရိတ်မှာ 2WD ၊ 4WD နှစ်မျိုးရှိပေမဲ့ X ၊ S ဂရိတ်တွေမှာတော့ 2WD တစ်မျိုးတည်းကို ထုတ်လုပ်ထားပါတယ်။
ဈေးနှုန်း
Honda Vezel ကို Hybrid နဲ့ လူကြိုက်ပိုများပြီး ၂၀၁၃ ၊ ၂၀၁၄ မိုဒယ် ကားတွေရဲ့ ဈေးက ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်၊ ကားအရောင်နဲ့ အက္ခရာ၊ ဂရိတ်တွေအပေါ်မူတည်လို့ ကျပ်သိန်းခြောက်ရာကနေ ခုနှစ်ရာကြား ရှိပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
Honda Vezel က SUV အမျိုးအစားဖြစ်တဲ့အတွက် ငါးယောက်စီး တံခါးငါးချပ်က ပုံမှန်အတိုင်းဖြစ်ပြီး နောက်တံခါး နှစ်ချပ်ကတော့ Nissan Juke လို အဖွင့်/အပိတ်လက်ကိုင်က တံခါးထောင့်မှာရှိတဲ့အတွက် ရုတ်တရက်ကြည့်မယ်ဆိုရင် တံခါးနှစ်ချပ်လို့ ထင်ရပါတယ်။ G ဂရိတ်က Base Grade ဖြစ်တဲ့အတွက် Cruise Control မပါသလို Leather Seat နဲ့လည်း ရရှိမှာမဟုတ်ပါဘူး။ X ဆိုရင်တော့ Side Airbag ၊ Led Headlight နဲ့ Cruise Control စတာတွေပါသွားပါတယ်။ G နဲ့ X ဂရိတ်တွေမှာ အလွိုင်းဆိုဒ် ၁၆ လက်မဖြစ်ပြီး S ဂရိတ်ဖြစ်သွားရင် အလွိုင်းဆိုဒ် ၁၇ လက်မ ဖြစ်သွားပါတယ်။ S ဂရိတ်မှာ Paddle Shift နဲ့ Roof Rail ပါသွားပါတယ်။ Hybrid ဖြစ်ရင် နောက်မီးက LED မီးခွက် ဖြစ်သွားပါတယ်။ ဂရိတ်အားလုံးမှာ Push-start ၊ Steering Volume Control ၊ Digital Aircon(Touch Botton) ဖြစ်သွားပါတယ်။