Huawei က AIOT M5 စတင်မိတ်ဆက်
AIOT M5 ဟာ Huawei နဲ့ စီးပွားဖက် လျှပ်စစ်ကား ထုတ်လုပ်တဲ့ SERES တို့ ပူးပေါင်း ထုတ်လုပ်လိုက်တဲ့ကား ဖြစ်ပြီး Huawei ရဲ့ HarmonyOS Smart Cockpit အဦးဆုံး စသုံးတဲ့ SUV ဖြစ်ပါတယ်။
ယခင်က SF Motors လို့ ခေါ်ခဲ့တဲ့ SERES က လျှပ်စစ်မော်တော်ယာဉ်နဲ့ ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သူ ဖြစ်ပြီး ရုံးချုပ်ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား စန်တာကလာရာမှာ ထားရှိပါတယ်။ တရုတ်နိုင်ငံရှိ Chongqing Sokon Industry Group လက်အောက်ခံ လုပ်ငန်းဖြစ်ပါတယ်။
၂၀၂၁ ဧပြီလမှာ Huawei နဲ့ စီးပွားဖက်အဖြစ် အီးဗီထုတ်လုပ်ဖို့ လက်တွဲခဲ့ပါတယ်။ Huawei က မိခင်ကုမ္ပဏီ Chongqing Sokon ကို ဝယ်ယူသိမ်းပိုက်ဖို့ လုပ်ကိုင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ယခုအထိတော့ ပိုနေမြဲကျားနေမြဲ ပါပဲ။
ဒီဇင်ဘာလ ၂၃ ရက်မှာ အိုင်စီတီ လုပ်ငန်းကြီး HUAWEI က SERES နဲ့ ပူးတွဲလုပ်ဆောင်ထားတဲ့
အရွယ်အလတ်စား SUV ဖြစ်တဲ့ AITO M5 (M5) ကို ပွဲထုတ်လိုက်ပါတယ်။
M5 က SERES ရဲ့ brand အသစ်ဖြစ်တဲ့ AITO brand ဖြင့် အဦးဆုံး ထုတ်လုပ်လိုက်တဲ့ကား။ဖြစ်ပါတယ်။ HUAWEI ရဲ့ HarmonyOS intelligent cockpit တပ်ဆင်ပေးထားပြီး HUAWEI ရဲ့ DriveONE လျှပ်စစ်စနစ်ကို သုံးထားပါတယ်။
intelligent four-wheel drive (4WD) ဖြစ်ပြီး ယာဉ်ရှေ့ပိုင်းနဲ့ နောက်ပိုင်းတို့မှာ မော်တာတစ်လုံးစီ တပ်ဆင်ထားပါတယ်။ ပါဝါအမြင့်ဆုံး 365kW အထိ ထုတ်ပေးနိုင်ပါတယ်။
သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ ကို ၄.၄ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။
အားအပြည့်သွင်းပြီးရင် ခရီးတာ 1,195 km အထိ မောင်းနှင်နိုင်ပါတယ်။
အလွှာနှစ်ထပ် အသံလုံ မှန်ကို သုံးထားပြီး ပြင်ပမှ ဆူညံသံတွေ မကြားရအောင် လုပ်ပေးထားတယ်။ “library-like” စာကြည့်လို အသံတိတ်ဆိတ်မယ်လို့ ဆိုပါတယ်။ ကားရဲ့အသံ NHV (noise, vibration and harshness ) က 56.9dB ရှိပါတယ်။
HarmonyOS intelligent cockpit က ယာဉ်နဲ့ မိုဘိုင်းဖုန်းများ၊ smart homes ၊ smart wearables အစရှိတဲ့ ကိရိယာတွေနဲ့ ချိတ်ဆက်ပေးထားနိုင်ပါတယ်။
M5 မှာ CMS (Camera Monitor System) ကင်မရာ ၁ ခု၊ DMS (Digital Video Recorder) ကင်မရာ ၁ ခု၊ DVR (Driver Monitoring System) ကင်မရာ ၁ ခု၊ visual sensing ကင်မရာ ၁ ခု အစရှိတဲ့ ကင်မရာများအပြင် long-range ultrasonic radars နဲ့ three millimeter-wave radars စုစုပေါင်း ၁၂ ခု ကိုလည်း တပ်ဆင်ပေးထားပါတယ်။
ယာဉ်ဉာဏ်ရည်ပိုင်းမှာ level2+autonomous , blind-spot alert, lane cruising assistance, 360° intelligent parking အစရှိသည်တို့ ပါဝင်ပါတယ်။
M5 ရောင်းဈေးက ယွမ် ၂၅၀,၀၀၀ မှ ၃၂၀,၀၀၀ အထိ ဖြစ်ပါတယ်။
အစမ်းမောင်းဖို့ ဇန်နဝါရီလ ၂၀ ရက်မှာ စတင်စီစဉ်ပေးမယ်လို့ ကြေညာထားပါတယ်။
ကြိုတင်အမှာစာတွေကိုတော့ တရုတ်နှစ်သစ်ကူး (ဖေဖော်ဝါရီလ ၁ ရက်) နောက်ပိုင်းမှာ စတင်ပို့ပေးမယ်လို့ ဆိုပါတယ်။
Source: Huawei