Huawei  ရဲ့  Aito  ၂၀၂၂ ရောင်းအား လျာထားချက် မပြည့်


Huawei  ရဲ့  Aito  ၂၀၂၂ ရောင်းအား လျာထားချက် မပြည့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လျှပ်စစ်ကားကဏ္ဍထဲသို့ ဝင်ရောက်လာတဲ့ တရုတ်နည်းပညာလုပ်ငန်းကြီး Huawei Technologies Co  က ကားထုတ်လုပ်ရေးလုပ်ငန်း Seres နှင့် ပူးတွဲလုပ်ကိုင်ပြီး ထုတ်လုပ်တဲ့ Aito ဟာ Huawei ရဲ့ ပထမဆုံးမော်ဒယ် လျှပ်စစ်ကားဖြစ်ပါတယ်။ 
Huawei က Aito  ၂၀၂၂ ရောင်းအားကို စီးရေ ၃ သိန်း လျာထားခဲ့ပါတယ်။ 
တရုတ်ပြည်တွင်းကားဈေးကွက်မှာ အီးဗီတွေ အကြိတ်အနယ် ယှဉ်ပြိုင်နေကြရပြီး Tesla က ဈေးလျှော့ရောင်းတဲ့နည်းလမ်းဖြင့် ယှဉ်ပြိုင်တာ တွေ့ကြရပါတယ်။ 
တရုတ်ပြည်စီးပွားရေးကလည်း ကိုဗစ်မူဝါဒနှင့် ကိုဗစ်ကူးစက်မှုများကြောင့် ထိုင်းမှိုင်းနေဆဲ ဖြစ်ပါတယ်။
၂၀၂၂ ဒီဇင်ဘာလမှာ Huawei နှင့် တွဲဘက်လုပ်ကိုင်တဲ့ မော်ဒယ်အပါအဝင် Aito စီးရီးမော်ဒယ်များရဲ့ ရောင်းအားက ၁၀,၁၄၃ စီးဖြစ်ပါတယ်။ 
Aito ကို ၂၀၂၂ မတ်လမှာ စတင်ထုတ်လုပ်ခဲ့ပြီး ဒီဇင်ဘာလကုန်အထိ စီးရေ ၇၆,၁၈၀ ရောင်းချခဲ့ပါတယ်။ 
Huawei ၏ ကားယူနစ် အကြီးအကဲ Yu Chengdong မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ၂၀၂၂  ခုနှစ်မှာ စီးရေ ၃ သိန်း ရောင်းချဖို့
 ရည်မှန်းချက်နှင့် အလှမ်းကွာနေပါတယ်။
Aito ရောင်းအား အခြေအနေ ဆိုးဝါးခဲ့တာ မဟုတ်ဘဲ ရည်မှန်းချက် ကြီးမားလွန်းနေတာလို့ သုံးသပ်ကြပါတယ်။
Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1189 times