Hyundai က တရုတ်ပြည်မှ ကားစက်ရုံများ ရောင်းချမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ကိုရီးယားကားကုမ္ပဏီကြီး Hyundai Motor သည် လျှပ်စစ်ကား အစီအစဉ်ကို လာမည့်ဆယ်နှစ်အတွင်း ကန်ဒေါ်လာ ၂၈ ဘီလီယံ အကုန်အကျခံကာ အရှိန်မြှင့်လုပ်ဆောင်သွားမည်။
ရောင်းအားမကောင်းသည့် တရုတ်ပြည်မှ ကားစက်ရုံများကို ရောင်းချမည်။
ရောင်းအား သုံးပုံတစ်ပုံ
ရောင်းအားအရ ကမ္ဘာ့တတိယအဆင့်ရှိသည့် Hyundai နှင့် Kia တို့သည် ၂၀၃၀ ခုနှစ်တွင် အီးဗီ စီးရေ ၁.၈၇ သန်း ရောင်းချရန် လျာထားသည်ကို စီးရေ ၂ သန်းဟု တိုးမြှင့်သတ်မှတ်လိုက်သည်။
စုစုပေါင်းရောင်းအား၏ သုံးပုံတစ်ပုံသည် အီးဗီ ရောင်းအား ဖြစ်ရန် ရည်မှန်းထားသည်။ ယခုနှစ်တွင် ၈% ဟု လျာထားသည်။
ရည်မှန်းချက်ပြည့်မီရန် အီးဗီများကို ဈေးကွက်ရှိရာ နိုင်ငံတွင် ထုတ်လုပ်ပြီး ၎င်းနိုင်ငံမှ အီးဗီအတွက် ပေးအပ်သည့် အကျိုးခံစားခွင့်များ၊ အခွန်သက်ညှာမှုများ၊ အခြားမက်လုံးများကို ရယူမည်။
အဓိကအားဖြင့် အမေရိကန်၊ ဥရောပနှင့် တောင်ကိုရီးယားတို့တွင် ထုတ်လုပ်မည်။
အမေရိကန်သည် Hyundai အဖို့ အကြီးမားဆုံး ဈေးကွက်ဖြစ်သည်။ ယခုအခါ ကားထုတ်လုပ်မှု စုစုပေါင်း၏ ၇% ကို အမေရိကန်တွင် ထုတ်လုက်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ၇၅% အထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။
တရုတ်ပြည်မှာ ထုတ်လုပ်မှု လျှော့ချမည်
ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင် Hyundai Motor သည် ၂၀၁၆ ခုနှစ်အထိ အမြတ်များ ရရှိခဲ့သည်။ ယခုအခါ အရှုံးပြနေသည်။ ပြည်တွင်းကားလုပ်ငန်းများက ဈေးကွက်ဝေစုများ ရယူထားကြသည်ဟု စီအီးအို Jaehoon Chang က ပြောကြားသည်။
တရုတ်ပြည်တွင် Hyundai Motor သည် ၂၀၂၁ တွင် စက်ရုံတစ်ရုံ ပိတ်သိမ်းပြီး စက်ရုံကို ရောင်းချခဲ့သည်။ ယမန်နှစ်က စက်ရုံ တစ်ရုံ ပိတ်သိမ်းခဲ့သည်။ ယခုနှစ်တွင် နောက်ထပ်စက်ရုံတစ်ရုံကို ပိတ်သိမ်းမည်။ ၎င်းစက်ရုံနှစ်ရုံကို ရောင်းချမည်။
နောက်ထပ် စက်ရုံ နှစ်ရုံ ကျန်ရှိသည်။ ၎င်းစက်ရုံ နှစ်ရုံတွင် ပြည်ပသို့ တင်ပို့ရန်အတွက် ကားများ ထုတ်လုပ်မည်။
တရုတ်ပြည်တွင် ထုတ်လုပ်ရေးလိုင်း ၁၃ လိုင်း ရှိနေသည်ကို ၈ လိုင်းသို့ လျှော့ချမည်။ အမြင့်တန်းနှင့် SUV မော်ဒယ်များ ထုတ်လုပ်မည်။
ဘက်ထရီ အမျိုးအစား ပြောင်းလဲသုံးစွဲ
ဘက်ထရီ ထုတ်လုပ်ရေးနှင့် နောက်မျိုးဆက် ဘက်ထရီ ထုတ်လုပ်ရေးတို့အတွက် Hyundai Motor သည် လာမည့် ဆယ်နှစ်တွင် ဝမ် ၉.၅ ထရီလီယံ (ကန်ဒေါ်လာ ၇.၄ ဘီလီယံ) သုံးစွဲသွားမည်။
Hyundai Motor သည် ဘက်ထရီ အမျိုးအစား ပြောင်းလဲသုံးစွဲရန် စီစဉ်နေသည်။ လစ်သီယမ် အိုင်းယွန်း ဘက်ထရီများထက် စျေးသက်သာသော လီသီယမ်-သံ-ဖော့စဖိတ် ဘက်ထရီများကို သုံးစွဲမည်။
Hyundai Motor ၏ ဘက်ထရီ အစီအစဥ်များတွင် အထူးပြုကုမ္ပဏီများ၊ startups လုပ်ငန်းသစ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပါဝင်သည်။ ထို့ပြင် တည်ငြိမ်သောထောက်ပံ့မှု ရရှိစေရန် ဘက်ထရီကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်မည်။ ၂၀၂၈ မှစ၍ သုံးစွဲမည့် ဘက်ထရီ ၇၀% ကျော်ကို ၎င်း၏ ဖက်စပ်လုပ်ငန်းများမှ ရယူရန် ရည်မှန်းထားသည်။
အမြတ် ၁၀% နှင့်အထက်
ဆိုးလ်အခြေစိုက် မော်တော်ကားထုတ်လုပ်သူသည် ၂၀၃၀ ခုနှစ်တွင် အီးဗီ တစ်စီး ရောင်းချတိုင်း လုပ်ငန်းလည်ပတ်အမြတ်ငွေ ၁၀% သို့မဟုတ် ထို့ထက်ပို၍ ရရှိရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။
Source asiafinancial
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL