Hyundai Ioniq 6 ကြိုတင်မှာယူမှု၂၄  နာရီအတွင်း စီးရေ ၃၇,၀၀၀  ကျော် 


Hyundai Ioniq 6 ကြိုတင်မှာယူမှု၂၄  နာရီအတွင်း စီးရေ ၃၇,၀၀၀  ကျော် 

 

အံ့သြဖွယ်စံချိန်သစ်က  တောင်ကိုရီးယားမှာ လျှပ်စစ်မော်ဒယ်အသစ်အတွက် ကြီးမားသော ဝယ်လိုအား ရှိနေကြောင်း ပြသနေပါတယ်။  တောင်ကိုရီးယားတွင် All-New Ioniq 6 မော်ဒယ် စတင်ရောင်းချသည့် ပထမဆုံးနေ့တွင်  ကြိုတင်မှာယူမှု ၃၇,၄၄၆ ကို လက်ခံရရှိထားကြောင်း Hyundai မှ ကြေညာခဲ့ပါတယ်။ ယခင်မော်ဒယ် Hyundai Ioniq 5 ကို ၂၀၂၁ ဖေဖော်ဝါရီလ မှာ ရောင်းချခဲ့စဉ်က ပထမနေ့ ၂၄ နာရီအတွင်း ၂၃,၇၆၀ စီး ကြိုတင်အမှာစာ ရရှိခဲ့တာထက် Ioniq 6 က ပိုများပါတယ်။ 

Kia EV6 ကို တောင်ကိုရီးယားမှာ စတင်ရောင်းချစဉ်က ပထမနေ့ ၂၄ နာရီမှာ ကြိုတင်အမှာစာ စီးရေ ၂၁,၀၀၀ ကျော် ရရှိခဲ့ပါတယ်။ Ioniq 6 ကို အမေရိကန်နှင့် ဉရောပဈေးကွက်များမှာ ရောင်းချတဲ့အခါမှာလည်း ယခုလိုပဲ အားပေးကြလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ယခုအခါ ကြိုတင်အမှာစာ တင်ထားပြီးရင် ကားရဖို့ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ၂၀၂၃ နှစ်မကုန်ခင်မှာ ကားအသစ်ကို ရတာသေချာအောင် ယခုကတည်းက မှာကြားကြရတာ ဖြစ်ပါတယ်။

 

 Ioniq 6 ကို  53.0 kWh နှင့် 77.4 kWh ဘက်ထရီဗားရှင်း ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ မော်တာမှာလည်း ဗားရှင်း ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ မော်တာတစ်လုံးတည်း နောက်ဘီးယက်နှင့် မော်တာ ၂ လုံး ၄ ဘီးယက်တို့ ဖြစ်ပါတယ်။  ကိုရီးယား ပြည်တွင်းဈေးကွက်အတွက် အခြေခံအဆင့် ဈေးနှုန်း $39,000 ကျော် ဖြစ်ပါတယ်။

 

Source: insideevs

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 1184 times