တောင်ကိုရီးအခြေစိုက် Hyundai ကားကုမ္ပဏီမှထုတ်လုပ်သည့် compact SUV ကားအမျိုးအစား (Kona) ကားသစ်ကိုမကြာမီမိတ်ဆက်ရောင်းချတော့မည်ဖြစ်သည်။
အသစ်စက်စက် Hyundai Kona ကိုလာမည့်အောက်တိုဘာလဆန်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျမထုတ်ပြန်သေးပါဘူး။
2.0L ဆလင်ဒါလေးလုံးထိုးဓာတ်ဆီအင်ဂျင်ကိုအသုံးပြုပါသည်။
အော်တိုဂီယာခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည် 110KW နှင့်ရုန်းအား 179NM ရှိပါသည်။
1.6L ဆလင်ဒါလေးလုံးထိုးတာဘိုချန့်ဓာတ်ဆီအင်ဂျင်နှင့်လည်းထုတ်လုပ်ပါသည်။
စွမ်းဆောင်ရည် 130KW နှင့်ရုန်းအား 265 Nm ရှိပါသည်။
ရပ်တည်နေရာမှ ၁၀ စက္ကန့်အတွင်းတစ်နာရီ ၁၀၀ ကီလိုမီတာနှုန်းအထိမြှင့်တင်နိုင်ပါသည်။
ကား၏အရှေ့ပိုင်းကို V Shape ပုံသဏ္ဍာန်ပုံဖော်ထားပြီး လေဝင်ပေါက်ကျယ်ဝန်းပါသည်။
ဆန်ခါရှဲလ်၏အပေါ်တွင် Hyundai ၏ logo တံဆိပ်တပ်ဆင်ပါသည်။
ရှဲလ်၏တစ်ဖက်စီတွင် ရှေ့မီးလုံးများကအတွင်းဘက်အထိရှည်လျားပါသည်။
Automatic head light စနစ်ထည့်သွင်းထားသည့်အတွက်ညမြင်ကွင်းများကိုအလိုအလျောက်ချိန်ညှိပြသ ပေးမည်ဖြစ်ပါသည်။
အဆင့်မြင့်ဖျော်ဖြေရေးစနစ်များအနေဖြင့်ဆက်သွယ်မှုနည်းပညာအမျိုးမျိုးပါဝင်ပါသည်။
ငါးလက်မ၊ ခုနှစ်လက်မ၊ ရှစ်လက်မနှစ်သက်ရာ Display screen တစ်ခုပါဝင်သည့် Android Auto and Car Play ကိုတပ်ဆင်နိုင်ပါသည်။
နောက်ဆုံးပေါ်လုံခြုံရေးကိရိယာအစုံအလင်ပါရှိပြီးယာဉ်မတော်တဆမှုကိုရှောင်ရှားလျော့ကျနိုင်စေမည့် ရေဒါနှင့်သုံးသည့်စနစ်များပါရှိပါသည်။
အလိုအလျောက်ဘရိတ်အသုံးပြုသည့်စနစ်နှင့်မောင်းနှင်သူသတိလက်လွတ်ဖြစ်တာကိုအချက်ပေးပြီးလမ်းချော်သွားသည့်အခါကားကိုလမ်းကြောင်းအမှန်ပြန်ထည့်ပေးနိုင်သည့် automatic high beam စနစ်ထည့်သွင်းထားသည်။
ကား၏စွမ်းဆောင်ရည်မှာ Hyundai i30 အမျိုးအစားကဲ့သို့အဆင့်မြင့်ကားအမျိုးအစားစွမ်းဆောင်ရည် များဖြစ်သည်။
ယာဉ်နောက်ပြန်ဆုတ်သည့်အခါလမ်းကွေ့မျက်နှာချင်းဆိုင်ယာဉ်ကြောင့်ယာဉ်ကြောနှင့်လမ်းထောင့်မှမမြင်နိုင်သည့်အဟန့်အတားများကိုသိရှိနိုင်ရန် Blind-Spot Collision Warning( BCW) ကိုပါထည့်သွင်းထားပါသည်။
အလွိုင်းဝှီးများကပွင့်ဖတ်ငါးခုပါသည့်ပန်းပွင့်ပုံစံခရိုမီယမ်အရောင်အသွေးဖြစ်ပြီး ကိုယ်ထည်နှင့်လိုက်ဖက်ပါသည်။
ယာဉ်နောက်ပိုင်းကျယ်ဝန်းသည့်အတွက်မိသားစုခရီးသွားရန်အဆင်ပြေသည့် SUV ကားအမျိုးအစားဖြစ်ပါသည်။
SRS အသက်ကယ်လေအိတ်စနစ်ပါရှိသည့်အတွက်လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။