အသစ်သစ်သော မွမ်းမံမှုတွေပြုလုပ်ထားသည့် Hyundai Sonata Limited 2.0T


အရင်က ဈေးသက်သာပြီး သင့်တင့်ကောင်းမွန်တဲ့ ကားမိုဒယ်တွေ ထုတ်လုပ်လေ့ရှိတဲ့ တောင်ကိုရီးယား ကားထုတ်လုပ်ရေးကုမ္ပဏီ Hyundai ဟာ

အခုနောက်ပိုင်းမှာတော့ ဇိမ်ခံကားတွေဘက်ကို ဦးလှည့်လာပါပြီ။ အကောင်းဆုံးနမူနာကတော့ Hyundai Sonata ဇိမ်ခံကားမိုဒယ်ပါပဲ။ Hyundai ဟာ တံခါးလေးပေါက် ဆီဒန်ကားမိုဒယ် Sonata ကို ၁၉၈၅

ခုနှစ်ကတည်းက ထုတ်လုပ်ဈေးကွက်တင်ခဲ့တာဖြစ်ပြီး မျိုးဆက်ခုနစ်ဆက် တိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ရဲ့ နယူးယော့ခ်ကားပြပွဲမှာတော့ ကားကိုယ်ထည်ရော အတွင်းခန်းကိုပါ အသစ်မွမ်းမံထားတဲ့

၂ဝ၁၈ မိုဒယ် Sonata ကားသစ်ကို ထပ်မံပွဲထုတ်ပြသခဲ့ပါတယ်။ အခုလက်ရှိ ဈေးကွက်ထဲရောက်ရှိနေပြီဖြစ်တဲ့ 2018 Hyundai Sonata ကို အခြေခံမိုဒယ် SE နဲ့ အဆင့်အမြင့်ဆုံးလို့ဆိုရမယ့် Limited 2.0T

အပါအဝင် Trim Level ခြောက်မျိုး ခွဲခြားထုတ်လုပ်ထားပါတယ်။

ရှေ့ဘီးယက်စနစ်သုံး Sonata ကားသစ်မှာ 2.4 Liter ၊ 1.6 Liter နဲ့ 2.0 Liter အင်ဂျင်တို့ကို Trim Level အပေါ်မူတည်ပြီး တပ်ဆင်ပေး ထားပါတယ်။ အဆင့်အမြင့်ဆုံး Sonata Limited 2.0T မှာတော့

2.0 Liter Twin-Turbocharged ဆလင်ဒါလေးလုံးထိုးအင်ဂျင် တပ်ဆင် ပေးထားပြီး မြင်းကောင်ရေ ၂၄၅ ကောင်အားအထိ ထုတ်လုပ်ပေးနိုင် တာကြောင့် Trim Level အားလုံးထဲမှာ စွမ်းအင်အများဆုံးပါပဲ။

ဂီယာကလည်း အင်ဂျင်အပေါ်မူတည်လို့ အပြောင်းအလဲရှိပြီး 2.0 Liter အင်ဂျင်တွေကို အသစ်ဖန်တီးထားတဲ့ Auto ဂီယာရှစ်ချက်နဲ့ တွဲဖက် တပ်ဆင်ပေးထားပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ အဲဒီဂီယာသစ်ဟာ

စွမ်း ဆောင်ရည်ပိုကောင်းပြီး ဆီစားလည်းပိုသက်သာစေပါတယ်။ ဒါ့ပြင် ကားမှာ စတီယာရင်ရဲ့ တုံ့ပြန်အား ပိုကောင်းအောင် ထပ်တိုးအဆင့်မြှင့် တင်ထားတာကြောင့် မောင်းနှင်မှုစွမ်းရည်နဲ့

ထိန်းသိမ်းမောင်းနှင်နိုင်စွမ်းကိုပါ ပိုပြီးကောင်းမွန်စေပါတယ်။ ဆီစားနှုန်းအနေနဲ့က မြို့တွင်းမှာ တစ် ဂါလန် ၂၃ မိုင်နဲ့ အဝေးပြေးလမ်းမှာ တစ်ဂါလန် ၃၂ မိုင်နှုန်းဖြစ်ပြီး စုစု ပေါင်းဆိုရင် တစ်ဂါလန် ၂၆ မိုင်နှုန်းအထိ

အသုံးပြုမောင်းနှင်နိုင်ပါတယ်။Limited မိုဒယ်တွေအပါအဝင် 2.0 Liter တပ်ဆင်ထားတဲ့ Trim Level တွေမှာ သိသိသာသာ တည်ငြိမ်ခိုင်မြဲတဲ့ Sport-tuned Suspension နဲ့ အထူးမွမ်းမံထားတဲ့

Electric Power Steering တို့ ပါဝင်တာကြောင့် ကားမောင်းနှင်သွားလာမှုကို ပိုပြီးတည်ငြိမ်စေပါတယ်။

ဆဌမမျိုးဆက်မိုဒယ်ရဲ့ ကိုယ်ထည်ဒီဇိုင်းကို အသွင်သစ်မွမ်းမံထား တဲ့ Sonata ဆီဒန်ကားသစ်မှာ ကိုယ်ထည်ရှေ့မျက်နှာစာကတော့ Hyundai Azeraရဲ့ ဆဌမမျိုးဆက်မိုဒယ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။

ပိုပြီးသစ်လွင်ခံ့ညားအောင် ဖန်တီးထားတဲ့ ကိုယ်ထည်ရဲ့ ရှေ့မျက်နှာစာမှာ အသိသာဆုံး ပြောင်းလဲသွားတာကတော့ ကားရဲ့ အရှေ့အလယ်ပိုင်းပုံစံ သစ်ပါပဲ။ ရှေ့မျက်နှာစာက ရေတံခွန်ပုံစံဖြာကျနေတဲ့ ဒီဇိုင်းအဖြစ်

တင် စားခေါ်ဝေါ်တဲ့ Cascading Grille(ရှဲလ်)မှာတော့ Hyundai Tucson နဲ့ Veloster တို့ရဲ့ အငွေ့အသက်တွေ တွေ့မြင်ရပေမဲ့ ရှဲလ်နေရာ အနေ အထားကတော့ အဲဒီကားတွေထက် နည်းနည်းပိုနိမ့်ပါတယ်။

အဲဒီ ဒီဇိုင်း ဟာ ခပ်သွယ်သွယ်ကားရှေ့မီးတွေကို ပိုလိုက်ဖက်ညီညွတ်စေပြီး ကားရဲ့ အလျားကိုလည်း ပိုပေါ်လွင်စေတာကြောင့် ကားအရှေ့ဘက်စွန်းကို ပိုပြီး ရှည်သွယ်သယောင် ဖြစ်စေပါတယ်။

အသစ်မွမ်းမံထားတဲ့ ကားရှေ့ဘမ်ပါ၊ LED Running Light တွေနဲ့ သိသာပေါ်လွင်တဲ့ ခပ်ချွန်းချွန်းပုံစံ ထောင့် စွန်းလေစုပ်ပေါက်တွေကလည်း ကားရှေ့မျက်နှာစာကို ပေါ့ပါးဖျတ်လတ် ပြီး အဆင့်မြင့်လှပတဲ့ ရုပ်ထွက်ကို

ပေါ်လွင်စေပါတယ်။ ကားစက်ဖုံးပေါ် က ကောက်ကြောင်းလိုင်းတွေကလည်း ပိုရှည်သွယ်ပြီး ပိုလည်းပေါ်လွင် လှပတာကြောင့် ကားရဲ့ သွယ်လျတဲ့သွင်ပြင်ကို ပိုထင်ရှားသိသာစေပါ တယ်။ ကားဘေးဘက်ကတော့

သိပ်အပြောင်းအလဲမရှိဘဲ Side Skirt တွေကိုပဲ ခပ်ပါးပါးမွမ်းမံထားပြီး Limited Trim အပါအဝင် 2.0 Liter Turbo အင်ဂျင်တပ် Sonata မိုဒယ်တွေမှာ ၁၈ လက်မအရွယ် ကားဘီး တွေကို Michelin တာယာတွေနဲ့

တွဲဖက်တပ်ဆင်ထားပါတယ်။ အရင်နဲ့ မတူဘဲ တခြားနေရာတွေထက် အထူးခြားဆုံး ကွဲပြားပြောင်းလဲသွား တာကတော့ ကားနောက်ပိုင်းပါပဲ။ လိုင်စင်ပလိတ်ပြားနေရာဟာ အရင် ထက်ပိုနိမ့်ပြီး ကားနောက်ဖုံးစွန်းမှာတော့

အရွယ်အစားပိုကြီးမားတဲ့ Hyundai အမှတ်တံဆိပ်လိုဂိုနဲ့ Sonata မိုဒယ်အမည်ကို အထင်အရှား ရေးထိုးတပ်ဆင်ထားပါတယ်။ အဲဒီထက်ပိုထူးခြားတာကတော့ အရင်လို ငြီးငွေ့စရာကောင်းတဲ့ ကားနောက်မီးပုံစံအစား

အဆင်မြင့်မြင့်မှန်ဘီလူး အထားအသိုနဲ့ ပိုသစ်လွင်တောက်ပတဲ့ ကားနောက်မီးဒီဇိုင်းသစ်ပဲဖြစ်ပါ တယ်။ အသစ်မွမ်းမံထားတဲ့ ကားအောက်ခံထည်အသစ်ကလည်း ကားရဲ့ မောင်းနှင်မှုစွမ်းရည်နဲ့ ထိန်းသိမ်းမောင်းနှင်နိုင်စွမ်းကို

ပိုတိုးတက်ကောင်း မွန်စေပါတယ်။

ကားကိုယ်ထည်ရဲ့ အသွင်သစ်နဲ့ လိုက်ဖက်ညီအောင် ဖန်တီးထားတဲ့ ကားအတွင်းခန်းမှာလည်း ကားဒက်ရှ်ဘုတ်ကို အသစ်မွမ်းမံထားပြီး စတီ ယာရင်၊ Gearshift နဲ့ Instrument Cluster တို့ကိုတင်မက Apple CarPlay နဲ့

Android Auto တို့ကိုလည်း အသစ်ဖန်တီးထည့်သွင်း ထားပါတယ်။ ဒါ့ပြင် Hyundai Blue Link Telematics System ကိုလည်း ထပ်တိုးအဆင့်မြှင့်တင်ပေးထားပါတယ်။ လူငါးယောက် လုံ လုံလောက်လောက်

လိုက်ပါစီးနင်းနိုင်အောင် ကျယ်ဝန်းတဲ့ ကားအတွင်း ခန်းမှာ ကားထိုင်ခုံတွေကို အပူ/အအေးပေးနိုင်အောင် စီမံထားပါတယ်။

၂ဝ၁၈ မိုဒယ် Hyundai Sonata ရဲ့ အခြေခံမိုဒယ်အတွက် ဈေးကို အမေရိကန်ဒေါ်လာ ၂၂,ဝ၅ဝ နဲ့အထက် သတ်မှတ်ထားပြီး အဆင့် အမြင့်ဆုံး Sonata Limited 2.0T ရဲ့ဈေးကတော့ ဒေါ်လာ ၃၂,၄၅ဝ နဲ့အထက် ဖြစ်ပါတယ်။

Hyundai ဟာ 2018 Sonata ကားသစ် အတွက် အချိန်ငါးနှစ်၊ ဒါမှမဟုတ် ခရီးမိုင်ခြောက်သောင်း အာမခံပေး ထားပါတယ်။ ဇိမ်ခံဆီဒန်ကားဈေးကွက်မှာ 2018 Hyundai Sonata ဆီဒန်ကားသစ်ရဲ့ အဓိကပြိုင်ဘက်တွေကတော့

Honda Accord နဲ့ Chevrolet Malibu တို့ပါပဲ။

Read 658 times