သမ္မတဂျိုကိုဝီက Tesla ကို အင်ဒိုနီးရှားမှာ အီးဗီများ ထုတ်လုပ်ရန် ပြောကြား
Tesla Model X လေဆိပ်အငှားယာဉ် ဂျာကာတာမြို့ေတာ် Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည် စောင့်ဆိုင်းနေစဉ် တွေ့ရပုံ (ဒီဇင်ဘာ ၁၄၊ ၂၀၂၀)
လျှပ်စစ်ကား ထုတ်လုပ်သူ Tesla သည် အင်ဒိုနီးရှားတွင် ဘက်ထရီတင်မကဘဲ ၎င်း၏ကားများကို ထုတ်လုပ်ရမည်ဟု အင်ဒိုနီးရှားသမ္မတက ကြာသပတေးနေ့ (ဩဂုတ် ၁၈)တွင် ပြောကြားခဲ့သည်။ သယံဇာတကြွယ်ဝသော အင်ဒိုနီးရှားနိုင်ငံမှ နီကယ်ထုတ်ကုန်များကို ဝယ်ယူရန်အတွက် Tesla ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ အရာရှိများက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် လျှပ်စစ်ကားများအတွက် "ကြီးမားသော ဂေဟစနစ်" ကို လိုချင်ကြောင်း သမ္မတ ဂျိုကို ဝီဒူဒူက Bloomberg သတင်းဌာနကို ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို အသုံးချရုံမျှကို မလိုလားကြောင်း ၎င်းက ပြောကြားသည်။ ဂျိုကိုဝီ လို့ လူသိများတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူက Tesla ထူထောင်သူ Elon Musk နှင့် အမေရိကန်မှာ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပြုရန် ဆွေးနွေးခဲ့ပါတယ်။
အစိုးရဝင်ငွေများ တိုးမြင့်လာစေရန် အင်ဒိုနီးရှားသည် ယခုနှစ်အတွင်း လျှပ်စစ်ကားဘက်ထရီအတွက် အဓိကကုန်ကြမ်းဖြစ်သော နီကယ်သတ္တု တင်ပို့မှုအပေါ် အခွန်စည်းကြပ်ရန် စဉ်းစားနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အခွန်တိုးမြှင့်ကောက်ခံခြင်းကို တတိယ ၃ လပတ် အစတွင် စတင်မည်ဟု ပြောကြားသည်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source:bangkokpost