အီးဗီထုတ်လုပ်သူများအတွက် မက်လုံးများပေးရန် အင်ဒိုနီးရှား စီစဉ်နေ


အီးဗီထုတ်လုပ်သူများအတွက် မက်လုံးများပေးရန် အင်ဒိုနီးရှား စီစဉ်နေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


အင်ဒိုနီးရှားသည် လျှပ်စစ်မော်တော်ကား  ထုတ်လုပ်သူများထံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မက်လုံးအသစ်များ အပြီးသတ်ရေးဆွဲနေကြောင်း၊ အစိုးရသည် Tesla နှင့် BYD ကဲ့သို့သော အဓိကကုမ္ပဏီများနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း အကြီးတန်းဝန်ကြီးဖြစ်သူ ရေကြောင်းရေးရာနှင့် သဘာဝအရင်းအမြစ် ညှိနှိုင်းရေးဝန်ကြီး Luhut Pandjaitan က အင်္ဂါနေ့ (ဇူလိုင် ၂၅)တွင် ပြောကြားခဲ့သည်။

ဒေသတွင်းပြိုင်ဖက် ထိုင်းနှင့် ဗီယက်နမ်တို့က ကမ်းလှမ်းထားသည့် မက်လုံးများကို စံနှုန်းအဖြစ် ထားရှိပြီး မက်လုံးများကို  သတ်မှတ်မည်ဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပေ။

အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးဖြစ်သော အင်ဒိုနီးရှားသည် အီးဗီ ထုတ်လုပ်သူများကို အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံမှု ပြုရန်အတွက် ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိသည်။

အင်ဒိုနီးရှားတွင် ကမ္ဘာ့အကြီးဆုံး နီကယ် သတ္တုသိုက် ရှိသည်။ နီကယ်သည် အီးဗီဘက်ထရီများ ထုတ်လုပ်ရန်အတွက် အရေးပါသည့် ကုန်ကြမ်းသတ္တု ဖြစ်သည်။

ထို့သို့ အရင်းအမြစ်များ ရှိနေသော်လည်း BYD အပါအဝင် တရုတ်အီးဗီလုပ်ငန်းများသည် အရှေ့တောင်ဒေသ၏ မော်တော်ယာဉ် ထုတ်လုပ်မှု အချက်အချာဖြစ်သော ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည်။

Luhut က သူသည် ကြာသပတေးနေ့တွင် တရုတ်နိုင်ငံ ချန်ဒူးမြို့တွင် BYD အမှုဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားသည်။

Tesla ၏အမှုဆောင်အရာရှိချုပ် Elon Musk နှင့် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာဩဂုတ် ၃ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ၎င်းက ပြောကြားသည်။

Source cna
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 247 times