Iron Man Edition အဖြစ် အထူးထုတ်လုပ်ထားသည့် 2019 Hyundai Kona SUV


Hyundai သည် နိုင်ငံတကာတွင်ရေပန်းစားနေသော Marvel ရုပ်ရှင်၏ ဇာတ်ကောင်တစ်ဦးဖြစ်သည့် Iron Man ကို ဂုဏ်ပြုသည့်အနေဖြင့် ထုတ်လုပ်နေကျ Kona SUV ကို Iron Man Edition အဖြစ် ထူးခြားဆန်းသစ်စွာ ချပြခဲ့သည်။

မိတ်ဆွေအနေဖြင့် SUV မော်ဒယ်တွေကို စိတ်ဝင်စားပြီး Marvel ပရိတ်သတ်အကြီးစားဖြစ်မည်ဆိုလျှင် Hyundai ၏ Kona Iron Man Edition မှာ အလွန်စိတ်ဝင်စားစရာကောင်းနေမည်ဖြစ်သည်။

Kona Iron Man ၏ ဒီဇိုင်းပိုင်းမှာ Tony Stark ၏ဝတ်စုံကို အခြေခံထားခြင်းဖြစ်ပြီး ကားဘော်ဒီ အများစုကို မီခိုးရောင်ရင့်နှင့် အချို့နေရာများကို တောက်ပသည့် အနီရောင်ဖြင့် ခန့်ညားသာဒီဇိုင်းကို တွေ့နိုင်မည်ဖြစ်သည်။

ကားအပြင်ပိုင်းတွင် ဆန်းသစ်သည့် LED Lighting၊ Fenders မှာ Iron Man တံဆိပ်၊ rear Liftgate door ပေါ်တွင် Iron Man စာသားနှင့် roof spoiler ပေါ်တွင် Marvel စာသား၊ ၁၈ လက်မ Iron Man ရုပ်ပုံပါဘီးနှင့် ကားအမိုးကိုတော့ ကြီးမားသည့် Iron Man Mask ပုံစံအတိုင်းအဓိက ဒီဇိုင်းဆင်ထားခြင်းဖြစ်သည်။

Hyundai အနေဖြင့် Kona Iron Man ကို နှစ်မျိုးနှစ်စား ရောင်းချသွားမည်ဖြစ်ပြီး FWD (ရှေ့ဘီးယက်) ကို $31,595 နှင့် AWD (ဘီးစုံယက်)ကို $32,995 တို့ဖြင့် အသီးသီး ဝယ်ယူနိုင်မည်ဖြစ်သည်။

Read 551 times