The Cannonball Run ပထမရုပ်ရှင် အောင်မြင်သွားတော့ နောက်ထပ် နောက်ဆက်တွဲ ရုပ်ရှင်တစ်ကား ထပ်ရိုက်တော့ ဂျက်ကီချန်းက ပထမရုပ်ရှင်ကားတုန်းက သုံးခဲ့တဲ့ Subaru ကို မသုံးတော့ဘူး။ Mitsubishi Starion ပြောင်းသုံးတယ်။
သူနဲ့ စာချုပ်ထားတဲ့ Mitsubishi ကို သူက “ကျွန်တော် Mitsubishi တစ်စီး လိုချင်တယ်” လို့ တောင်းယူပြီး ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို Mitsubishi ကားနဲ့ ရိုက်ကူးခဲ့တယ်။
Mitsubishi ရဲ့ အင်ဂျင်နီယာတစ်ဦးအဖြစ် သရုပ်ဆောင်ရတယ်။ ကားထဲမှာ နည်းပညာတွေနဲ့ စက်ပစ္စည်းတွေ တပ်ဆင်တာကို နီးနီးကပ်ကပ် လေ့လာခွင့် ရရှိခဲ့တယ်။ ရော့ကက်တစ်ခု တပ်တယ်။ စကားပြောတဲ့ ကွန်ပျူတာ တစ်လုံးလည်း တပ်ဆင်တယ်။ ရေထဲရောက်ရင် ရေငုပ်သင်္ဘောအဖြစ် ပြောင်းလို့ရအောင် လုပ်ထားတယ်။
Mitsubishi က ရုပ်ရှင်ရိုက်ဖို့အတွက် Mitsubishi ကားတွေ ပေးအပ်တဲ့အပြင် ဂျက်ကီချန်း စီးဖို့ ကားတစ်စီးကိုပါ လက်ဆောင်ပေးတယ်။
ဂျက်ကီချန်း စိတ်တိုင်းကျ ဆင်ပေးထားတဲ့ Mitsubishi Starion ဖြစ်ပြီး 2.0-litre 4G63 တာဘိုအင်ဂျင် ထိုင်ပေးထားတယ်။ တံခါးတွေမှာ သူ့ရဲ့ ထိုးမြဲလက်မှတ် ဖော်ပြပေးထားတယ်။ ဂျက်ကီချန်းအတွက် အထူးတလည် လုပ်ကိုင်ပေးထားတဲ့ကားဖြစ်ကြောင်းလည်း တံဆိပ်ကပ်ပေးထားတယ်။
ဂျက်ကီချန်းရဲ့ ရုပ်ရှင်တွေမှာ ရှေ့ပြေးပုံစံအဆင့်ပဲ ရောက်သေးတဲ့ Mitsubishi ကားကို ဇာတ်ဝင်ခန်းတွေမှာ ထည့်သုံးပေးတယ်။