ဂျက်ကီချန်းနဲ့ မစ်စူဘီရှီ အပိုင်း(၃)


 

၂၀၀၇ ခုနှစ် ဝန်းကျင်မှာ ဂျက်ကီချန်းက သူ့ဘလော့မှာ သူနဲ့ Mitsubishi တို့အကြား ဆက်ဆံရေး အရမ်းကောင်းမွန်ကြောင်း ရေးသားခဲ့တယ်။
တရုတ်နိုင်ငံမှာ The Forbidden Kingdom ကို ရုပ်ရှင်ရိုက်ကူးတော့ သူနဲ့ သူ့အဖွဲ့မှစတန့်မင်းသားတွေအတွက် Mitsubishi Pajero တစ်စီး တောင်းခံတယ်။

ကုမ္ပဏီက ချက်ချင်း စီစဉ်ပေးတယ်။ အဲဒီနောက်ပိုင်း Mitsubishi Pajero က ဂျက်ကီချန်း အကြိုက်ဆုံး SUV  ဖြစ်လာပြီး Mitsubishi Pajero ကိုပဲ ထည်လဲ စီးတယ်။

 

 

သူက Mitsubishi Pajero ကို SUVတို့ရဲ့ ဘုရင်  “King of SUVs” လို့တောင် ခေါ်ဝေါ်တယ်။ 

 

 

၁၉၉၁ ခုနှစ်မှာ Armour of God 2: Operation Condor ရုပ်ရှင် ရိုက်တဲ့အခါ Pajero တစ်စီး ထပ်တောင်းခံ ရယူပြီး ရုပ်ရှင် ဇာတ်ဝင်ခန်းတွေနဲ့ ကိုက်ညီပြီး အံဝင်ခွင်ကျ ဖြစ်အောင် စိတ်တိုင်းကျ မွမ်းမံတယ်။ ကားက ရေထဲရောက်သွားရင် မော်တော်ဘုတ် ဖြစ်သွားတယ်။ ကားနောက်ဘက်မှာ မော်တော်ဆိုင်ကယ် ချိတ်တယ်။ မှန်တွေအစား အလုံပိတ် သတ္တုပြားတွေ တပ်တယ်။

 

 


သူ့ရဲ့ ကားဒီဇိုင်းက Mitsubishi Pajero Evolution  လို့ အမည်တွင်တယ်။
 

Read 783 times