မူပိုင်ခွင့်တိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ Jaguar ရဲ့ Range Rover Evoqu


ကမ္ဘာကျော် ဇိမ်ခံပစ္စည်းတွေကို ပုံတူပွားပြီးအခြား တခြားနေရာကနေထုတ်မယ်ဆိုရင်တော့ စိတ်အနှောင့်ယှက်ဖြစ်ကြမှာပါ။ ဥပမာ Rolex လိုနာရီတွေ Louis Vuitton လိုလက်ဆွဲအိပ်တွေလိုတွေပေါ့။ Range Rover Evoque လဲ အခုလို ဖြစ်နေခဲ့ပါပြီ။

လွန်ခဲ့သော ၃ နှစ်လောက်က Jaguar Land Rover ကား ကို တရုတ်ကုမ္ပဏီတစ်ခုက ပုံစံတူပြုလုပ်ပြီး မှုရင်းကားရဲ့ လေးပုံတစ်ပုံကျော်သာရှိသောဈေးနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ယခုအခါ တရုတ် တရားရုံးက Jaguar Land Rover ကို အနိုင်ပေးခဲ့ပြီး တရုတ်ကုမ္ပဏီဖြစ်တဲ့ Jiangling Motor Corporation (JMC) ကို Landwind X7 ကားအား ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းကို ရပ်တန့်ဖို့နဲ့ JLR ကို လျှော်ကျေးငွေပေးဖို့ အမိန်ချမှတ်ခဲ့ပါတယ်။

Landwind X7 ကားမှာ ပုံစံတူကူးချမှု အတိအကျ ၅ မျိုးလောက် တွေရှိခဲ့တယ်လို့ ပေကျင်းတရားရုံးက ပြောဆိုဆုံးဖြတ်ခဲ့ပါတယ်။ X7 ဟာ JLR နဲ့ စတိုင်ရော၊ တံဆိပ်ပါမှာသုံးထားတဲ့ font တို့ပါအလွန်တူညီခဲ့ပါတယ်။ ယင်းကားကို JRL နဲ့အပြိုင် ၂၀၁၅ ခုနှစ်ထဲက ရောင်းချခဲ့တာဖြစ်ကြောင်း သိရပြီး ထုတ်ပြန်ချက်ထဲမှာတော့ “ဆင်တူကားနှစ်စီးက သုံးစွဲသူတွေဆီကို ဇဝေဇဝါဖြစ်နဲ့ ပျံနှံ့ခဲ့ပါတယ်” ဆိုပြီးပြောကြားခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။

Jaguar Land Rover ရဲ့ဖော်ပြမှုမှာတော့ ဒါကကားလောကအတွက်တော့ ပုံတူပြုမှုတာဟာ ပထမအကြိမ် မဟုတ်တော့ပေမဲ့ စီရင်ချက်ကတော့ပထမအကြိမ် ပဲဖြစ်တယ်လို့သိရပါတယ်။JLR ရဲ့ ထိပ်တန်းရှေ့နေဖြစ်တဲ့ Keith Benjamin က ဒီအမိန့်ချမှတ်မှုဟာ ကျွန်မတို့ရဲ့ သုံးစွဲသူတွေကို လျှော်ကန်စွာ စတင်ကာကွယ်ဖို့အတွက် ရှင်းလင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

သူတို့ရဲ့ အခွင့်အရေးတွေကို အတည်ပြုနိုင်ပါပြီ ဒီတော့ ဇဝေဇဝါဖြစ်တာတွေ ထင်ရောက်ထင်မှားဖြစ်စရာမလိုတော့ဘူး။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ design နဲ့ တီထွင်ဖန်တီးနိုင်မှုကိုလည်း ကာကွယ်ရာရောက်ပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။

Related image

 

 

Image result for Land win

 

 

 

Automobile Directory

 

Ref;Drive.com

Read 954 times