အဆင့်မြင့်မြင့်နဲ့ ခပ်ကြွားကြွားစီးနင်းလိုသူတွေအတွက် တော်ဝင်သုံး Jaguar XJ


လူလတ်ပိုင်းကနေပြီး လူကြီးအတွင်းမှာ အဆင့်မြင့်မြင့်နဲ့ဇိမ်ခံကားတစ်စီးကို ပိုင်ဆိုင်ဖို့စဉ်းစားလာခဲ့ပြီဆိုရင် Jaguar XJ ကိုစဉ်းစားဖို့အကြံပေးချင်ပါတယ်

တည်ငြိမ်ရင့်ကျက်တဲ့ဟန်ပန်၊ စွဲမက်ဖွယ်ကောင်းကြောင်း တွေနဲ့ မြင်သူငေးစေရမယ့် full-size luxury type အမျိုးအစား XJ series တွေကို ဗြိတိန်အခြေစိုက် Jaguar Land Rover အနေနဲ့ ၁၉၆၈ခုနှစ်ကတည်းက စတင်ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ စတင်ထုတ်ပြီး ၂ အကြာဖြစ်တဲ့ ၁၉၇၀ကစလို့ Jaguar ရဲ့အကောင်းစာထုတ်ကုန်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ကားလည်းဖြစ်ပါတယ်။

မူလကနဦး မော်ဒယ်မှာတော့ JLR ရဲ့တည်ထောင်သူ Sir William Lyons ရဲ့အကောင်းဆုံးဖန်တီးမှုတွေကို အိတ်သွန်ဖာ မှောက်ထည့်သွင်းခြင်းခံခဲ့ရတဲ့ နောက်ဆုံးသောထုတ်ကုန်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မိသားစုတွေနဲ့ ဗြိတိန်ဝန်ကြီးချုပ်တွေတောင် အသုံးပြုခဲ့တဲ့ကားအဖြစ် မှတ်တမ်းတင်ထား နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုမိတ်ဆက်ပေးမယ့် ၂၀၁၂မော်ဒယ်ကတော့ စတုတ္ထမျိုးဆက်လို့ဆိုရမှာဖြစ်ပြီး ၂၀၀၉ခုနှစ်ကစလို့ လက်ရှိအ ထိထုတ်လုပ်ပေးနေပါတယ်။ ကားရဲ့ရုပ်ထွက်ပိုင်းကတော့ ပြောစရာမရှိအောင်ကို ကောင်းမွန်လှပြီး စွမ်းဆောင် ရည်မြင့်မြင့်လိုချင်သူတွေအတွက်လည်းကားရဲ့ကိုယ်ထည်အတွက် လေခွင်းအားကိုအကောင်းဆုံးထောက်ပံ့ပေးထားတဲ့ ကောက်ကြောင်း တွေနဲ့ပုံဖော်ထားပြီး အဆင်ပြေစေခဲ့တာ ကိုအထင်းသားတွေ့မြင်ရစေမှာဖြစ်ပါတယ်။

ဒါ့အပြင်ကားရဲ့ကိုယ်ထည်ကိုလည်း အလူမီနီယံအသားပေးတည် ဆောက်ထားခဲ့လို့ ပေါ့ပေါ့ပါးပါးနဲ့မောင်းနှင်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ကားရဲ့ရုပ်ထွက်ပိုင်းကိုကြည့်လိုက် မယ်ဆိုရင်လည်း သွယ်သွယ်လျလျနဲ့ ခေတ်ရှေ့ပြေးပုံစံကိုတွေ့မြင်ရစေမှာဖြစ်ပါတယ်။ ကားရဲ့ဘေးဘက်တံခါး အောက်ကနေရှေ့ဘက်ကိုသွယ်တန်းပေးထားတဲ့ကောက်ကြောင်းကတော့ ကားလောကမှာလူကြိုက်များထင် ရှားလှတဲ့ teardrop ဒီဇိုင်းပဲဖြစ်ပြီး တစ်ချိန်တုန်းကနာမည်ကျော်ကို ပြန်လည်ဆန်းသစ်ထားတာပဲဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၃၀၀၀ စီစီဖြစ်တာကြောင့် ဆီအရမ်းကြီးစားဖို့စိုးရိမ်စရာမလိုတာလည်း အမှန်ပါ။

Author-N.L.A

Read 702 times