James Bond ကို ဘေးလွတ်ရာ ရောက်စေခဲ့တဲ့ Toyota Prado
နောက်ဆုံးထွက် ရုံတင်ပြသတဲ့ No Time To Die ရုပ်ရှင်မှာ ဟီးရိုး James Bond ကို ပေးစီးထားတဲ့ကားက Toyota Prado ဖြစ်ပါတယ်။
007 James Bond ရုပ်ရှင် No Time To Die ထဲမှ Toyota Prado သည် အခြေအနေ အမျိုးမျိုးတိုင်းမှာ ၎င်း၏စွမ်းရည်ကို ပြသထားပါတယ်။ အဲဒီ Toyota Prado က 2021 ထုတ်မော်ဒယ် မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်လွန်မှာ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်အဟောင်း ဖြစ်ပါတယ်။
ရုပ်ရှင်မင်းသား Daniel Craig က နောက်ဆုံးထွက် 007 ဇာတ်ကား 'No Time to Die' တွင် ဗြိတိန်သူလျှို 007 အဖြစ် သရုပ်ဆောင်ပါတယ်။ စာရေးဆရာ Ian Fleming ရေးသားတဲ့ စုံထောက်သူလျှို ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ဖန်တီးတဲ့ ဂျိန်းဘွန်း ရုပ်ရှင်ကားတွေမှာ Daniel Craig အနေဖြင့် ပဉ္ဏမအကြိမ်မြောက် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အခု 'No Time to Die' မှာ ဂျိန်းဘွန်းအဖြစ် နောက်ဆုံးအကြိမ် သရုပ်ဆောင်တာလို့ ဆိုပါတယ်။
ဂျိမ်းစ်ဘွန်းက လျို့ဝှက်သူလျိုအဖြစ် တာဝန်ထမ်းဆောင်ခြင်းမှ နှုတ်ထွက်ပြီး ဂျမေကာတွင် သူ၏အေးချမ်းသောဘဝနေထိုင်ခြင်းဖြင့် စတင်ပါတယ်။ ဒါပေမဲ့ CIA မှ Bond ရဲ့ မိတ်ဆွေဟောင်း Felix Leiter ရောက်လာပြီး James Bond ကို အကူအညီတောင်းသောအခါ အလုပ်ပြန်လုပ်ရပါတယ်။
စူပါသူလျှို James Bond က ပြန်ပေးဆွဲခံရတဲ့ ဇီဝသိပ္ပံပညာရှင်ကို ကယ်တင်ပေးရမှာ ဖြစ်ပါတယ်။
လျှို့ဝှက်ဆန်းကြယ်သော ဗီလိန်လူဆိုးမှာ အန္တရာယ် ကြီးမားသော ဇီဝနည်းပညာအသစ် ရှိနေပါတယ်။
အဲဒီဇာတ်နောက်ခံမှာ ကားတွေ တရကြမ်းမောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။
James Bond မောင်းတဲ့ကားကို နောက်ဆုံးထုတ် Land Rover Defender တွေနဲ့ လိုက်ကြတယ်။
Land Rover Defender အသစ်က လမ်းမဟုတ်တဲ့ နေရတွေမှာ အကြမ်းခံနိုင်ပုံတွေကို ရုပ်ရှင်တွေထဲမှာ မြင်တွေ့ရပါတယ်။ အပြင်မှာလည်း ကမ္ဘာ့နေရာအချို့မှာ ထုပေနာပေ ခံနိုင်ရည်ကို အပြင်းအထန် စမ်းသပ်ထားပါတယ်။ လက်တွေ့ စမ်းပြီး အကြမ်းခံတဲ့ ခံနိုင်ရည် မြင့်မားတဲ့ကား အမျိုးအစား ဖြစ်ပါတယ်။
Defender အသစ်က မြေပြင်မှ မြောက်တက်ပြီး မြစ်များနှင့် ရွှံ့နွံများကို အရှိန်အဟုန်ဖြင့် ထိုးဆင်း မောင်းနှင်သွားတဲ့ ဇာတ်ဝင်ခန်းတွေဟာ အပြင်မှာလည်း အလားတူ ခံနိုင်ရည် ရှိပါတယ်။
Land Rover Defender အသစ်တွေ Range Rover SVR တွေနဲ့ ဗီလိန်းတွေက James Bond ရဲ့ ကားနောက်ကို လိုက်ကြတယ်။ James Bond က သူ့ရဲ့ ချစ်သူ၊ သူ့သမီးတို့နဲ့အတူ မောင်းပြေးရတဲ့ကားက ၁၉၉၀ ပြည့်နှစ်လွန်မှာ ထုတ်လုပ်ခဲတဲ့ Toyota Prado ဖြစ်ပါတယ်။