ရုရှားသို့ ကားတင်ပို့မှု ဂျပန်အစိုးရ ကန့်သတ်


ရုရှားသို့ ကားတင်ပို့မှု ဂျပန်အစိုးရ ကန့်သတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

1900cc အထက် ကားများ၊ ဟိုက်ဘရစ်များနှင့် EV များကို ရုရှားသို့ ဂျပန်မှ တင်ပို့ခြင်း မပြုရန် ဂျပန်အစိုးရက  တားမြစ်မည်။

ဂျပန်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့မည်ဖြစ်ပြီး စစ်ဘက်တွင် အသုံးပြုနိုင်သည့် ပစ္စည်းအများအပြားကို တင်ပို့မှုကို ပိတ်ပင်မည်။ သံမဏိ၊ ပလပ်စတစ်ထုတ်ကုန်များနှင့် အီလက်ထရွန်နစ် အစိတ်အပိုင်းများလည်း တားမြစ်သည့်အထဲ ပါဝင်မည်။

ထို့အပြင် ဟိုက်ဘရစ် အားလုံးနှင့် လျှပ်စစ်ကားများ အားလုံးလည်း တားမြစ်သည့် စာရင်းတွင် ပါဝင်ပါသည်။ အင်ဂျင်ကားများကို 1900cc နှင့် အထက်ကို တားမြစ်ပါသည်။

၂၀၂၃ ဩဂုတ်လ ၉ ရက်တွင် စတင်သက်ရောက်ပါမည်။

တိုယိုတာနှင့် နစ်ဆန်းတို့သည် ရုရှားတွင် ထုတ်လုပ်မှု ရပ်ထားကြပါသည်။
ဂျပန်ကားအချို့ ရုရှားနိုင်ငံအတွင်း ဆက်လက်ရောင်းချလျက်ရှိသည်။ သို့သော် ဂျပန်ကားအများစုကို တရုတ်ပြည်မှ တင်သွင်းပြီး ရောင်းချကြခြင်း ဖြစ်သည်။ ကားအရောင်းလုပ်ငန်းများက တပတ်ရစ်ကားများအဖြစ် တင်ပို့ကြသည်။

မကြာသေးမီက သုတေသနပြုချက်များအရ ယူကရိန်းစစ်ပွဲသည် ရုရှားမှ ကားလုပ်ငန်းကဏ္ဍကို ထိခိုက်ခဲ့ကြောင်း သိရသည်။
ယူကရိန်းကို မကျူးကျော်မီက ရုရှားမှ ကားသုံးစွဲသူများသည် တစ်လလျှင် ကားအစီးရေ ၁ သိန်းဝန်းကျင် ဝယ်ယူကြသည်။ ယခုအခါ ၂၅,၀၀၀ ဝန်းကျင်သာ ရှိတော့သည်။

Lada ကဲ့သို့သော ပြည်တွင်းထုတ်လုပ်သူများသည် ရောင်းအားပိုကောင်းလာသည်ကို တွေ့ရသည်။
အနောက်တိုင်း မော်တော်ကား တံဆိပ်များ ရုရှားမှ ထွက်ခွာသွားခြင်းကြောင့် လစ်ဟာသွားသည့်နေရာကို တရုတ် မော်တော်ကား ကုမ္ပဏီများက နေရာဝင်ယူကြသည်။
 ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်ပြည်မှ ကားတင်ပို့မှု ယမန်နှစ်ထက် ၃ ဆ ဖြစ်လာခဲ့ပြီး အစီးရေ ၁၄၀,၀၀၀ ဝန်းကျင် တင်ပို့ခဲ့သည်။ ရုရှားဈေးကွက်တွင် Geely ၏ ကား brand များ ရောင်းအား ၈၈% မြင့်တက်ခဲ့သည်။
 
ပြည်ပမှ တန်းမြင့် စည်းစိမ်ကားများသည် ရုရှားသို့ ရောက်ရှိလာနေဆဲ ဖြစ်သည်။ Rolls-Royce, Ferrari,  Chevrolet မော်ဒယ်များကို တင်သွင်းနေကြဆဲ ဖြစ်သည်။ ၎င်းကားများကို ရုရှားနှင့် မိတ်ဘက်ကျသည့် နိုင်ငံများမှတဆင့် တင်သွင်းကြသည်။
 Source carscoop
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 265 times