ဂျပန်ဧကရာဇ် အသစ်အတွက် ရည်ရွယ်ပြီး Century Convertible ကို တစ်စီးတည်းသာ Toyota ထုတ်လုပ်


ဂျပန်ထီးနန်း၏ ဧကရာဇ်နေရာသို့ ဆက်ခံသည့် ဧကရာဇ်အသစ် Naruhito (`၎င်းသည် ၁၂၆ ယောက်မြောက် ဂျပန်အင်ပါယာ၏ ဧကရာဇ်ဖြစ်သည် ) ၏ နန်းတက်ခြင်းအထိမ်းအမှတ်အနေဖြင့် Toyota မှ ( Custom – Built Convertible Century ) အား Century ၏ သမိုင်းတpfလျှောက်တွင် တpfစင်းတည်းအနေဖြင့် ထူးခြားစွာ ထုတ်လုပ်ပေးခဲ့ပါသည်။

အဆိုပါ Convertible Century အား ဂျပန် ဧကရာဇ်သီးသန့်သုံးအဖြင့်သာ ထုတ်လုပ်မည်ဖြစ်ပြီး အခြားမည်သည့် နေရာ ၊ မည်သည့် ဈေးကွက်တွင်မျှ ထုတ်လုပ်ရောင်းချမည်မဟုတ်ဟု Toyota မှ ပြောကြားထားပါသည်။ 

အဆိုပါ Century အသစ်အား နန်းတက်လာသည့် ဧကရာဇ် စီးနင်းရန်အတွက် သီးသန့်ရွေးချယ်ထုတ် လုပ်ထားခြင်း ဖြစ်ပြီး ( Custom – Added ) ဖြစ်သည့် ပါဝင်မှုများစွာ ပါရှိမည်ဖြစ်ကာ ( Convertible Roof ဖွင့် ၊ ပိတ်နိုင်သည့် အမိုး ) အား ပထမဆုံးအနေဖြင့် တပ်ဆင်ထားမည် ဖြစ်ပြီး ဧကရာဇ် နှင့် မိဖုရားတို့ အမိုးဖွင့်ပြီး လိုက်ပါစီးနင်းနိုင်ရန်အတွက် ရည်ရွယ်သည်။

၎င်းတွင် အထူးအဆင့်မြင့် နည်းပညာသုံး လုံခြုံရေးစနစ်များနှင့် High – Level Performance ဆိုင်ရာများစွာ ပါရှိမည်ဖြစ်သည်။ အလားတူ စွမ်းဆောင်ရည် အထူးကောင်မွန်ပြီး Efficiency ပြည့်ဝသည့် အင်ဂျင်စနစ် ကိုလည်း ထည့်သွင်းထားပါမည်။

ပထမဦးဆုံး Toyota Century အား 1967 တွင် စတင်ထုတ်လုပ်ခဲ့ပြီး Toyota ကို တည်ထောင်သူ ( Mr Sakichi Toyota ) ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ခဲ့သည်။ 2018 တွင် 1997 မှ စတင်ထုတ်လုပ်ခဲ့သည့် Century ၏ ပုံစံအသစ် ဖြစ်သည့် Remodeled Century အား မိတ်ဆက်ခဲ့ပြီး ၎င်းတွင် Hybrid V8 Engine ကို ပထမဆုံး အသုံးပြုခဲ့ကာ ဂျပန်ယန်းငွေ ( 19800000 ) ခန့် ( USD 15000 ) ဖြင့် ရောင်းချခဲ့ပါသည်။

 

Read 1333 times