FCA သည် ၎င်းတို့ပိုင်ဆိုင်သော Jeep ကားအမှတ်တံဆိပ်ထဲမှ Wrangler မိုဒယ်ကို ၂၀၂၀ ပြည့်နှစ်တွင် ဘက်ထရီစွမ်းအင်နှင့် တွဲသုံးရသည့် Plug-in Hybrid အမျိုးအစားအဖြစ် စတင်ထုတ်လုပ်သွားမည်ဟု သြဂုတ် ၂၀ ရက်တွင် NewAtlas သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
FCA သည် ၂၀၂၂ ခုနှစ်မတိုင်မီ လျှပ်စစ်ကားမိုဒယ်အမျိုးအစားပေါင်း ၃၀ ထုတ်လုပ်ရန် စီစဉ်ထားရာ Jeep Wrangler Plug-in Hybrid ကတစ်ခုအပါအဝင်ဖြစ်လာခြင်းဟု သိရသည်။
လက်ရှိတွင် Jeep Wrangler ကိုလောင်စာဆီစွမ်းအင်သုံးအင်ဂျင်နှင့်သာ ထုတ်လုပ်နေပြီး Plug-in Hybrid အဖြစ်ပြောင်းလဲရန် အဓိကအစိတ်အပိုင်းများကို အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်ရှိ Toledo Machining Plant စက်ရုံတွင် ထုတ်လုပ်သွားမည်ဖြစ်သည်။
Jeep Wrangler Plug-in Hybrid အတွက် Power Electronics Module ကို အဆိုပါစက်ရုံတွင် စမ်းသပ်ထုတ်လုပ်ပြီး အနီးရှိ Toledo Assembly Plant သို့ပို့ဆောင်ကာ တပ်ဆင်ထုတ်လုပ်သွားမည်ဟု သိရသည်။
Jeep Wrangler ဧ။်ကြီးမားလေးလံသည့်ဒီဇိုင်းကြောင့် လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနိင်သော ခရီးအကွာအဝေးလျော့နည်းနိင်ခြေရှိရာ ဘက်ထရီအုံအရွယ်အစားကို ပိုကြီးအောင် ပြုလုပ်တပ်ဆင်သွားဖွယ်ရှိနေသည်။.